အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၆ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၃၆:၄၈
1344075

ပဲခူးတွင် PDF များ လက်နက်လာအပ်ရန် စစ်ကောင်စီ ကြေညာ

ပဲခူးတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်တပ်က PDF တွေကို လက်နက်လာအပ်ဖို့ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပဲခူးတိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်တပ်က PDF တွေကို လက်နက်လာအပ်ဖို့ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ထားတဲ့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တာလို့ ထန်းတပင်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်တွေရှိရင် လာအပ်ဖို့၊ တုတ်၊ ဓား၊ လက်နက်မကိုင်ဖို့၊ လူစုလူဝေးမလုပ်ဖို့ လိုက်အော်တာ စစ်တပ်ရော၊ ရဲရောပါတယ်။”

အုတ်ဖိုမြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် သတ်မှတ်ကြောင်းကို ဒီနေ့မနက်ပိုင်းမှ စတင်ကာ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ည ၉ မနက် ၄ အပြင်မထွက်ရ၊ စစ်တပ်ကစစ်ဆေးရင် အေးဆေးခံယူဖို့၊ စစ်သားတွေ ရဲတွေကို မနှောင့်ယှက်ဖို့ ကြေညာတာ။”

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နယ်မြေဖြစ်တဲ့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်းမြို့၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို ဖေဖော်ဝါရီ ၃ ရက်က စတင်ကာ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် ထုတ်ပြန်ကြေညာခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ၃၇ မြို့နယ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာခဲ့တဲ့ မြို့နယ် ၃၇ မြို့နယ်ကတော့ ကယားပြည်နယ် ၄ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ၅ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၅ မြို့နယ်၊ စစ်ကိုင်း ၁၁ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့ ဖြစ်ပါတယ်။

****************************************************************
END / 251