အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ ဖေဖော်ဝါရီ ၂၀၂၃

၁၂:၃၄:၄၈
1344952

ဆီးရီးယားတွင် ငလျင်လှုပ်ခတ်ပြီးနောက် ISIS အကြမ်းဖက်သမား အယောက် ၂၀ ထောင်မှလွတ်မြောက်

ISIS အကြမ်းဖက်သမား များသည် ဆီးရီးယား နိုင်ငံ ၏ ငလျင် ဒဏ်ခံ ရသော ဧရိယာ ရှိ အကျဥ်းထောင် တစ်ခု မှ လွတ်‌မြောက် သွား ကြကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပြင်သစ်မီဒီယာများ၏  ဖော်ပြချက်အရ ဤအဖြစ်အပျက်ဟာ ဆီးရီးယား နိုင်ငံ  အနောက်မြောက်ပိုင်းဒေသမှာ ဖြစ်ခဲ့ကြောင်း သိရှိရပါတယ် ။ ငလျင်လှုပ်ခတ်ပြီးနောက် ISIS အကြမ်းဖက်သမား အယောက် ၂၀ သည် ရဂျူ အကျဉ်းထောင်မှ လွတ်မြောက်နိုင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထား ကြောင်းသိရှိရပါတယ်။

အကျဉ်းထောင်တွင် အကျဥ်းသား ၂ ထောင်ရှိပြီး အများစုမှာ ISIS အကြမ်းဖက်အဖွဲ့မှ ဖြစ်သည်ဟု ဆိုထား ပါတယ်။

တူရကီနယ်စပ်အနီးရှိ အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ငလျင်လှုပ်ခတ်ပြီးနောက် အကျဉ်းသားများသည် ပုန်ကန်မှု ပြုခဲ့ပြီး အကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းမှ ဆက်လက်ပြီး ဒီအကျဉ်းထောင်မှာ ISIS အကျဉ်းသား ဆယ့်သုံးရာကျော်ရှိတယ်လို့ သူက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ငလျင်ဒဏ်ခံရသော ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦး များအတွင်း ပိနေသည့် သူများ ကို ကယ်တင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေသည့် အခြေအနေတွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

****************************************************************

END / 251