အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ ဖေဖော်ဝါရီ ၂၀၂၃

၀၈:၃၆:၅၈
1345167

ဆီးရီးယားသို့ အကူအညီများ မရောက်အောင် အမေရိကန်မှ ပြုလုပ်နေ / ဆီးရီးယားသမ္မတ ဗရှာရ်အဆဒ်

ဆီးရီးယားသမ္မတ ဗရှာရ်အဆဒ် မှ လက်ဘနွန်နိုင်ငံ ဝန်ကြီးများ အဖွဲ့ နှင့် တွေ့ဆုံချိန်တွင် ဆီးရီးယား မြေငလျင်ဒဏ်သင့် ဒုက္ခသည်များအတွက် အကူအညီပေးဖို့ ဆန္ဒရှိသည့် နိုင်ငံများ ကို အမေရိကန် မှ မပေးဖို့ ဖိအားပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Sahar News ၏ အထောက်အထားများ အရ ဆီးရီးယားသမ္မတ ဗရှာရ်အဆဒ် မှ လက်ဘနွန် နိုင်ငံ နှင့် တစ်ကွ မိမိတို့ ၏  ခက်ခဲ့သည့် အခြေအနေ တွင် မိမိတို့ နိုင်ငံ ဘက်မှ ရပ်တည်ပေးရန် ဆုံးဖြတ်ချက် ချခဲ့သည့် နိုင်ငံများ ကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယားကို အကူအညီပေးနေသည့် နိုင်ငံများ ကို အမေရိကန်က မကူညီဖို့  ဖိအားပေးနေတယ်လို့ သမ္မတ အဆဒ် မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ မှ  ဘေရွတ်နှင့် ဒမတ်စကတ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးပြောကြားခဲ့ပြီး ဤပူပေါင်းဆောင်ရွက်မှု သည်  နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူတို့ကြား နီးကပ်မှု အတွက် အကြောင်းခံ ကို ဖြစ်စေ ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ဘနွန် ဝန်ကြီးများအဖွဲ့ ၊ ယာယီဝန်ကြီးချုပ် နဂျီးဗ် မီကာသီ မှ လက်ဘနွန်ပြည်သူများကိုယ်စား ဆီးရီးယား ပြည်သူများအပေါ်  ကိုယ်ချင်းစာကြောင်း ၎င်းတို့ ဘက်မှ ရပ်တည် ကြောင်း  ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးမှ ဤ ခရီးစဉ်အတွင်း၏ ဆုံးဖြတ်ချက်များအတိုင်း ဆီးရီးယားနိုင်ငံ သို့ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့ရန်အတွက် လက်ဘနွန်နိုင်ငံရှိ လေဆိပ်များနှင့် ဆိပ်ကမ်းအားလုံးကို ဆက်လက် ဖွင့်လှစ် ထားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

****************************************************************

END / 251