အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၀ ဖေဖော်ဝါရီ ၂၀၂၃

၀၈:၃၉:၂၁
1345168

မြန်မာ့အရေးတွင် ထိုင်းနိုင်ငံက ပိုမိုကြီးမားသည့်ကဏ္ဍမှ ပါဝင်ရန် မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ပေးဖို့အတွက် ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ ထိုင်းနိုင်ငံအနေနဲ့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ပေးဖို့အတွက် ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်မ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က ဘန်ကောက်မြို့မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ တွေ့ဆုံရာမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး ဒါဟာ မစ္စတာအန်နဝါအနေနဲ့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရာထူး ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိုင်းနိုင်ငံကို သွားရာက်တာဖြစ်ပါတယ်။

“မြန်မာစစ်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လုပ်ဖို့ကလွဲလို့ ကျနော်တို့ လုပ်နိုင်တာက နည်းနည်းပဲရှိပါတယ်” လို့ မစ္စတာအန်နဝါက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး မလေးရှားရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ပြသဖို့  ဝန်ကြီးချုပ် ပရာယွတ်အနေနဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေ အနေအထားတခုမှာ ရှိနေတယ်လို့ ထင်တဲ့အကြောင်းလည်း မစ္စတာအန်နဝါက ပြောပါတယ်။

ထိုင်းအစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ မငြိမ်မသက်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှု‌တွေ ကြုံတွေ့နေရတာတွေကို ကာကွယ်ပြောဆိုနေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

****************************************************************
END / 251