အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၁၃ ဖေဖော်ဝါရီ ၂၀၂၃

၁၇:၄၉:၂၂
1346095

မြ၀တီတွင် လူကုန်ကူးခံထားရသည့် မလေးရှားနိုင်ငံသားများကို ထိုင်းစစ်တပ်က ကူညီကယ်တင်

မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အဓမ္မခိုင်းစေခြင်းခံရတဲ့ လူ ၅ ဦးကို ဖေဖော်၀ါရီလ အစောပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အဓမ္မခိုင်းစေခြင်းခံရတဲ့ လူ ၅ ဦးကို ဖေဖော်၀ါရီလ အစောပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြ၀တီမြို့ KK Gardens မှာ အဓမ္မခိုင်းစေခံနေရတာဖြစ်ပြီး ဖေဖော်၀ါရီ ၃ ရက်နေ့မှာ ထိုင်းစစ်တပ်က  ၀င်ရောက်ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။  

လူကုန်ကူးခံထားရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အထိ ရှိပြီး မလေးရှားနိုင်ငံသား မလေးလူမျိုး ၄ ဦးနဲ့ တရုတ်လူမျိုး ၁ ဦးတို့ ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီးတစ်ဦး ပါ၀င်ပါတယ်။

လက်ရှိမှာ သူတို့ဟာ ဘန်ကောက်မြို့ကို ရောက်နေပြီး ဖေဖော်၀ါရီ ၁၅ ရက်နေ့ မလေးရှားနိုင်ငံကို ပြန်ရောက်မယ်လို့ ဆိုပါတယ်။

ကနဦးက ၆ ဦးကို ကယ်တင်ဖို့ စီစဥ်ထားပေမယ့် အသက် ၃၃ အရွယ်အမျိုးသားတစ်ဦးဟာ ထိုင်းစစ်တပ်စောင့်နေတဲ့နေရာကို မလာနိုင်တာကြောင့် ကျန်ခဲ့တယ်လို့ မလေးရှား ကယ်ဆယ်ရေးအဖွဲ့ တာ၀န်ရှိသူ Sim Chon Siang က ပြောပါတယ်။

အဲဒီအမျိုးသားဟာ လူကုန်ကူးခံရတာ တစ်နှစ်ကျော်ပြီဖြစ်ပြီး နှိပ်စက်ခံထားရတာတွေလည်းရှိတာကြောင့် နေထိုင်မကောင်းဖြစ်ကာ ချိန်းထားတဲ့နေရာကို မလာနိုင်တာဖြစ်မယ်လို့ Sim က ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းစစ်တပ်က သူ့ကို ပြန်လည်ရှာဖွေနေပါတယ်။

ထောင်ချီရှိနေ

မလေးရှားရဲတပ်ဖွဲ့ဟာ ဇန်န၀ါရီ ၂၇ ရက်နေ့အထိ ကမ္ဘောဒီယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ လူကုန်ကူးခံရတဲ့ တိုင်ကြားမှုပေါင်း ၂၆၂ ခု ရရှိခဲ့ပြီး မလေးရှားနိုင်ငံသား ၃၃၆ ဦး ပါ၀င်ပါတယ်။

Sim က မြ၀တီမြို့ KK Garden မှာတင် လူကုန်ကူးခံထားရတဲ့ မလေးရှားနိုင်ငံသား တစ်ထောင်ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ အများစုဟာ မလေးနိုင်ငံသား တရုတ်လူမျိုးတွေဖြစ်ပြီး မလေးနဲ့ အိန္ဒိယလူမျိုးတွေလည်း ပါ၀င်တယ်လို့ သူက ပြောပါတယ်။

လူကုန်ကူးခံရသူအများစုဟာ ပညာအခြေခံအားနည်းကာ၊ ၀င်ငွေနည်းတဲ့ မိသားစုတွေကဖြစ်ပြီး စင်ကာပူ၊ ထိုင်းတို့မှာ လခကောင်းတဲ့ ဟိုတယ်အလုပ်၊ နည်းပညာအလုပ်တွေ ရမယ်လို့ လိမ်လည်သွေးဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရောင်းစားခံရပြီး ညှင်းပမ်းနှိပ်စက်မှုတွေလည်း ခံရတယ်လို့ Sim က ပြောပါတယ်။

Ref New Straits Times



****************************************************************
END / 251