အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၃ ဖေဖော်ဝါရီ ၂၀၂၃

၁၉:၄၂:၅၇
1346114

အီရန် သမ္မတမှ တရုတ်နိုင်ငံ ခရီးစဥ် မသွားရောက်မီ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် တွေ့ဆုံ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ တရုတ် နိုင်ငံ သို့ အစိုးရ ခရီးစဥ် မသွားရောက်မီ အလျင် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ (အစ္စလာမ့် တော်လှန်ရေး ခေါင်း ဆောင်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် ယနေ့ တနင်း လာနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ တရုတ် နိုင်ငံ သို့ အစိုးရ ခရီးစဥ် မသွားရောက်မီ အလျင် ရဲဟ်ဗရ်အင်န်ကေလာဗ်  အစ္စလာမ်မီ  (အစ္စလာမ့် တော်လှန်ရေး ခေါင်း ဆောင်ကြီး ) ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ  နှင့် ယနေ့ တနင်း လာနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါ တယ်။

တွေ့ဆုံစဥ် သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အဗဗရာဟီးမ် ရအီစီ မှ တရုတ်နိုင်ငံ ခရီးစဥ် ၏ ရည်မှန်း ချက်များ နှင့် စီဥ်ထားသည့် အစည်းအဝေးများ  အကြောင်း နှင့်ပတ်သက်ပြီး ရဲဟ်ဗရ်အင်န် ကေလာဗ်  အစ္စလာမ်မီ   အသိပေး တင်ပြခဲ့ ပါတယ်။

ဤ နှစ်နိုင်ငံ အပြန်အလှန် တွေ့ဆုံပွဲ အတွက် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ  ၎င်းတို့အတွက် အကောင်း ဆုံးဆန္ဒကို ထုတ်ဖော်မိန့်ကြား ပြီး အီရန်သမ္မတ ၏  အစီအစဉ်များအပေါ်  စိတ်ချ ယုံကြည်ကြောင်း မိန့်ကြား ခဲ့ပါတယ် ။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ နှင့် ရာထူးတူ တရုတ်သမ္မတ ရှီကျင်ပင်န် ၏ ဖိတ်ကြားချက်အရ  ဖေဖော်ဝါရီလ ၁၄ရက် မှ ၁၆ ရက်နေ့ အထိ  တရုတ်နိုင်ငံ သို့ တရားဝင် အစိုးရ  ခရီးစဥ် ဖြစ်မည် ဖြစ်ပါတယ်။ ဤခရီးစဥ် အတွင်း  အီရန် အစ္စလာမ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့၏ နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များသည် အပြန်အလှန် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စာရွက်စာတမ်း အများအပြားကို လက်မှတ်ရေးထိုးမည်ဖြစ်ပါတယ်။

****************************************************************

END / 251