အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၁၃ ဖေဖော်ဝါရီ ၂၀၂၃

၁၉:၄၈:၀၉
1346116

အီရန် သမ္မတမှ တရုတ်နိုင်ငံ ၃ရက်ကြာ တရားဝင် အစိုးရ ခရီးစဥ် စတင်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ နှင့် ရာထူးတူ တရုတ်သမ္မတ ရှီကျင်ပင်န် ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၁၄ရက် မှ ၁၆ ရက်နေ့ အထိ ၃ရက်တာ တရုတ်နိုင်ငံ သို့ တရားဝင် အစိုးရ ခရီးစဥ် ကို ယနေ့ တနင်းလာနေ့ ညနေပိုင်း တွင် တီဟီရန် မြို့ မှ တရုတ်နိုင်ငံ ၏ မြို့တော် ပေကျင်းသို့ ထွက်ခွာ သွားကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ နှင့် ရာထူးတူ တရုတ်သမ္မတ ရှီကျင်ပင်န် ၏ ဖိတ်ကြားချက်အရ  ဖေဖော်ဝါရီလ ၁၄ရက် မှ ၁၆ ရက်နေ့ အထိ   ၃ရက်တာ တရုတ်နိုင်ငံ သို့ တရားဝင် အစိုးရ  ခရီးစဥ် ကို ယနေ့ တနင်းလာနေ့ ညနေပိုင်း တွင်  အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ နှင့်အတူ တီဟီရန် မြို့ မှ တရုတ်နိုင်ငံ ၏ မြို့တော် ပေကျင်းသို့ ထွက်ခွာ သွားကြောင်း သိရှိရပါတယ်။



အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် မိမိ နှင့် ရာထူးတူ တရုတ်သမ္မတ ရှီကျင်ပင်န်  နှင့် အထူး တွေ့ဆုံမည်ဖြစ်ပါတယ်။  ယင်းနောက်တွင် နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ အတွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုလည်း နှစ်နိုင်ငံ သမ္မတများရှေ့ တွင် ကျင်းပမည်ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် အီရန် နှင့် တရုတ်စီးပွား ရေးလုပ်ငန်းရှင်များ နှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ပူးတွဲအစည်းအဝေးတွင် ပါဝင် မည်ဖြစ်ကြောင်း သိရှိရပါ တယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ သည် တရုတ် နိုင်ငံ တွင် နေထိုင်နေသည့် အီရန်နိုင်ငံသားများနှင့်လည်း တွေ့ ဆုံမည်ဖြစ်ပါတယ်။

ထင်ရှားသော တရုတ်ပညာရှင် များနှင့် တွေ့ဆုံ ပွဲ ဆွေးနွေးပွဲများ သည်လည်း အီရန် သမ္မတ ၏  ပေကျင်း ခရီးစဥ် တွင်  ပါဝင် ကြောင်း သိရှိရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ တရုတ်နိုင်ငံ ခရီးစဥ် တွင်  ၎င်းနှင့်အတူ ဝန်ကြီးများ နှင့် အစိုးရ အဖွဲ့ဝင်များ ပါဝင် ကြောင်း သိရှိရပါ တယ်။

သမ္မတ H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီသည် တရုတ်နှစ်သစ်ကူးတွင် တရုတ်သမ္မတ၏ ပထမ ဆုံးသော အဆင့်မြင့်ဧည့်သည် တော် ဖြစ်ကြောင်း မှတ်သား သတိပြု  ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251