အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၆ ဖေဖော်ဝါရီ ၂၀၂၃

၁၉:၀၇:၁၈
1346885

တာချီလိတ်တွင် ထိုင်းနိုင်ငံတင်ပို့မည့် စိတ်ကြွဆေးပြား ၃၆ သန်း ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ထိုင်းနိုင်ငံကို တင်ပို့မယ့် စိတ်ကြွဆေးပြား ၃၆ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ထဲက နေအိမ်တအိမ်မှာ ထိုင်းနိုင်ငံကို တင်ပို့မယ့် စိတ်ကြွဆေးပြား ၃၆ သန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်း ဌာန တွေက ဖော်ပြပါတယ်။

ထိုင်းနယ်ခြားလုံခြုံရေးဌာနက ထိုင်းနိုင်ငံထဲကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို သတင်းရရှိတဲ့အတွက်မြန်မာအာဏာပိုင်တွေဘက် အကြောင်းကြားပြီး ဖမ်းဆီးခိုင်းရာမှာတော့ ပါဆပ် ရပ်ကွက်ထဲမှာရှိတဲ့ နေအိမ်တခုမှာ ထိုင်းနိုင်ငံသား ကျိုင်ယွက် ဆိုသူနဲ့အတူ ကုန်တင်ကားလေးစီးမှာ သိုဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၁၄ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီနောက် နေအိမ်ထဲကို ဆက်ပြီးရှာဖွေခဲ့ရာကနေ နောက်ထပ် YW စိတ်ကြွဆေးပြား ၁၂ သန်းကို ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။

ဒါ့အပြင် ဗီယက်နမ်နိုင်ငံထုတ် ကဖိန်းအမှုန့် ၅,၀၀၀ ကီလိုဂရမ်အပြင် အိုက်စ် ၂၀ ကီလိုဂရမ်ပါ ဆာလာအိတ် ၂၅ အိတ် အလေးချိန် ၅၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မယ်ဆိုင် အခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြထားပါတယ်။

အခုဖမ်းဆီးရမိတဲ့တန်ဖိုးက စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၈ ဒသမ ၆၆ ဘီလီယံ သိမ်းဆည်းရမိခဲ့ပြီး အခုလို ဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ ရသေး ပါဘူး။

****************************************************************
END / 251