အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၆ ဖေဖော်ဝါရီ ၂၀၂၃

၁၉:၁၅:၀၁
1346888

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ရှိ ရှီအဟ် ဇေယာရသ်ဂါဟ် တစ်ခုအား တာလီဘန် များမှ ပိတ်ပင်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မြို့ရှိ “စခီ” အမည်ရှိ ရှီအဟ် ဇေယာရသ်ဂါဟ် တစ်ခုအား တာလီဘန် အစိုးရ၏ ကောင်းရာညွှန်ကြား မကောင်းရာတားမြစ် ဆိုသည့် ဝန်ကြီးဌာန၏ ဝန်ထမ်းများက ပိတ်ပင် ခဲ့ ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇေယာရသ်ဂါဟ် အားပိတ်ပင်ရသည့် အကြောင်း ကို တာလီဘန် များ အနေဖြင့် ပြောကြသည်မှာ - ရှေရ်က် နှင့် မကင်း သည့် လုပ်ရပ်များ ပမာအား ဖြင့် အလံအား နမ်းရှုံ့ ခြင်း ၊ ဇေယာရသ် လာပြုသူအမျိုးသမီးများ အနေဖြင့် ဟေဂျာဗ်ကို ဂရု မပြု၊ မလိုက်နာခြင်း ကြောင့်  ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

တာလီဘန်အဖွဲ့၏ တာဝန်ရှိသူများက ဇေယာရသ် ပြုသူများအား ဇေယာရသ်ဂါဟ်မှ ထွက်ခွာရန် အတင်းအကြပ် ခိုင်းစေပြီးနောက် “စခီ” ဇေယာရသ်ဂါဟ်၏  တံခါးများကို ပိတ်ခဲ့ကြပါတယ်။

“စခီ” ဇေယာရသ်ဂါဟ်၏  ‌ဂေါပကလူကြီးများ မှလည်း ပြဿနာ မပြေလည်မခြင်း “စခီ” ဇေယာရသ်ဂါဟ်၏   တံခါးများ ကို ဖွင့်ပေးသေးမည် မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။

တာလီဘန်အစိုးရ၏ ကောင်းရာညွှန်ကြား မကောင်းရာတားမြစ် ဆိုသည့် ဝန်ကြီးဌာနမှ ဤကိစ္စနှင့် ပတ်သက်ပြီး ဘာမှ အဖြေမပေးသေးချေ။

အာဖဂန်နစ္စတန်နိုင်ငံသားများ သည် ကဘူးလ်ရှိ ရှီအဟ်များ၏ “စခီ” ဇေယာရသ်ဂါဟ်အား  အထွတ် အမြတ်ထားရာ ဘာသာရေးနေရာတစ်ခုအဖြစ် သတ်မှတ်ကြပြီး ရှီအဟ်များ အနေဖြင့် “စခီ” ဇေယာရသ် ဂါဟ်အား  ၏ တံခါးများ ကို ပိတ်ထား ခြင်းသည် ရှီအဟ် အကီဒဟ်ကို စော်ကား ခြင်း ဖြစ်ကြောင်း ဆိုကြပါ တယ်။

တာလီဘန်တပ်သားများ သည် “စခီ” ဇေယာရသ်ဂါဟ်အား  အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဤဇေယာရသ် ဂါဟ်၏ တံခါးများကို ရှေးက်လုပ်နေသည့် စွပ်စွဲချက်ဖြင့် ပိတ်ပင် ခဲ့ ကြပါတယ်။

အစွန်းရောက် တာလီဘန်များ သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တွင်လည်း ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ကဗဲရ် ကျောက်ပြား များ တွင် ရေးထိုးထားသည့် ကို အကြောင်းပြပြီး “စခီ” ဇေယာရသ်ဂါဟ်အား   တံခါးများကို ပိတ်ပင်ခဲ့ကြပြီး “စခီ” ဇေယာရသ်ဂါဟ် အတွင်း အဝင် အတွက် ကို တားမြစ် ခဲ့ကြပါတယ်။

“စခီ” ဇေယာရသ်ဂါဟ် သည် ရှေးယခင်ကတည်းက ရှီအဟ် ၊ ဆွန်နီ များ ၏ ဇေယာရသ်ဂါဟ် ဖြစ်ပြီး ၎င်းသမိုင်း နောက်ခံမှာ အဲဟ်မဒ်ရှားဟ် နန်းတက် ချိန်မှ စတင်ခဲ့ပါတယ်။  တမန်တော်မြတ်ကြီး (ဆွ) ၏ ဝတ်ရုံတော် အားဖိုက်ဇ်အာဗါဒ် ဗဒရာခ်ရှမ်းန် မှ ကန်ဒဟာရ် သို့ ယူဆောင်လာပြီး ဤ “စခီ” ဇေယာရသ် ဂါဟ် တွင် ဝတ်ယုံတော် အား ၉လ အထိ ထားခဲ့ကြောင်း ကန်ဒဟာရ် သို့ ယူဆောင်ပြီးနောက် ပထမဆုံး ဂွန်ဗသ်တော် ကို ဆောက်ခဲ့ ပြီး ဇေယာရသ်ဂါဟ် စခီးရှားဟ် မရ်ဒန် အမည် ပေးခဲ့ကြောင်း ဇေယာရသ် ဂါဟ် အား အများသူက လာရောက် ကြကြောင်း ပြီးနောက် ဂွန်ဗသ် တော် ဒုတိယအား အာဖဂန်နစ္စတန်နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၁၉ ခုနှစ်တွင် အမါနိုလ်လ္လာဟ်ခန်း အဟ်ဒါစ် ၏ မိခင်မှ ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

နှစ်စဥ် နှစ်တိုင်း နောင်ရိုဇ် အချိန် တွင် “စခီ” ဇေယာရသ်ဂါဟ် တွင် ရှီအဟ် ဆွန်နီ များ မှ ဟဇရသင် အလီ (အ.စ) အမည်ပါသည့် အလံအား လွှင့် တင်ကြပါတယ်။ ဤအလံ တင်ပွဲတွင် ရှီအဟ် အာလင်မ် တစ်ပါး နှင့် ဆွန်နီ အာလင်မ် တစ်ပါး တို့မှ  အလှည့်ကျ တရားဟောကြားခဲ့ကြပါတယ်။ဤအခမ်းအနား တွင် အစိုးရ အရာရှိကြီး များလည်း တက်ရောက် နေရာယူကြပြီး အဆိုပါအလံတော်အား ရက်ပေါင်း ၄၀ တိုင်လွှင့်ထူကြပါတယ်။

“စခီ” ဇေယာရသ်ဂါဟ် နှင့် ၎င်းဇေယာရသ် သို့ သွားသည့် လမ်းများ ကို ISIS အကြမ်းဖက်သမား များ မှ ၂၀၁၅ မှစပြီး ကြိမ်ဖန်များစွာ တိုက်ခိုက် ခဲ့ကြပါတယ်။ ပထမဆုံး တိုက်ခိုက်မှုအား ၂၀၁၆ အောက်တိုဘာလ ၁၁ ရက်နေ့ အာရှုရာဟ်ည တွင် ISIS အကြမ်းဖက်သမား များ မှ “စခီ” ဇေယာရသ်ဂါဟ် အတွင်း ဝင်ရောက်ပြီး တိုက်ခိုက် ခဲ့ပါတယ်။

ဒုတိယ အကြိမ် တိုက်ခိုက်မှုအား ၂၀၁၈ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် မောင်လာအလီ (အ.စ) အလံ လွှင်ထူသည့် အခမ်းအနား တွင် တက်ရောက်လာ သူများ အကြား ဗုံးခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် “စခီ” ဇေယာရသ်ဂါဟ် နှင့် ၎င်းဇေယာရသ် သို့ သွားသည့် လမ်းများ ကို  အကြမ်းဖက် အစွန်းရောက်များ မှ ဗုံး ၃ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၆ ဦး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

****************************************************************

END / 251