အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂၀ ဖေဖော်ဝါရီ ၂၀၂၃

၁၈:၃၁:၅၁
1347769

မန္တလေးတွင် ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၈၁ လမ်းနဲ့ ၈၂ လမ်းကြား၊ ၄၁ လမ်းပေါ်ရှိ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားပြီး နာရီပိုင်းအတွင်း အလောင်းသာပြန်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၈၁ လမ်းနဲ့ ၈၂ လမ်းကြား၊ ၄၁ လမ်းပေါ်ရှိ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားပြီး နာရီပိုင်းအတွင်း အလောင်းသာပြန်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်၊ ညနေ ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားနဲ့ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင် ဦးအောင်ကို သေနတ်နှစ်ချက်ပစ်ဖောက်ကာ လာရောက်ဖမ်းဆီးသွားပြီး ည ၉ နာရီလောက်မှာ မိသားစုတွေကို “လူမှားဖမ်းမိတာဖြစ်လို့ လာပြန်ခေါ်ကြဖို့” အကြောင်းကြားခဲ့တာကြောင့် အမှတ် ၇ ရဲစခန်းမှာ သွားခေါ်ထုတ်ယူခဲ့ရာ သံတုတ်တွေနဲ့ ရိုက်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးနေတဲ့အလောင်းသာ ပြန်ရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဦးအောင်က အန်အယ်လ်ဒီ အမာခံ။ သူ့မိန်းမက ရှမ်းခေါက်ဆွဲရောင်းတာ။ ညနေ ၆ ခွဲလောက်က ရိုက်နှက်ပြီး စစ်(--)တွေ လာဖမ်းသွားတာ။ အိမ်စီးကားနဲ့လာဖမ်းတော့ သေနတ် ၂ ချက် ဖောက်တယ်။ လမ်းပေါ်ကလူတွေကို ကြည့်လို့တဲ့ စစ်(--) တွေက အော်ဟစ်ဆဲဆိုသေးတယ်။ ၉ နာရီလောက်ကျ အလောင်းပဲပြန်ထုတ်လာရတယ်။ သံတုတ်တွေနဲ့ရိုက်တာလို့တော့ သိရတယ်။ လူမှားဖမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတာ၊ အိမ်ရောက်တော့ အသက်မပါတော့ဘူး။”

စစ်ကောင်စီတပ်က ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင် ဦးအောင်ကို ဘာကြောင့်ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့လဲ ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မဟာအောင်မြေမြို့နယ် ရွေဘုန်းလျှံရပ်ကွက်က ရာအိမ်မှူး ဦးဇော်ဝင်းထွန်း အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

****************************************************************
END / 251