အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၂၁ ဖေဖော်ဝါရီ ၂၀၂၃

၁၈:၁၂:၀၈
1347997

တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို စစ်ကောင်စီချိပ်ပိတ်

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတချို့ ဦးဆောင်ပြီး ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံနေအိမ် ၈ လုံးကို ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတချို့ ဦးဆောင်ပြီး ချိပ်ပိတ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တမူးမြို့၊ ဈေးတန်း ၉ ရပ်ကွက်က ဦး‌မြင့်ဇော်ဦးရဲ့နေအိမ်၊ ဈေးတန်း ၁၀ ရပ်ကွက်က ဦးဝင်းနိုင်ရဲ့နေအိမ်၊ စော်ဘွား ၉ ရပ်ကွက်က ဦးဇော်မင်းဦးရဲ့နေအိမ်နဲ့ စော်ဘွား ၁၀ ရပ်ကွက်က ကိုခိုင်မင်းထွန်းရဲ့နေအိမ် အပါအဝင် နေအိမ် ၈ လုံးကို စစ်ကောင်စီဘက်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာဖြစ်ပါတယ်။

ချိပ်ပိတ်ခံရတဲ့နေအိမ်တွေမှာ “ဤအဆောက်အဦးနှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ရောင်းဝယ်ခြင်းမပြုရ" လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေချိတ်သွားပါတယ်။

တမူးမြို့ခံတဦးက “အဲ့ဒီနေ့က ချိပ်ပိတ်သွားတာက များတယ်။ ချိပ်ပိတ်သွားတဲ့အိမ်တွေမှာ လူတွေမနေကြဘူး။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ချိပ်ပိတ်သွားတာပဲ။”

တမူးဒေသခံ ဗမာ့ကျောင်းသားတပ်မတော်ရဲ့ တာဝန်ခံရဲ‌ဘော် ကိုအောင်ဖြိုးကြွယ်က “တမူးမှာက အခုလက်ရှိကတော့ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တတွေပေါင်းပြီး ထင်ရာစိုင်းနေတဲ့ သဘောပေါ့ဗျာ။ စစ်(--)ထက် ပျူစောထီး၊ ပြည်သူ့စစ်တွေကို ပြည်သူတွေကကြောက်နေရတယ်။ လက်ရှိ နိုင်ငံတော်အာဏာကို မတရားလုယူထားတဲ့ စကစနဲ့ လက်ပါးစေတွေဟာ သူတို့ကောင်းစားရေးအတွက် အခုလိုပဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လုယူနေကြဦးမှာပါ” လို့ ပြောပါတယ်။

မနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း တမူးမြို့ ဈေးတန်း ၈ ရပ်ကွက် ကံ့ကော်လမ်းမှာရှိတဲ့ တမူး PDF တပ်ဖွဲ့ဝင် ဗိုလ်စက္ကူရဲ့ဇနီးဟောင်း နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် တမူးမြို့မှာ တမူးမြို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေရဲ့ နေအိမ်အပါအဝင် ဒေသခံနေအိမ်ပေါင်း ၂၀ ကျော် ချိပ်ပိတ်ခံထားရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

****************************************************************
END / 251