အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၃ ဖေဖော်ဝါရီ ၂၀၂၃

၂၀:၂၉:၄၁
1348570

ရွှေကျင်တွင် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၆၀၀၀ ခန့် တိမ်းရှောင်နေရ

စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ထဲ့တာ လူထိခိုက်တာရှိတယ်။ ဘယ်သူမှရွာမှာ မနေရဲတော့ဘူး။ အခုညတွင်းချင်း ထွက်ပြေးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အမှောင်ထဲပြေးနေရတော့ အခက်အခဲတွေတော့ ရှိတာပေါ့" လို့ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာမှာ ဒီနေ့ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ နယ် မြေခံ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် ရွာ ၉ ရွာက ဒေသခံ ၆၀၀၀ နီးပါး ည တွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက နယ်မြေကျော် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီက ညောင်ပင်ကြီးရွာသစ်ကျေးရွာအတွင်းကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ စောလေးအောင်၊ နော်သူဇာနွယ်၊ ညားမထူးနဲ့ နော်ဆီဖိုးတို့ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတဦးက “ညနေပိုင်းလောက်တည်းက တိုက်ပွဲတွေဖြစ်နေတာ။

စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ထဲ့တာ လူထိခိုက်တာရှိတယ်။ ဘယ်သူမှရွာမှာ မနေရဲတော့ဘူး။ အခုညတွင်းချင်း ထွက်ပြေးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အမှောင်ထဲပြေးနေရတော့  အခက်အခဲတွေတော့ ရှိတာပေါ့" လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညောင်ပင်ကြီး ရွာမကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တူးကုန်း၊ တိုင်းကျွန်း စတဲ့ ကျေးရွာ  ၉ ရွာက အိမ်ခြေ ၁၂၀၀ နီးပါးက ဒေသခံပြည်သူ ၆၀၀၀ နီးပါး ပြေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဖေဖော်ဝါရီ ၂၁ ရက် မနက် ၅ နာရီခွဲလောက်က ပုဇွန်ချောင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး ထိမှန်သေဆုံးခဲ့သလို ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက် ညကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်၊ ကျွန်းတောကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

****************************************************************
END / 251