အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ ဖေဖော်ဝါရီ ၂၀၂၃

၂၂:၀၂:၀၁
1348578

ရှအ်ဗာန် လမြတ် ဟု အမည် ပေးရခြင်း အကြောင်းရင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ရှအ်ဗာန် လမြတ် ဟု အမည် ပေးရခြင်း အကြောင်းရင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:

إنَّما سُمِّيَ شَعبانُ لأِنَّهُ يَتَشَعَّبُ فيهِ أرزاقُ المُؤمِنينَ

.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ရှအ်ဗါန်လမြတ် ကို ရှအ်ဗါန် ဟုခေါ်ရခြင်းမှာ (ရှအ်ဗါန် ဆိုသည်မှာ ခွဲဝေခြင်း) ဤလတွင် မိုအ်မင်များ အတွက် ရိက္ခာ ကို ခွဲဝေပေးသည့် အတွက်ကြောင့် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ ဆဝါးဗ်ဗိုလ်အအ်မါလ် ကျမ်း၊ စာမျက်နှာ ၆၂

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး အလ္လာဟ်ဟို အရှင်မြတ် ထံတော် မှ ရိုဇီ ၊ရိက္ခာ များများ ရရန် ကောင်းမှုများ ပြုခြင်း ဒိုအာများ တောင်း ခြင်း ကို ပြုရပါမည်။

****************************************************************

END / 251