အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ ဖေဖော်ဝါရီ ၂၀၂၃

၁၇:၀၃:၃၃
1349241

ဟားခါးမြို့နယ်က ရဲတပ်ကြပ်တဦး လက်နက်ခဲယမ်းအပြည့်စုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ချင်းပြည်နယ် ဟားခါးမြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်တပ်ကြပ် ၁ ယောက် ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDF-ဟားခါးကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-ဟားခါးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ချင်းပြည်နယ် ဟားခါးမြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်တပ်ကြပ် ၁ ယောက် ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDF-ဟားခါးကနေတဆင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-ဟားခါးက ပြောပါတယ်။

အဲဒီတပ်ကြပ်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် အလင်းဝင်ခဲ့တာလို့ CDF-ဟားခါးရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီရဲတပ်ကြပ်ဟာ G3 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဘောက်အိတ်တခု၊ ကျည်ဆန်အနည်းငယ်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတာဖြစ်လို့ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့နယ်အခြေစိုက် ခမရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာလည်း ဖေဖော်ဝါရီ ၂၀ ရက်မှာ လက်နက်ခဲယမ်းအပြည့်စုံနဲ့ CDF-ဟားခါးကနေတဆင့် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-ဟားခါးက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေ ကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သား တွေနဲ့ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

****************************************************************
END / 251