အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ မတ် ၂၀၂၃

၁၁:၅၆:၂၇
1350403

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မာရ်အရှီ နဂျဖီ (ရ.ဟ) အား ဟဇရသ် အေမာမ် ဇမာန်း (အ.ဂျ) အထူး တိုက်တွန်းထားချက် အချို့ အား (قبسات من حیاة) စာအုပ် မှ ကောက်နုတ် ၍ တင်ပြ လိုက်ပါတယ်။ အင်န်ရှာအလ္လာဟ် လက်တွေ့ ကျင့်သုံး နိုင်ကြပါစေ ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အာယာသွလ္လာဟ် ဆယက်ဒ် မာရ်အရှီ နဂျဖီ (ရ.ဟ) အား ဟဇရသ် အေမာမ် ဇမာန်း (အ.ဂျ) (ခ) အေမာမ် ဇမာနဟ် (အ.ဂျ) မှ အက်စ်ကရီးန် ခရီးစဥ် တွင် အောက်ဖော်ပြပါ အလုပ်များ ကို ပြုလုပ်ရန် တိုက်တွန်း ခဲ့ပါသည်။

 

၁။ မိမိ၏ မိခင် နှင့် ဖခင် အား အလွန် လေးစားရိုသေရမည်။မိဘ နှစ်ပါး စလုံး အသက်ရှင်လျက်ရှိ သည် ဖြစ်စေ ၊ ကွယ်လွန်သွားပြီးဖြစ်စေ ။

 

၂။ သေလာဝသ် ကုရ်အာန် အများအပြား ပြုလုပ်ခြင်း နှင့် နမာဇ်ဇေရှက်ဗ် အများအပြား ဖတ်ခြင်း။

 

၃။ သက်စ်ဘီးဟ် ဟဇရသ် ဇဲဟ်ရာ (စ.အ) ဖတ်ရွတ်ခြင်း ။

 

၄။ ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ) အနီး မှ ဖြစ်စေ ၊ အဝေးမှ ဖြစ်စေ ပြုခြင်း (ဖတ်ရွတ်ခြင်း)။

 

၅။ ဆယက်ဒ်များ အား အလွန် လေးစားရိုသေရမည်ပြီး။ ပြီးနောက် မိမိအား အဲဟ်လေ့ဘိုက် (အ.စ) နှင့် ပတ်သက်မှု အတွက် တန်ဖိုးထားရမည် ။ ပြီးနောက် ဤ ဂုဏ်ယူစရာ နှင့် ဘုန်း အတွက်   တတ်နိုင်သမျှ အလ္လာဟ်ဟို အရှင်မြတ် အား ကျေးဇူးတင်ခြင်း ။

 

ကျမ်းကိုးစာအုပ် -  قبسات من حیاة

 

****************************************************************

END / 251