အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ မတ် ၂၀၂၃

၁၃:၃၇:၂၂
1353343

"ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး နှင့် ထုတ်လုပ်မှုတိုးတက်ရေး " နှစ် ဖြစ်ကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မိန့်ကြား

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ (ခ) အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အထူးသဖြင့် ငွေကြေးဖောင်းပွမှုပြဿနာကို အဓိကပြဿနာအဖြစ် ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး တိုင်းပြည်ကို စီးပွားရေးပြဿနာများမှ ကယ်တင်ရန် သော့ချက် တစ်ခုအနေဖြင့် ထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အီရန်နှစ်သစ် ၁၄၀၂ ခုနှစ် ၏ ဆောင်ပုဒ်ကို "ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး နှင့် ထုတ်လုပ်မှုတိုးတက်ရေး " နှစ် ဖြစ်ကြောင်း မိန့်ကြား ကြေညာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ  (ခ) အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီရန် နှစ်သစ် ၁၄၀၂ ခုနှစ် နောင်ရိုဇ် အတွက် အီရန်ပြည်သူများ အခြား လူမျိုးများ အားလုံး အပေါ် ကောင်းချီး မင်္ဂလာ အဖြာြဖာကျ ကြောင်းစေရန် ပြီးနောက်  လွန်ခဲ့သည့်နှစ်က တိုင်းပြည်၏ အရေးအကြီးဆုံး ပြဿနာ မှာ  စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေး ဖြစ်ကြောင်း ယခုနှစ်တွင် နိုင်ငံ့စီးပွားရေးသည် အဓိက ပြဿနာဖြစ်ကြောင်း ဤအတွက်ကြောင့် ဤနှစ် ၏ ညာသံ နှင့် ဆောင်ပုဒ်မှာ "ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး နှင့် ထုတ်လုပ်မှုတိုးတက်ရေး " နှစ် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

 ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ  မှ နောင်ရိုဇ် သတင်းစကား အစတွင် နောင်ရိုဇ်သည် သဘာဝ နွေဦး ဖြစ်ပြီး လမြတ် ရမ်တွာန် သည် နာမ်ပိုင်း ဆိုင်ရာနွေဦး ဖြစ်ပြီး လမြတ်ရမ်တွာန် ကို အားလုံး ပိုင်ဆိုင်ကြမည်ဖြစ်ရာ မိမိ တို့၏ နှလုံးသားများကို   လမြတ် ရမ်တွာန် ဖြင့် ‌မွှေးကြိုင် အောင် မလွဲ မသွေ ပြု ကြရန် မိန့်ကြားခဲ့ပါတယ်။

ထို့နောက် ရဟ်ဗရ် အင်န်ကေလာဗ် မှ ၁၄၀၁ ခုနှစ်၏ အကျဉ်းချုပ်ကို ခြုံငုံသုံးသပ်ကာ ယခုနှစ် အစ္စလာမ့်တော်လှန်ရေးပြီးသည့် နှစ်များကဲ့သို့ ခါးသီးမှုများ ချိုမြိန်မှုများ ရှိပြီး ရှုပ်ထွေးမှုများ အမျိုးမျိုးဖြင့် စီးပွားရေးသည် ယမန်နှစ်က တိုင်းပြည်၏ အရေးအကြီးဆုံး ပြဿနာဖြစ်ကြောင်း အလေးပေး မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး စီးပွားရေးတွင် အခါးနှင့် အချို နှစ်မျိုးလုံးရှိသော်လည်း ခါးသီးမှုသည် ငွေကြေးဖောင်းပွမှုနှင့် စျေးနှုန်းကြီးမြင့်မှုနှင့် ဆက်စပ်နေ ကြောင်း အထူးသဖြင့် စားသောက်ကုန်နှင့် အခြေခံလိုအပ်ရာများ စျေးနှုန်းကြီးမြင့်မှု သည် လူ့အဖွဲ့အစည်း၏  အခြေခံ လူတန်းစားများ အပေါ် အများဆုံး ဖိအား ဖြစ်နေကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီးပြည်သူတို့၏ဘဝနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဆက်စပ်သင့်သည့် စီးပွားရေး ကဏ္ဍတွင် ကောင်းမွန်သောလုပ်ငန်းများနှင့် တည်ဆောက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေ လာဗ် မှ ထောက်ပြခဲ့ပါတယ်။

ရဟ်ဗရ် အင်န်ကေလာဗ် မှ ဆက်လက်ပြီး ၁၄၀၁ ခုနှစ်တွင် လုံးဝပိတ်ထားသည့်၊ တစ်ပိုင်းပိတ်ထားသည့် စက်ရုံများ ထောင်ပေါင်းများစွာကို ထူထောင်ကာ အသိပညာအခြေခံကုမ္ပဏီများ တိုးပွားလာမှုနှင့် အလုပ်လက်မဲ့ရာခိုင်နှုန်းအနည်းငယ် လျှော့ချရေးတို့ကို ပံ့ပိုးပေးခဲ့ကြောင်း ဘဏ္ဍာရေးကဏ္ဍတွင်လည်း စီးပွားရေးကဏ္ဍ၏ ကျေနပ်စရာကောင်းသည့်အချက်မှာ ပြီးခဲ့သည့်နှစ်တွင်၊ အစိုးရနှင့် အစိုးရမဟုတ်သော ထုတ်လုပ်သူများ၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ပြပွဲတစ်ခု အား အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာ တွင် ပြုလုပ် နိုင်ခဲ့ပြီး နိုင်ငံ၏ အဓိကထုတ်လုပ်သူများနှင့် တွေ့ဆုံခဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နိုင်ငံ၏ ထုတ်လုပ်သူများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အပြုသဘောဆောင်သည်ဟု အလေးပေးမိန့်ကြားခဲ့ပြီး အချို့သော စီးပွားရေးညွှန်းကိန်းများ တိုးတက်မှုကို ထောက်ပြပြီး အာမခံကဏ္ဍတွင် ညွှန်းကိန်းများသည် ကောင်းမွန်ကြောင်း၊ ရေ၊ သဘာဝဓာတ်ငွေ့၊ လမ်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ ပြုလုပ်နိုင်ခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။

စီးပွားရေး ကဏ္ဍမှာ ကောင်းသည့် အကျင့် တွေက လူထုအား အထူးသဖြင့် ဆင်းရဲသည့်  လူတန်းစားများ ၏ ဘဝ တွေ ကို ချောင်လည် ပေးသင့်  ကြောင်း လေးနက် စွာ မိန့်ကြား ပြီး ဒီ ကိစ္စ ကို သေချာ စီစဉ် ပြီး ဆောင်ရွက် ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

နိုင်ငံ၏စီးပွားရေးအခြေအနေ အကဲဖြတ်မှုနှင့်ပတ်သက်၍ အကဲဖြတ်ချက်များတွင် အခါးနှင့်အချိုကို ဘေးချင်း ယှဉ်မြင်ရမည်ဖြစ်ပြီး ရလာဒ် ကို ထုတ် ရမည် ဟု ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မှတ်ချက်ပြု မိန့်ကြား ခဲ့ပါတယ်။

ရဟ်ဗရ်အင်န်ကေလာဗ် မှ ဆက်လက်ပြီး စီးပွားရေးပြဿနာများသည် အီရန်အတွက် သီးသန့် မဟုတ်သော် လည်း အားကောင်းပြီး ခေတ်မီသော စီးပွားရေးရှိသည့် နိုင်ငံများ အပါအဝင် နိုင်ငံ အားလုံး နီးပါးသည် စီးပွား ရေးပြဿနာများ၊ ဒေဝါလီခံမှုများနှင့် ထူးထူးခြားခြား ကြွေးမြီများပင် ခံစား နေရကြောင်း အလေးပေး မိန့်ကြား ကြားခဲ့ပြီး အစိုးရတာဝန်ရှိသူများအပြင် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု တက်ကြွ လှုပ်ရှား သူတွေအနေနဲ့ ဒီနှစ်ဟာ အီရန်နိုင်ငံအတွက် ခါးသီးမှုတွေကို လျှော့ချပြီး အောင်မြင် မှုတွေ တိုးမြင့် လာစေ ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သင့် ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အီရန် နှစ်သစ် ၁၄၀၂ ပတ်သက်ပြီး ယခုနှစ်တွင် တိုင်းပြည်၏ အဓိကနှင့် ဗဟိုပြဿနာမှာ စီးပွားရေးဖြစ် ကြောင်း ဆိုလိုသည်မှာ တခြားကဏ္ဍတွေမှာ ပြဿနာမရှိဘူးလို့ မဆိုလိုကြောင်း တိုင်းပြည်မှာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးပြဿနာတွေ အမျိုးမျိုးရှိပေမယ့် အစိုးရ၊ လွှတ်တော်၊ စီးပွားရေး တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်တွေရဲ့ စိတ်ဓာတ်တက်ကြွတဲ့ အဖွဲ့တွေက ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးပမ်းနေမယ်ဆိုရင် တခြားပြဿနာတွေလည်း ပြေလည်သွားမှာ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ထုတ်လုပ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံစီးပွားရေးလုပ်ငန်းများဖြစ်သည့် ထုတ်လုပ်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို မှီခိုနေရသည်ဟု ယူဆပြီး လူ့အဖွဲ့အစည်း၏ အားနည်းသောအပိုင်းများကို ပံ့ပိုးကူညီခြင်းမှတပါး ထုတ်လုပ်မှုအပြင် အခြား အခြေခံတာဝန်များမှာ အရေးကြီးသောကိစ္စရပ်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု များ အထူးဂရုပြုသင့် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုပြဿနာ ကို စီမံကိန်းရေးဆွဲခြင်းဖြင့်ဖြေရှင်းရမည်ဖြစ်ကြောင်း ကဏ္ဍအားလုံးကို အထူးသဖြင့်ငွေကြေး ဖောင်းပွမှု ပြဿနာနှင့်ထုတ်လုပ်မှုပြဿနာအဖြစ်တိုင်းပြည်ကိုစီးပွားရေးပြဿနာများမှကယ်တင်ရန်သော့ချက်တစ်ခုဖြစ်သည် အဖြစ်ထည့်သွင်းစဉ်းစားခြင်းဖြင့် နှစ်သစ် ၁၄၀၂ခုနှစ်အား ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး နှင့် ထုတ်လုပ်မှုတိုးတက်ရေး " နှစ် အဖြစ် ကျွန်ုပ် သတ်မှတ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး တာဝန်ရှိသူများ၊ စီးပွားရေး သမားများ ၊ လူမှုရေး ကိစ္စဆောင်ရွက်ပေးသူများ ဘာသာရေး ကိစ္စများ ဆောင်ရွက်နေသူများ ထိုနည်းတူစွာ  ရုပ်မြင်သံကြား ဌာန နှင့် ရေဒီယို ဌာန တို့မှ ငွေ ကြေးဖောင်းပွမှုကို တားဆီး နိုင်ရန် လျှော့ချ နိုင်ရန် ပထမအဆင့်အဖြစ် ကြိုးပမ်း နိုင်ကြောင်း ဒုတိယ အဆင့် အဖြစ် ထုတ်လုပ်မှုများ တိုးမြှင့် အောင် ပြုရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

မိန့်ခွန်းအဆုံးတွင် ဟဇရသ် ဘကီးယသွလ္လာဟ် အလ်အအ်ဇန်းမ် (အ.ဂျ)  အား ချစ်ခင်လေးစားမြတ်နိုး ရိုသေကြောင်း အေမာမ် ခိုမေနီ (ရ.ဟ) အစ္စလာမ် အာဇာနည်များ ၏ အဆင့် မြင့်မား ရန် နှစ်သစ်တွင် အီရန် ပြည်သူ လူထု အတွက် ပျော်ရွှင် မှု၊ ရွှင်လန်းမှုကို အလ္လာဟ်ဟိုအရှင်မြတ် ချီးမြှင့် ပေးသနားရန် ဒိုအာ ပြုကြောင်း မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251