အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ မတ် ၂၀၂၃

၁၅:၁၉:၂၃
1353355

အီးဒ် နောင်ရိုဇ် အချိန်အခါ တွင် ကမ္ဘာ့ခေါင်းဆောင်များမှ အီရန်သမ္မတအား နှုတ်ခွန်းဆက် စကားပြောကြား

ယခုနှစ် ၁၄၀၂ ခုနှစ် အီးဒ် နောင်ရိုဇ် အချိန်အခါ တွင် ကမ္ဘာ့ခေါင်းဆောင်များမှ အီရန်သမ္မတ အား ကောင်းချီးမင်္ဂလာ အဖြာြဖာကျရောက်စေရန် နှုတ်ခွန်းဆက် စကား နှင့် ကောင်းသည့် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစီရင်ခံစာအရ ရုရှားသမ္မတ ဗလာဒီမာပူတင်သည်နောင်ရိုဇ် နှစ်သစ်ကူး နှင့် နွေဦးရာသီ ရောက်ရှိလာခြင်းကို ဂုဏ်ပြုစကား ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

ရုရှားသမ္မတအိမ်တော်၏ Kremlin House ဝက်ဘ်ဆိုဒ်အရ၊ ဤကမ္ဘာလုံးဆိုင်ရာနောင်ရိုဇ် သည် ကမ္ဘာတစ်ဝှမ်းရှိ လူများစွာအတွက် သမိုင်းဝင်၊ ယဉ်ကျေးမှုနှင့် နာမ်ပိုင်း ဆိုင်ရာ အမွေအနှစ်တစ်ခုဖြစ်ပြီး နွေဦး၏ ရောက်ရှိလာမှုနှင့် ဘဝသစ်မျှော်လင့်ချက်တို့ကို ကိုယ်စားပြုသည် ဟု ဆိုထားပါတယ်။

ကာဂျစ်စတန်နှင့် ပိုလန်နိုင်ငံတို့မှ အကြီးအကဲများသည် ၎င်းတို့၏ သဝဏ်လွှာများထဲမှ အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် ရအီစီ နှင့် အီရန်ပြည်သူများအား နောင်ရိုဇ် နှင့် အီရန် နှစ်သစ်ကူးနေ့တွင် ဂုဏ်ပြုစကား ပြောကြားပြီး ယခုနှစ် တွင် အီရန် နိုင်ငံ ဆက်ဆက် သာယာဝပြောမည်ကို မျှော်လင့်ကြောင်း နှင့် အီရန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို သက်သေပြနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန် သမ္မတများသည် လည်း အီရန်နှစ်သစ် ၁၄၀၂ ခုနှစ်  နောင်ရိုဇ် အချိန်အခါ တွင် ၎င်းတို့ နှင့် ရာထူးတူ  အီရန်သမ္မတနှ င့် အီရန်ပြည်သူများကို ကောင်းချီးမင်္ဂလာ အဖြာဖြာကျရောက် စေရန် နှုတ်ခွန်းဆက်  စကား ပြောကြားခဲ့ကြပါတယ်။

 

****************************************************************

END / 251