အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ မတ် ၂၀၂၃

၂၁:၅၆:၅၁
1353398

ရုရှား အာဏာပိုင်များကကို iPhone များ အသုံးမပြုရန် ညွှန်ကြားထား

ရုရှားသမ္မတက အနောက်ထောက်လှမ်းရေး အေဂျင်စီများ၏ သူလျှိုလုပ် ထောက်လှမ်း ခြင်းကို ရှောင်ရှားနိုင် ရန် အမေရိကန် လုပ် အိုင်ဖုန်းများ အသုံးပြုခြင်းကို ရပ်တန့်ရန် ရုရှားအရာရှိများအား တောင်းဆိုထား ကြောင်း သိရှိ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရုရှားသမ္မတက အမေရိကန်ကုမ္ပဏီ Apple မှထုတ်သော iPhone များကို အသုံးမပြုရန် ရုရှား အာဏာပိုင်များ အား အဆိုပါ မိုဘိုင်းဖုန်းများကို အနောက်ထောက်လှမ်းရေးအေဂျင်စီများက စိမ့်ဝင်နိုင် သောကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

Kremlin တွင် ပြုလုပ်သည့် ညီလာခံအတွင်း ရုရှားဒုသမ္မတ Sergei Kerenko က နိုင်ငံ၏ ပြည်တွင်းမူဝါဒရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများကို ဧပြီလတွင် အစားထိုးရန် အခြားအရာရှိများအား ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး iPhone အတွက် အရာအားလုံး ပြီးသွားပါပြီးဖြစ်ကြောင်း ဤအတွက်ကြောင့် ဖယ်ထားရမည် သို့မဟုတ်  မိမိ တို့၏ ကလေးများကို ပေးရမည်ဟုပြောကြားခဲ့ပါတယ်။

ဤကိစ္စ အတွက် ဆောင်ရွက်မှုကို မတ်လကုန်တွင် လုပ်ဆောင်သင့်သည်ဟု ရုရှားဒုသမ္မတက ပြောကြားခဲ့ပြီး ကရင်မလင်သည် iPhone ကို အစားထိုးရန် မတူညီသောရွေးချယ်စရာများရှိသည့် မိုဘိုင်းလ်ဖုန်းအသစ်များကို မိတ်ဆက်နိုင်သည်ဟု ပြောကြားခဲ့ပါတယ်၊

Amazon ကုမ္ပဏီပိုင်ရှင်နှင့် ပြင်သစ်သမ္မတ Macron တို့အပါအဝင် နိုင်ငံများ၏ အကြီးအကဲများနှင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ မိုဘိုင်းလ်ဖုန်းများကို အစောပိုင်းတွင် အစ္စရေး၏ နာမည်ဆိုးဖြင့်ကျော်ကြားသော သူလျှိုကိရိယာ Pegasus မှ ဖောက်ထွင်းခံခဲ့ရကြောင်း သတိပြုသင့်ပါတယ်။

****************************************************************

END / 251