အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၉ မတ် ၂၀၂၃

၁၉:၄၀:၄၁
1354862

ဆီးရီးယား ကလေးများ သည် အရွယ်မရောက်မှီ အလျင် ရိုဇဟ် ထားကြ ပါတယ်

လမြတ်ရမ်တွာန် ၏ နာမ် ပိုင်း အရ ကျက်သရေမင်္ဂလာ နှင့် ပြည့်ဝ သည့် အချိန်အခါတွင် ကလေး ငယ်များ ၏ တက်ကြွမှုကို တွေ့ နိုင်ပါတယ်။ အရွယ်မရောက် ကလေးငယ်များ အတွက် အထူး ရိုဇဟ် ထားကြ ပါတယ်၊ ၎င်းရိုဇဟ် အား “ ခိုစင်အဆင့် “ ဟု ခေါ်ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Independent Arabic News ၏ အဆိုအရ၊ ဆီးရီးယားတွင် ရိုဇဟ် ထားခြင်းကို  အထူး စိတ်အား ထက်သန်မှုဖြင့်ထားကြသည့်ကို  တွေ့ရှိရသော်လည်း ခရစ်ယာန်များနှင့် ဆီးရီးယားရှိ မွတ်စလင် မဟုတ်သူများသည်ပင် မွတ်စလင်များကို လေးစားသည့် အနေဖြင့် လူအများမြင်ကွင်း စားသောက်ခြင်းမှ ရှောင်ကြဉ်ကြသည်ကို တွေ့ရမည် ဖြစ်ပါတယ်။

ယခုလမြတ် တွင် ကလေးများသည် ရိုဇဟ် အတွက် ဝါသနာပါလာကာ လိုအပ်သည့်အသက်အရွယ် မတိုင်မီ ရိုဇဟ် ထားရန် ပူစာပြီး အလွန်စိတ်အား ထက်သန် ကြသည့်အတွက်  ကလေးများသည် လူရှေ့သူရှေ့တွင် စားသောက်ကြသည်ကို မြင်ပါက ၎င်းတို့၏သူငယ်ချင်းများက လှောင်ပြောင်ကြပါတယ်။

ဤနည်းဖြင့် ဇဟိုရ်”နေ့မွန်းတည့်ချိန်” အချိန် အထိ  ဇဟိုရ် အချိန် မှ စ၍ အစ်ရ် အချိန်  အထိ ဘာမှ မစားမသောက် သည့် ကလေးငယ်များ ရှိပါတယ်။ မနက်စာ မစားသည် အထိ ရိုဇဟ်ထားသည့် ကလေးငယ်များ ကို ဌက်ကလေးရိုဇဟ် ထားသူများလိုခေါ်ဆိုပါတယ်။ ဇဟိုရ် အချိန် ရိုဇဟ် ထားသည့် ကလေးငယ်များ ကို “ ခိုစင်အဆင့် “ ရိုဇဟ် ထားသူများ ဟုခေါ် ဆိုပါတယ် ။ အစ်ရ် အချိန် ရိုဇဟ် ထားသည့် ကလေးငယ်များ ကို “ သမင်အဆင့် “ ရိုဇဟ် ထားသူများ ဟုခေါ် ဆိုပါတယ် ။

အခြားတစ်ဖက် တွင်လည်း  ကလေးများ ၏ အသက်ပေါ် မူတည် ၍ ငယ်ရွယ် စဥ် တွင် ရိုဇဟ် ထားရန် ခက်ခဲလာပါတယ်။ ဤကိစ္စ နှင့်ပတ်သက် သည့် ဆီးရီးယား သုတေသီ ဂျမားလ် မိုဟဗက် ရိုဇဟ် နှင့် ပတ်သက်ပြီး မှတ်ချက်များ ပြုထားပါတယ်။

ဆီးရီးယား  ကလေးငယ်များ ၏ ရိုဇဟ်

ဆီးရီးယား သုတေသီ ဂျမားလ် မိုဟဗက် မှ ကလေးငယ်များ ၏ ရိုဇဟ် ကို “ခိုအဆင့် “ ရိုဇဟ် ဟုခေါ်ဆိုထားပြီး ဤရိုဇဟ်တွင် ကလေးငယ် များကို ရိုဇဟ် ထားလာရန် လေ့ကျင့် ပေးခြင်းဖြစ် ပါတယ်။ ဤရိုဇဟ် ထားသည့် ကလေးငယ် ကို ၎င်း သူငယ်ချင်းများ မှ ပြက်ရယ် ပြုတာတောင် မလုပ်ကြ ဘူး ။

ဇဟိုရ် အချိန် ရိုဇဟ် ထားသည့် ကလေးငယ်များ ကို “ ခိုစင်အဆင့် “ ရိုဇဟ် ထားသူများ ဟုခေါ် ဆိုပါတယ်။ အစ်ရ် အချိန် ရိုဇဟ် ထားသည့် ကလေးငယ်များ ကို “ သမင်အဆင့် “ ရိုဇဟ် ထားသူများ ဟုခေါ် ဆိုပါ တယ်။ ကလေးငယ်များ သည် ရိုဇဟ် ကို တဆင့် ပြီး တဆင့် လျှောက် ကြပါတယ်။

ပညာရေးနှင့်တာဝန်

တရားရေးဆိုင်ရာကျွမ်းကျင်သူ ဂျမီးလ် သရ်မာနီနီ က ဤနည်းဖြင့် လေ့ကျင့်ရေးလေ့ကျင့်ခန်းအပြင် အစာရှောင်ခြင်းသည် ကလေးများအတွက် တာဝန်သိစိတ်ကိုလည်း ဖန်တီးပေးသည်ဟု ဆိုထားပါ တယ်။

အစ္စလမ်ဘာသာတွင် တာဝန် ကျေပြွန် ရန် အလေးပေး ထားပြီး ဤသို့ဖြင့် ကလေးငယ်များ တာဝန် ကျေပြွန် စိတ် မွေးဖွားလာမည် ဖြစ်ပါတယ်။

ဂျမီးလ် သရ်မာနီနီ မှ ပြောကြားသည်မှာ -  ကျွန်ုပ်တို့ ၏ ကလေးများသည် ပထမအဆင့်တွင် ကျွန်ုပ်တို့ အား အတု ယူ ကြပါတယ်။ ကျမ်းတော် မြတ်ကုရ်အာန် မှ ဤသို့ မိန့်တော် မူထားပါတယ်။

وَالَّذِينَ آمَنُوا وَاتَّبَعَتْهُمْ ذُرِّيَّتُهُمْ بِإِيمَانٍ أَلْحَقْنَا بِهِمْ ذُرِّيَّتَهُمْ وَمَا أَلَتْنَاهُمْ مِنْ عَمَلِهِمْ مِنْ شَيْءٍ كُلُّ امْرِئٍ بِمَا كَسَبَ رَهِينٌ .

စူရဟ် သူရ် ၊ အာယသ်တော် အမှတ် ၂၁

 “အကြင်သူများသည် အီမာန် သက်ဝင်ယုံကြည်ခဲ့ကြပါသည်။ ၎င်းတို့၏ ကလေးများသည်လည်း အီမာန် သက်ဝင်ယုံကြည်မှုတွင် ၎င်းတို့နောက် လိုက်ကြလေ၏။ ငါအရှင်မြတ်သည် ၎င်းတို့၏ ကလေး များ ကို ၎င်းတို့ နှင့်အတူ ပူးပေါင်းစေတော်မူမည်။ ထိုပြင် ငါ အရှင်မြတ်သည် ၎င်းတို့၏ လုပ်ရပ်များ ထဲမှလည်း မည်သည့် အရာ တစ်ခု မျှ လျော့နည်းစေမည် မဟုတ်ပေ။ လူတိုင်းသည် မိမိရှာဖွေ ဆည်းပူးမှု တွင် ပေါင်နှံ ချုပ်နှောင် ထားပြီး ဖြစ်ပါသည်။ “

 

အေဗါဒသ်များ (ခ) ခဝပ်ကိုးကွယ်မှုများ တွင် ရိုဇဟ် သည် လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ဘိုးဘေးများ သည် မိမိတို့၏ ကလေးများကို ရိုဇဟ် နှင့် တာဝန် ကျေပြွန် ရန်အတွက် အဆင့်ဆင့် လေ့ကျင့် ကြိုးပမ်းပေးခဲ့ပါတယ်။

ဂျမီးလ် သရ်မာနီနီ မှ ဆက်လက်ပြီး ကလေးဘဝ တွင် ၎င်းတို့ အား လေ့ကျင့် သင်ကြား ပေးရန် အရေးကြီး ကြောင်း ကောက်ချက်ချပြီး ၎င်း အတွေ့အကြုံများကို လက်တွေ့  အသုံးချ ပြီး ကြီးပြင်းလာချိန် တွင် အကောင်အထည် ဖော်ရန် အရေးကြီး ကြောင်း ကောက်ချက် ချခဲ့ပါတယ်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)သည်  “ အစအဦး၌ သားသမီးတို့အား လေ့ကျင့်ပေးတော်မူပြီး သက်ကြီးရွယ်အို၌ ဝမ်းမြောက်စေမည်” ဟု မိန့်ကြားထားပါတယ်။

ထို့ကြောင့် ဘာသာရေး ဓလေ့ထုံးတမ်းများသည် လူတို့ကြားတွင် ခိုင်ခိုင်မာမာရှိနေဆဲဖြစ်ပြီး ၎င်းတို့တွင် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးဆက်ခဲ့သည့် ဓလေ့ထုံးတမ်းစဉ်လာများတွင် “ခိုအဆင့်” ရိုဇဟ် သည်လည်း တစ်ခု ဖြစ် ကြောင်း ဖြစ်ပါတယ်။

****************************************************************

END / 251