အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၉ မတ် ၂၀၂၃

၂၂:၀၉:၂၀
1354873

ရန်ကုန်သင်္ကြန်လုံခြုံရေး အငြိမ်းစားစစ်မှုထမ်းဟောင်းများ တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီ စေခိုင်း

ပဲခူးမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၇၇ ရဲ့ လက်အောက်ခံတပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစားစစ်မှုထမ်းတွေနဲ့ ဆေးပင်စင် ယူထားသူတွေကို ရန်ကုန်မြို့မှာ သင်္ကြန်ကာလအတွင်း လုံခြုံရေးတာဝန်ယူပေးဖို့ တပ်ရင်းမှူးကနေတဆင့် အရာခံဗိုလ်တွေက တယ်လီဖုန်း နဲ့ဆက်သွယ်ပြီး စည်းရုံးခဲ့တယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပဲခူးမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၇၇ ရဲ့ လက်အောက်ခံတပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစားစစ်မှုထမ်းတွေနဲ့ ဆေးပင်စင် ယူထားသူတွေကို ရန်ကုန်မြို့မှာ သင်္ကြန်ကာလအတွင်း လုံခြုံရေးတာဝန်ယူပေးဖို့ တပ်ရင်းမှူးကနေတဆင့် အရာခံဗိုလ်တွေက တယ်လီဖုန်း နဲ့ဆက်သွယ်ပြီး စည်းရုံးခဲ့တယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

ရန်ကုန်မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်တို့လို အထင်ကရနေရာတွေမှာ လုံခြုံရေးတာဝန် ယူပေးဖို့ စစ်သားဟောင်းတွေကို နေ့စားခ စရိတ်ငြိမ်း ကျပ် ၁၀,၀၀၀ ပေးပြီး ပြန်ခေါ်နေတာ ဖြစ်တယ်လို့ အဆိုပါ စစ်မှုထမ်းဟောင်းက ဆိုပါတယ်။

ဒါ့အပြင် တပ်အတွင်းကနေ သက်ပြည့်ပင်စင်နဲ့ မကြာခင် အနားယူတော့မယ့်သူတွေကိုပါ အခုလို နေ့စားခနဲ့ လုံခြုံရေးယူပေးဖို့ စည်းရုံးနေတာဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ရင် ပင်စင်ကြေး ထုတ်မပေးဘူးဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အဆိုပါ တပ်မ ၇၇ ရဲ့ လက်အောက်ခံတပ်ရင်းတခုဖြစ်တဲ့ အင်းတကော်မြို့က ၁၀၇ ခြေမြန်တပ်ရင်းမှာလည်း အခုနှစ်အတွင်း ရှေ့တန်းမှာ တိုက်ပွဲကျတဲ့ စစ်သားတွေရဲ့ မိသားစုတွေကို နေရပ်မပြန်ခိုင်းဘဲ တပ်ထဲမှာသာ ဆက်လက်နေထိုင်ခိုင်းပြီး မွေးမြူရေးနဲ့ စိုက်ပျိုးရေး ဒါမှမဟုတ် ကင်းစောင့်တဲ့အလုပ် တခုခုကို ခိုင်းစေတာမျိုး လုပ်ဆောင်နေတယ်လို့ အဲဒီတပ်အတွင်းကနေ ထွက်ပြေးလာတဲ့ တိုက်ပွဲကျစစ်သားတဦးရဲ့ ဇနီးသည်က ပြောပါတယ်။

တပ်မ ၇၇ ဟာ ၂၀၂၁ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့သူတွေကို ရက်စက်စွာ ဖြိုခွင်းခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မတခုလည်း ဖြစ်ပါတယ်။


****************************************************************
END / 251