အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃၁ မတ် ၂၀၂၃

၂၃:၀၀:၀၆
1355216

ရှိက်ခ် မိုဖီးဒ် အကြောင်း အနည်းငယ် လေ့လာ ကြပါစို့

ရှိက်ခ် မိုဖီးဒ် နှင့် ပတ်သက်ပြီး လေ့လာ မှတ်သားစရာ အနည်းငယ် ကို ဖော်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် ဘင်န်  နိုအ်မာန် ကျော်ကြား ရှိက်ခ် မိုဖီးဒ် (အရဘီ -  الشيخ المفيد ) ( ဟီဂျရီ ၃၃၆ သို့မဟုတ် ၃၃၈ - မှ ဟီဂျရီ ၄၁၃) သည်  ဟီဂျရီ ၄ ရာစု နှင့် ၅ရာစု အတွက် မိုသကလင်မ် (အရဘီ -  متكلمي) ) အကီဒဟ်ဆိုင်ရာ ပညာရှင်)   နှင့် ဖကီးဟ် အေမာမ်မီယဟ် (အရဘီ -  افقهاء الإمامية )  ( အေမာမ်မီယဟ် ဓမ္မသတ်ပညာရှင် )  တစ်ပါး ဖြစ်ပါသည်။ ၎င်း နှင့်ပတ်သက်ပြီးလာရှိသည်မှာ ရှိက်ခ် မိုဖီးဒ်သည် အေလ်မေအူစိုလေဖေက်ဟ် (အရဘီ - ) အားပြုစုရေးသားခဲ့ပြီး ဖေက်ဟီ အေဂျ်သေဟာဒ် တွင် လမ်းစဥ် အသစ် တစ်ခု မိတ်ဆက်ပေးခဲ့ပါသည်။ ထိုလမ်းစဥ် သည် အက်လ်(ခ) ဆင်ခြင်တုံတရား ကိုအလွန်အကျူး အားကိုးသည့် ဝါဒ  နှင့်  ရီဝါယသ် တော်များ ကို အက်လ် မပါဘဲ လက်ခံ သည် ဝါဒ တို့ နှင့် ယှဥ်လျင် အလယ်အလတ် လမ်းစဥ် ဖြစ်ပါသည်။


ရှိက်ခ် ဆူဒူက် ၊ အစ်ဗ်နေ ဂျိုနိုက်ဒ် အက်စ်ကာဖီ နှင့် အစ်ဗ်နေကော်လဝီးယဟ် တို့သည် ရှိက်ခ် မိုဖီးဒ် ၏ အကျော်ကြားဆုံး ဆရာ များဖြစ်ကြပါသည်။  ရှိက်ခ်သူစီ ၊ ဆယက်ဒ် မိုရ်သဇာ ၊ ဆယက်ဒ် ရဇီး နှင့် နဂျာရှီ တို့သည် ရှိက်ခ် မိုဖီးဒ် ၏ တပည့်များ ဖြစ်ပါသည်။ အလ်မက်နအသိုဖီး အေလ်မိုဖေက်ဟ်  (အရဘီ - المقنعة في علم الفقه ) ၊ အဝါအေလိုလ် မကာလာသ်  ဖီး အေလ်မိုလ်ကလာမ် (အရဘီ - أوائل المقالات في علم الكلام ) နှင့် အေရ်ရှားဒ် ဖီး ဟယာသေ အအေမသေရှ် ရှီအဟ် အလိုင်ဟေမွစ် စလာမ် (အရဘီ - الإرشاد في حياة أئمة الشيعة علیهم السّلام)    စာအုပ်များသည် ရှိက်ခ် မိုဖီးဒ် ၏ အကျော်ကြားဆုံး လက်ရာ များ ဖြစ်ပါသည်။


မျိုးနွယ် နှင့် ဘဝ


မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် ဘင်န်  နိုအ်မာန် ဟီဂျရီ ၃၃၆ခုနှစ် (၂) သို့မဟုတ် ၃၃၈ခုနှစ် (၃) ဇေလ်ကိုင်အ်ဒဟ် လ ၁၁ရက်နေ့ တွင် ဘဂ္ဂဒတ်မြို့ အနီး ရှိ အွတ်က်ဘရာ အမည်ရှိ အရပ်ဒေသ၌ ဖွားမြင်ခဲ့ပါသည်။

၎င်း၏ ဖခင်သည် ဆရာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ပါသည်။ ဤ အတွက် ကြောင့် ရှိက်ခ် မိုဖီးဒ် ( ဆရာသား ) ဟု လူသိများခြင်း ဖြစ်ပါသည်။ အွတ်က်ဘရာ နှင့် ဘဂ္ဂဒတ်ဒီ ၎င်း ၏ အခြား အစွဲပြု ခေါ်သည့် အမည်  နှစ်ခု ဖြစ်ပါသည်။


ရှိက်ခ် မိုဖီးဒ် ဟု အစွဲပြု အမည် တွင်ရသည့် ပတ်သက်ပြီး ဆင့်ပြန်ချက်လာရှိပါသည်။ မိုအ်သဇလီ ဂိုဏ်း၏ အာလင်မ် ဖြစ်သည့် အလီ ဘင်န် အီစာ ရိုမန်နီ  နှင့်  မိုနာဇေရဟ် ( စကား အချေအတင်ပြောဆို ၍ မိမိမှန်ကန်ကြောင်း သက်သေများတင်ပြခြင်း) ပြုလုပ်ခဲ့ပြီး အနိုင်ရခဲ့သည့် အတွက် မိုအ်သဇလီ ဂိုဏ်း၏ အာလင်မ် ဖြစ်သူ  ရိုမန်နီ မှ ၎င်းအား မိုဖီးဒ် ဟု အမည် ပေးခဲ့ ခြင်း ဖြစ်ပါသည်။


သမိုင်း အကိုးအကားများ တွင်ကလေး နှစ် ဦးအား မိုဖီးဒ် ဆိုပြီး ဖော်ပြထားပါသည်။ တစ်ဦးမှာ အဘူလ် ကာစင်အါအလီ ဖြစ်ပြီး နောက်တစ်ဦးမှာ ကျမ်းအကိုးအကားများတွင် ဖော်ပြ ထားခြင်း မရှိသည့်သမီးတစ်ဦး ဖြစ်ပါသည်။ သူမသည် အဘူယအ်လာ ဂျအ်ဖရီ ၏ဇနီးဖြစ်ပါ သည်။


ရှိက်ခ်မိုဖီးဒ် သည် ဟီဂျရီ ၄၁၃ခုနှစ် လမြတ်ရမ်တွာန် ၏ ဒုတိယနေ့ သို့မဟုတ် တတိယနေ့ သောကြာနေ့ တွင် ကွယ်လွန်ခဲ့ပါသည်။ ရှိက်ခ် သူစီ  အနေဖြင့် ရှိက်ခ်မိုဖီးဒ် ကွယ်လွန်ချိန် (အလ္လာဟ်အမိန့်တော်ခံယူချိန်) တွင် နမာဇ် ဇေဂျနာဇဟ် ဝတ်ပြူသူများ နှင့် ငိုကြွေး သူများ လူစုလူဝေး မှ မဇ်ဟဗ် ပေါင်းစုံမှ ဖြစ်ပြီး မကြုံစဖူး ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ရှိက်ခ်မိုဖီးဒ် အား ၎င်း ၏ အိမ်တွင် နှစ်အတော် ကြာ မြှုပ်နှံ ထား ခဲ့ပြီး ကိုရိုင်းရှ် ၏ကဗဲရ်များ ရှိသည့် ဘက် အေမာမ် ဂျဝါဒ် (အ.စ) ၏ ကဗဲရ် အနီးသို့ ယူဆောင်  မြှုပ်နှံ ထားပါသည်။ (၁၀) ရှိက်ခ် မိုဖီးဒ် ၏ ကဗဲရ် သည် ယခု အခါ ကာစမိုင်း ရောင်ဇာတော် တွင် ရှိပါသည်။


ပညာရေး


ရှိက်ခ် မိုဖီးဒ် သည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အခြေခံ ပညာများကို ဖခင်ထံတွင် လေ့လာ ခဲ့ပါသည်။ ပြီးနောက်ဖခင်နှင့် အတူ ဘဂ္ဂဒတ် မြို့ သို့ သွားရောက်ပြီး ဒိတ်ဒိတ်ကြဲ ရှီအဟ်၊ဆွန်နီ ဟဒီးစ်ပါမောက္ခများ၊ မိုသကလင်မ်များ ၊ ဓမ္မသတ် ပညာရှင်များထံ မှ အကျိုးရယူခဲ့ပါသည်။

ရှိက်ခ်ဆူဒူက် (ဟီဂျရီ ၃၈၁ ကွယ်လွန် )၊ အစ်ဗ်နေ ဂျိုနှိက်ဒ် အက်စကာဖီ (ဟီဂျရီ ၃၈၁ ကွယ် လွန် ) ၊ အစ်ဗ်နေ ကောင်လဝီယေဟ် (ဟီဂျရီ ၃၆၉ ကွယ်လွန် ) ၊ အဘူ ဂါလစ်ဗ် ဇရာရီ (ဟီဂျရီ ၃၆၈ ကွယ်လွန် ) နှင့် မိုဟမ္မဒ် ဗင်န် အိုမရ်ဂျအာဘီ (ဟီဂျရီ ၃၅၅ ကွယ် လွန် ) တို့သည် ရှိက်ခ် မိုဖီးဒ် ၏ အကျော်ကြားဆုံး ရှီအဟ်ဆရာများ ဖြစ်ပါသည်။

 

ရှိက်ခ်မိုဖီးဒ် သည် ဂျိုအလ် ဟု လူသိများပြီး မိုအ်သဇလဟ် ဂိုဏ်း၏ ဆရာကြီးများ မှ တစ်ပါးဖြစ်သည့်  ဟိုစိုင်းန် ဗင်န် အလီ ဘဆွာရီ  နှင့် အဘူ ယာစေရ် ၏ တပည့်  နာမည်ကျော် မိုသကလင်းမ် အဘူလ်ဂျိုင့်ရှ် ဘလ်ခီ ထံ ကလာမ်ပညာကို ဆည်းပူးခဲ့ ပါသည်။ပြီးနောက် အဘူလ်ဂျိုင့်ရှ် ဘလ်ခီ အကြံပြုချက် ဖြင့် မိုအ်သဇလီ ဂိုဏ်း၏ အကျော် အမော် ပညာရှင် အလီ ဗင်န် အီစာရမာနီ    သင်တန်း တွင်လည်း တက် ရောက် ခဲ့ပါသသည်။

ရှိက်ခ်မိုဖီးဒ် သည် အသက် ၄၀ ခန့် အရွယ် တွင် ရှီအဟ် များ ၏ ဓမ္မသတ် ၊ ကလာန်မ် နှင့်ဟဒီးစ် ပညာရပ်များ ၏ ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ရှီအဟ် ယုံကြည်ချက်များ ကို အခြား ရှီအဟ် မဟုတ်သည့် ဂိုဏ်းများ နှင့်  စကားစစ် ထိုးပြီး ကာကွယ် ခဲ့ပါသည်။

 

အကျင့် စာရိတ္တ ဆိုင်ရာ  အရည်အသွေးများ


ရှိက်ခ် မိုဖီးဒ် သည် ဆဒ်ကဟ် အများအပြားပေးဆောင်သူ ၊ ကျိုးနွံ နှိမ့်ချသူ ၊ နမာဇ် အများ အပြား ဝတ်ပြုတည်ဆောင်သူ ၊ရိုဇဟ် ဆောက်တည်သူ၊ အဝတ်ကြမ်းများကို ဝ်ဆင်သူ အဖြစ် မှတ်တမ်းတင်လာရှိပါသည်။ ပြီးနောက် ၎င်းအား “ရှိက်ခ်ခိုမရှာ ရေခ်ခိုဆူဖီယေ “ “ဆူဖီဆရာများ ဆရာ “ ဟု ခေါ်ဆုကြပါသည်။


အဘူယအ်လာ ဂျအ်ဖရီ ၏ သားမက် အစီရင်ခံတင်ပြထားသည်မှာ - ရှိက်ခ်မိုဖီးဒ် သည် ညများ တွင် အနည်းငယ် အိပ်စက်ပြီး အချိန်အများစု ကို စာပေများလေ့လာ ခြင်း နှင့် နမာဇ် ဝတ်ပြု ခြင်း နှင့် ကျမ်းတော် မြတ် ကုရ်အာန် ၏ သေလာဝသ် ပြုခြင်း နှင့် စာသင်ကြားပေးခြင်း တို့ ဖြင့် ကုန်စေခဲ့ပါသည်။  အေမာမ် ဇမားန် (အ.ဂျ) မှ ရှိက်ခ် မိုဖီးဒ် အား ရေးသားထားသည့် စာစောင် တွင် ၎င်းအား ဆဒီးဒ် (ခ) ခိုင်မာဖြောင့်မတ်သူ ၊ ဝလီ ရရှီးဒ် ဖြင့် ခေါင်းစဥ် တပ်  မိန့်ကြားခဲ့ ပါသည်။


ပညာနေရာ


ရှိက်ခ်သူစီ အနေဖြင့် “ ကေသာဗ် ဗိုလ်ဖဟ်ရစ် “ တွင်  ရှိက်ခ် မိုဖီးဒ် အား ထက်မြက် သော နားလည် နိုင်စွမ်းရှိပြီး အဖြေပေးရန် အသင့်ရှိပြီး ဓမ္မပညာနှင့် ကလာန်မ် ဆိုင်ရာ ပညာရပ် များတွင် ခေါင်းဆောင် တစ်ဦး အဖြစ် မိတ်ဆက် ပေးခဲ့သည်။ အစ်ဗ်နေ နဒီးမ် အနေဖြင့် ရှိက်ခ် မိုဖီးဒ် အား ရှီအဟ် မိုသကလန်မ်များ ၏ ‌ခေါင်းဆောင် အကြီးအကဲ အဖြစ် မှတ်တမ်းတင်ထားပါသည်။ ကလာန်မ် ပညာရပ် တွင် အခြားသူများထက် သာလွန် သူဖြစ်ပြီး ထူးခြားသည်ဟု ဖော်ပြထား ပါသည်။ ရှိက်ခ် မိုဖီးဒ် အား ဘဂ္ဂဒတ် ကလာန်မ် ကျောင်းတော် ၏ ကိုယ်စားလှယ်  နှင့် ကွမ်း ကလာန်မ် ကျောင်းတော် အတွေး အမြင်များကို ဝေဖန်သူ ဒိတ်ဒိတ်ကြဲ  အရေးပါ ပုဂ္ဂိုလ် ကြီး အဖြစ် ဖော်ပြ ထားပါသည်။ ဘဂ္ဂဒတ်  အတွေး အခေါ် ကျောင်းတော် သည်  ရှိက်ခ် မိုဖီးဒ် ကြောင့် အထွတ်အထိပ် သို့ ရောက်ခဲ့ပါသည်။ (၂၁) ရှိက်ခ် မိုဖီးဒ် သည် အကဲလ်ကို အလွန်အကျွန် လက်ခံသူ အစွန်းရောက်သူ ၊ ဟဒီးစ် ကို အလွန်အကျွန် လက်ခံသူ အစွန်း ရောက်သမား မဟုတ်ဘဲ အလယ်အလတ်လမ်းစဥ်လိုက်သူ အဖြစ် မှတ်တမ်းတင် ဖော်ပြ ထားပါသည်။

ရှိက်ခ် မိုဖီးဒ် သည် တပည့် အများ အပြား ကို ပြုစု ပျိုးထောင်ခဲ့ပါသည်။ ၎င်းတပည့်များ မှ အချို့ ထင်ရှား  ကျော်ကြား သည့် ရှီအဟ် အိုလမာ  ဖြစ်ပါသည်။ ၎င်းတို့  တွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင် ပါသည်။


·        ဆယက်ဒ် မိုရ်သဇာ (ဟီဂျရီ ၃၆၉ ကွယ်လွန် )

·        ဆယက်ဒ် ရဇီ (ဟီဂျရီ ၄၀၆ကွယ်လွန် )

·        ရှိက်ခ် သူစီ (ဟီဂျရီ ၄၆၀ ကွယ်လွန် )

·        နဂျာရှီ (ဟီဂျရီ ၄၅၀ကွယ်လွန် )

·        စေလာဒေလ်မီ (ဟီဂျရီ ၄၆၃ ကွယ်လွန် )

·        အဘူလ်ဖသ်ဟ် ကရာဂျကီ (ဟီဂျရီ ၄၄၉ ကွယ်လွန် )

·        အဘူယအ်လီ မိုဟမ္မဒ် ဗင်န် ဟစန် ဂျအ်ဖရီ ( ဟီဂျရီ ၄၆၃ ကွယ်လွန် ) တို့ ဖြစ်ပါသည်။

 

နည်းလမ်းအသစ် ဖြင့် ဓမ္မသတ်

ရှိက်ခ် မိုဖီးဒ် သည် ရှီအဟ် ဓမ္မသတ်  ကဏ္ဍ တွင် ၎င်း၏အရင်က နည်း နှင့်မတူသည့် နည်းသစ်ကို ထူထောင်ခဲ့ပါသည်။ စိုဗ်ဟာနီ နှင့် ဃရ်ဂျီ တို့၏ အဆိုအရ ရှိက်ခ် မိုဖီးဒ် အလျင် ဓမ္မသတ်  ကဏ္ဍ တွင် နည်းလမ်း ၂ခု သာ အသုံးများခဲ့ပါ သည်။ ပထမ နည်းလမ်း မှာ ရီဝါယသ်များကို အခြေပြု သည့် ဟဒီးစ် အစွန်းရောက် ဖြစ်ပြီး ရီဝါယသ် တော်များ၏ စနဒ် အထောက် အထား နှင့် ရီဝါယသ် စာသားများ ကို လုံလောက်သည့် အသေးစိတ် ဂရုပြု မရှိပေ။ ဒုတိယနည်း မှာ ရီဝါယသ် တော် များ အပေါ် လုံအပ်သလောက် အာရုံစိုက် ခြင်း မပြုဘဲ အကဲလ်အသိဥာဏ် ကို အလွန်အကျွံ တိုက်တွန်း အသုံး ပြုနည်းဖြစ်ပါသည်။ ပမာအား ဖြင့် ကာယာစ် ကဲ့သို့ နိုစူစ်ဒီးန်နီ “သာသနာ့ အတွက် ခိုင်လုံ သည့် သက်သေ အထောက်များ” နှင့် အတူ သအာရိုစ် “ဆန့်ကျင်ဘက်” ပြုခြင်း ဖြစ်ပါ သည်။


ရှိက်ခ် မိုဖီးဒ်သည် အလယ်အလတ် လမ်းစဥ် ကို ရွေးချယ်ခဲ့ပြီး ဓမ္မသတ်  ကဏ္ဍ တွင် နည်းလမ်း အသစ် ကို အခြေပြုပြီး ပထမ အသိဥာဏ် ၏ အကူအညီ ဖြင့် အူစူ “ဓမ္မသတ်အခြေများ” နှင့် ကဝါအစ်ဒ် “ဓမ္မသတ် ဆိုင်ရာ စည်းမျည်း စည်းကမ်း “ ကို ချိန်ကိုက် အသုံးပြု အဲဟ်ကာမ်မေ သဒ်ီးန် “တည်းဖြတ် ထားသည့် သာသနာ့ ဥပဒေသများ “ ကို ထုတ်ဖော်ခြင်း ဖြစ်ပါသည်။(၂၇) ဤအတွက် ကြောင့် ရှိက်ခ်မိုဖီးဒ်  အား အူစူလေဖေက်ဟ် တည်းဖြတ် ပြုစုသူ အဖြစ် သတ်မှတ် ခြင်း ခံထား ရပါသည်။

 

ရှိက်ခ်မိုဖီးဒ် ပြီးနောက် ၎င်း၏ တပည့် ဆယက်ဒ် မိုရ်သဇာ အနေဖြင့် မိမိ၏ ကျမ်း (အရဘီ - کتاب الذریعة الی اصول الشریعة )  နှင့် ရှိက်ခ် သူစီ အနေဖြင့် မိမိ ၏ ကျမ်း (အရဘီ - کتاب العُدَّة فی الاصول )  ရှိက်ခ် မိုဖီးဒ် ၏ နည်းလမ်းကို ဆက်သွားခဲ့ကြ ပါ သည်။

 

ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးပွဲများ


ရှိက်ခ်မိုဖီးဒ် လက်ထက်တွင် ဘဂ္ဂဒတ် မြို့ တွင် မတူညီသည့်  အစ္စလာမ့်မဇ်ဟဗ် များ ၏ ပညာရှင်ကြီး များ အကြား ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးပွဲ အများ အပြားသည် အဘာစီ ခလီဖာများ ရှေ့ မှောက်တွင် ပြုလုပ်ခဲ့ပါ သည်။ ရှိက်ခ် မိုဖီးဒ် ဤ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးပွဲများ တွင်တက်ရောက်နေရာ ယူခဲ့ပြီး ရှီအဟ်မဇ်ဟဗ် နှင့်ပတ်သက်သည့် စောဒကတက်ချက်များ ‌ဝေဖန်ချက်များ ကို တုံ့ပြန် အဖြေပေးခဲ့ပါသည်။


ရှိက်ခ် မိုဖီးဒ် ၏ အိမ်တွင် မိုအ်သဇေလဟ် ၊ ဇိုင်ဒီယဟ် ၊ အစ္စမာအီလီယဟ် မဇ်ဟဗ် ပညာရှင်ကြီး များ ပါဝင်သည့် ဆွေး‌နွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ဖသ်ဝါအမှား အား ပြင်ပေးခြင်း


မတွေ့ရသည့် ရှေးကျသည့် အကိုးအကားများ ၏တင်ပြချက် နှင့် နှစ်ပေါင်း ၁၅၀ ကြာ ရှေ့ ကျသည့် အကိုးအကား အေမာမ် ဇမာန်း (အ.ဂျ) သည် မှားနေသည့် ရှိက်မိုဖီးဒ် ၏ ဖသ်ဝါအား ပြင်ပေးသည်ဟု ဆိုထားပါသည်။ အကိုးအကားအစစ်၏ အားနည်းချက် ဖသ်ဝါ နှင့်ရီဝါယသ်များ ဖသ်ဝါ ယေမရှ်ဟူ တွင် သအာရိုဇ် (ရှိက်ခ် မိုဖီးဒ် အား စာမတတ်ပေမတတ်ဟု စွပ်စွဲခြင်း သို့မဟုတ် ဖသ်ဝါပေးရာတွင် အလျင်စလို ပြုသည်ဟု စွပ်စွဲခြင်း နှင့်  ခိုင်လုံမှုမရှိသည့် အထောက် အထားများနှင့်  ရီဝါယသ်များကိုတင်ပြသည်ဟု ဆိုထားပါသည်။ ထိုပြင်  ရှိက်ခ်မိုးဒ် ၏ မိမိ၏ ဖေက်ဟီ ကျမ်း (အရဘီ - المقنعه ) တွင် ဤကိစ္စ နှင့်ပတ်သက်သည့် ဖသ်ဝါ ယေမရှဟူ ရှင်းလင်း ပြထားပြီး ယင်းအချက်အပေါ် အခြေခံကာ၊ ထိုကဲ့သို့ အမှား ကို ထုတ်လွှတ်ခြင်းသည် ပုံပြင်ပြောခြင်းနှင့် ဆင်တူသည်ဟု ဆိုထားပါ သည်။


အထက်ဖော်ပြပါ ကိုးကားချက်များ နှင့် လက်ရှိခေတ်အကိုးအကား များ အရ ရွာသား တစ်ဦး သည် ရှိက်ခ် မိုဖီးဒ် ထံ သွားရောက်ပြီး ကိုယ်ဝန် ဆောင်အမျိုး သမီးတစ်ဦးသေဆုံးပြီး သားအိမ် အတွင်းမှ ကလေးအသက်ရှင်ပါက သန္ဓေသားအား မည်သို့လုပ် ဆောင်ရမည်ကို မေးမြန်းခဲ့ ပါသည်။ သန္ဓေသားအား အမေ နှင်အတူ သဖ်နာ (မြေမြှုပ် သင်္ဂြိုဟ်) ရ မည်လော ? သို့မဟုတ် ခွဲထုတ်ရ မည်လော ? ရှိက်ခ် မိုဖီးဒ် မှ ၎င်း ရွာသား အား ကလေးကို သားအိမ်ထဲက မဖယ်ဘဲ အမေကို သင်္ဂြိုဟ်ဖို့ ပြောကြားလေ၏။ အပြန်လမ်းတွင် မြင်းစီးသူတစ်ဦးက ရွာသားထံ ချဉ်းကပ်လာပြီး အမျိုးသမီး (အမေ)  ၏ ဗိုက်ကိုခွဲထုတ်ပြီး ကလေးကို ထုတ်ယူပြီးနောက် အမျိုးသမီး (အမေ) ကို သင်္ဂြိုဟ်ရန် ရှိက်ခ် မိုဖီးဒ် မှ မိန့်ကြားခဲ့ကြောင်း ပြောလေသည်။ ဒါပေမယ့် အချိန်တစ်ခု ကြာပြီးနောက်  ရွာသားက ရှိက်ခ်မိုဖီးဒ် ကို ဖြစ်ရပ်မှန် ကို ပြန်ပြောြပသည့်အခါ  ရှိက်ခ်မိုဖီးဒ်မှ အံ့သြသွားပြီး ဖသ်ဝါ ကို ပြင်ဆင်ဖို့ တစ်ယောက် ယောက်ကို စေလွှတ်တာခဲ့ခြင်း မရှိ ကြောင်း  ထိုပုဂ္ဂိုလ် သည်  အေမာမ် ဇမာန်း (အ.ဂျ) ဖြစ်ကြောင်း သတိပြုမိသွားပေသည်။ ။ ထို့နောက်ရှိက်ခ် မိုဖီးဒ် သည် ဖသ် ဝါမပေး တော့ပေနေလေ၏၊နောက်ဆုံး  အေမာမ် ဇမာန်း (အ.ဂျ) ၏ သောင်ကီးအီ တွင် အေမာမ် ဇမာန်း (အ.ဂျ) မှ ရှိက်ခ် မိုဖီးဒ် အား ဖသ်ဝါပေးပါ ။ ငါတို့ ၎င်းဖသ်ဝါ ကို  ပြုပြင်ပြီး ခိုင်ခံ့ ခိုင်မာ အောင် ပြုပေးတော်မူမည် ။

 

လက်ရာများ

 

ရှိက်ခ်မိုဖီးဒ် ၏ လက်ရာ များမှာ နဂျာရှီ၏ဖဟ်‌ရေစ် ကျမ်းအရ စာအုပ် နှင့် သောင်ဇီး ဟုလ်မစာအေလ် ၁၇၅ အုပ်ရှိကြောင်း  တစ်ဝက်ကျော် လက်ရာများ မှာ အေမာမသ် အကြောင်း ဖြစ်ပါသည်။ ရှိက်ခ် မိုဖီးဒ် ၏ အကျော်ကြားတကာ ဆုံး အေလ်မေဖေက်ဟ် ကျမ်း မှာ (အရဘီ - المُقنَعَة ) အလ်မိုကနအဟ် ဖြစ်ပြီး အေလ်မေကလာန်မ် တွင် (အရဘီ - اوائل المقالات ) အဝါအေလိုလ်မကာလာသ် နှင့် အေမာမ်များ ၏ ဘဝ တည်ဆောက်မှု အတ္ထုပ္ပတ္တိ ကို ရေးသား ထားသည့်  (အရဘီ - الاِرشاد ) အလ်အေရရှာဒ် ဖြစ်ပါသည်။ ရှိက်ခ်မိုဖီးဒ် ရေးသားသီးကုံးထားသည့် လက်ရာ များ စုစည်း မှုအား ၁၄ တွဲ “မိုဆနဖါသ်သေရှိက်ခ်မိုဖီးဒ် “ အမည်ဖြင့် ပုံနှိပ် ထုတ်ဝေထားပါသည်။ ဤစုစည်းမှုအား အီရန် သက္ကရာဖ် ၁၃၇၁ ခုနှစ်တွင် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ ရှိက်ခ် မိုဖီးဒ် ညီလာခံ တွင် ထုတ်‌ဝေ ခဲ့ပါသည်။

 

ကျမ်းကိုးများ 


၁- နဂျာရှီ ၊ရေဂျာလ် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ် ၊ စာမျက်နှာ ၃၉၉ ၊ နံပါတ် ၁၀၆၄။

၂- နဂျာရှီ ၊ရေဂျာလ် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ် ၊ စာမျက်နှာ ၄၀၂ ။

၃- အစ်ဗ်နေ နဒီးမ် ၊ အလ်ဖဟ်ရစ် ၊ အီရန်သက္ကရာဇ် ၁၃၅၀ ခုနှစ် ၊ စာမျက်နှာ ၁၉၇ ။ သူစီ ၊အလ်ဖဟ်ရစ် ၊ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ စာမျက်နှာ ၂၃၉ ။

၄- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၇၊၈။

၅- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၇၊၈။

၆- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၈၊၉။

၇- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၃၇။  ရှိုဘိုင်းရီ ၊ နာဂွတ်ဖ်သေဟာဘီအဇ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ၁၁၈။              

၈- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၃၉။                                                                                                               

၉- သူစီ ၊အလ်ဖဟ်ရစ် ၊ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ စာမျက်နှာ ၂၃၉ ။

၁၀- နဂျာရှီ ၊ရေဂျာလ် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ် ၊ စာမျက်နှာ ၄၀၂ ၊၄၀၃ ။

၁၁-ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၃ ။

၁၂-ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၃ ။

၁၃- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၈၊၉။

၁၄- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၂၃၊၂၄။

၁၅- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၂၆။

၁၆- ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၂၆၊၂၇။

၁၇- သွဗ်ရစီ ၊ အလ်အဲဟ်သေဂျာဂျ် ၊ ဟီဂျရီ ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၃၂၂။

၁၈- သူစီ ၊အလ်ဖဟ်ရစ် ၊ဟီဂျရီ ၁၄၁၇ ခုနှစ် ၊ စာမျက်နှာ ၂၃၈ ။

၁၉- အစ်ဗ်နေ နဒီးမ် ၊ အလ်ဖဟ်ရစ် ၊ အီရန်သက္ကရာဇ် ၁၃၅၀ ခုနှစ် ၊ စာမျက်နှာ ၂၂၆ ၊၂၄၇ ။

၂၀- ဂျအ်ဖရီ ၊ မိုကာယေစေအီ မီရန်းန်နေ ဒိုမက်သက်ဗ် ဖေက်ရီ ရှီအဟ် ဒဲရ်ကွမ်း ဝ ဘဂ္ဂဒတ် ဒဲရ် ကရ်နေဂျာဟ်ရွန်မ် ဟီဂျရီ ၊ စာမျက်နှာ ၁၄ ၊ ၁၅ ။

၂၁- ဂျအ်ဖရီ ၊ မိုကာယေစေအီ မီရန်းန်နေ ဒိုမက်သက်ဗ် ဖေက်ရီ ရှီအဟ် ဒဲရ်ကွမ်း ဝ ဘဂ္ဂဒတ် ဒဲရ် ကရ်နေဂျာဟ်ရွန်မ် ဟီဂျရီ ၊ စာမျက်နှာ ၁၅ ။

၂၂- ဖရ်မန်နီယန် ဝ ဆွာဒစ်ကီ ကာရှာနီ ၊ နီဂါဟီ ဗေဟ် သာရီးခ် ခေသဖကိုရ် အေမာမ်မီယဟ် ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ် ၊ စာမျက်နှာ ၆၁ ။ ဂျဗရအီလီ စိုင်းရေ သသူရ်ရေ ကလာန်မ် မေ ရှီအဟ်  ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ် ၊ စာမျက်နှာ ၁၉၈၊၁၉၉ ။

၂၃- ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၃ ။

၂၄- ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၃၊ ၁၄၄ ။

၂၅- စိုဗ်ဟာနီ ၊မောက်စူအသိုသွဗကာသ်သိုလ်ဖိုကဟာ ၊ ဟီဂျရီ၁၄၁၈ ခုနှစ်  ၊ စာမျက်နှာ၂၄၅၊ ၂၄၆ ။ ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၅ ။

၂၆- စိုဗ်ဟာနီ ၊မောက်စူအသိုသွဗကာသ်သိုလ်ဖိုကဟာ ၊ ဟီဂျရီ၁၄၁၈ ခုနှစ်  ၊ စာမျက်နှာ ၂၄၆ ။ ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၅ ။

၂၇- စိုဗ်ဟာနီ ၊မောက်စူအသိုသွဗကာသ်သိုလ်ဖိုကဟာ ၊ ဟီဂျရီ၁၄၁၈ ခုနှစ်  ၊ စာမျက်နှာ ၂၄၅ ။ ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၅ ။

၂၈- ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၆။

၂၉- စိုဗ်ဟာနီ ၊မောက်စူအသိုသွဗကာသ်သိုလ်ဖိုကဟာ ၊ ဟီဂျရီ၁၄၁၈ ခုနှစ်  ၊ စာမျက်နှာ ၂၄၅ ။ ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၅ ။

၃၀-ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၆။

၃၁- မွန်သဇင်းမ် ၊ အတွဲ၈ ၊စာမျက်နှာ ၁၁ ၊ ဗေနကလ် လေ ရှိုဘိုင်းရီ ၊ ဂုဇရီ ဘရ် ဟယာသ် ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၂၃၊၂၄။

၃၂-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၀ ။

၃၃-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၃၊၃၄ ။

၃၄-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၄၊၃၆ ။

၃၅-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၆၊၃၇ ။

၃၆-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၉ ။

၃၇- မိုဟမ္မဒ်ဒီ အစ်ရှ်သေဟာရ်ဒီ ၊ ဟဇရသ် မဲဟ်ဒီ ဖရူဂ်‌ဂေသာဗာန်နေ ဝေလာယသ် ၊ အီရန်သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ စာမျက်နှာ ၁၂၁၂။၂၁၃။နဟာဝန်ဒီ ၊အလ်အဗ်ကရီ အလ်ဟေစာန် ၊ အီရန်သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၄၄၇။

၃၈-ကရီမီယန် ၊ ဝါကာဝီ ဖသ်ဝါယီ မန်စူဗ် ဗေ ရှိက်ခ် မိုဖီးဒ် ၊ စာမျက်နှာ ၃၁၊၃၂ ။

၃၉- နဂျာရှီ ၊ရေဂျာလ် ၊ ဟီဂျရီ ၁၄၀၇ ခုနှစ် ၊ စာမျက်နှာ ၃၉၉၊ ၄၀၂ ။

၄၀- ဖရ်မန်နီယန် ဝ ဆွာဒစ်ကီ ကာရှာနီ ၊ နီဂါဟီ ဗေဟ် သာရီးခ် ခေသဖကိုရ် အေမာမ်မီယဟ် ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ် ၊ စာမျက်နှာ ၅၄ ။

၄၁-ဃရ်ဂျီ ၊ သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ စာမျက်နှာ ၁၄၃၊၁၄၄။

၄၂-ဃရ်ဂျီ ၊ အဘူလ်ကာစင် ၊သာရီးခ်ခေ ဖေက်ဟ် ဝဖိုကဟာ ၊ အီရန်သက္ကရာဇ် ၁၃၈၅ ခုနှစ် ။

၄၃ - - ဝီကီ ရှီအဟ် အွန်လိုင်း စာမျက်နှာ

*************************************************************

END / 251