အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၃၁ မတ် ၂၀၂၃

၂၃:၁၃:၂၀
1355218

အစ္စရေးအသင်းကို လက်မခံလို၍ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အခွင့်အရေးကို အင်ဒိုနီးရှား စွန့်လွှတ်

အစ္စရေးအစိုးရက ပါလက်စတိုင်းတွေအပေါ် သတ်ဖြတ်ညှင်းပမ်းမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အစ္စရေးဘောလုံးအသင်းကို လက်မခံဖို့ အင်ဒိုနီးရှားက ဆုံးဖြတ်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အခွင့်အရေးကိုလည်း စွန့်လွှတ်လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေးအစိုးရက ပါလက်စတိုင်းတွေအပေါ် သတ်ဖြတ်ညှင်းပမ်းမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အစ္စရေးဘောလုံးအသင်းကို လက်မခံဖို့ အင်ဒိုနီးရှားက ဆုံးဖြတ်ခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အခွင့်အရေးကိုလည်း စွန့်လွှတ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အဲရစ် သိုဟီရ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖီဖာတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံစဥ်မှာ ပြောကြားခဲ့တာပါ။

ပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ ကျင်းပဖို့ လျာထားပြီး အိမ်ရှင်နိုင်ငံအသစ်ကို မကြာခင် ကြေငြာမယ်လို့ ဖီဖာက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီပြိုင်ပွဲကို မူလက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ၂၀၂၁ ခုနှစ်က ကျင်းပဖို့ စီစဥ်ထားတာပါ။ ကိုဗစ်ကပ်ရောဂါကို ပြိုင်ပွဲကို ၂ နှစ်နောက်ရွှေ့ခဲ့ရပါတယ်။

အင်ဒိုနီးရှား ပြည်သူတွေက အစ္စရေးအသင်းကို နိုင်ငံထဲ အ၀င်မခံဖို့ အခုလအစောပိုင်းကစတင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဟိန္ဒူအများစုနေထိုင်ရာ ဘာလီကျွန်း အုပ်ချုပ်ရေးမှူးကလည်း အစ္စရေးအသင်းကို သူ့မြေပေါ် အ၀င်မခံဘူးလို့ ထုတ်ပြန်ပြီး တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ရှိနေတဲ့ မဲခွဲပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

အိမ်ရှင်ဖြစ်ခွင့်ကို ဒီလို စွန့်လွှတ်ခဲ့တဲ့အတွက် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာရဲ့ အရေးယူမှုကို ခံရဖွယ်ရှိနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲလို ဖီဖာရဲ့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဥ်ပြိုင်ခွင့် ပိတ်ပင်ခံရတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

****************************************************************
END / 251