အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂ ဧပြီ ၂၀၂၃

၀၁:၅၉:၃၄
1355458

အေမာမ်များ (အ.စ) အနေဖြင့် ဟဇရသ် ခဒီဂျဟ် (စ.အ) အား အကြောင်းပြုပြီး မိမိတို့ အား မိတ်ဆက် ပေးခြင်း

အေမာမ်များ (အ.စ) အနေဖြင့် ဟဇရသ် ခဒီဂျဟ် (စ.အ) အား အကြောင်းပြုပြီး မိမိတို့ အား မိတ်ဆက် ပေးခြင်း အကြောင်း ကို အလမာ မိုဟမ္မဒ်ဒီ အစ်ရှ်သေဟာဒီ မှ မိမိ၏ ကျမ်း "ဆယက်ဒ် ဒဟ် ခဒီဂျသိုလ် ကိုဗ်ရာ (စ.အ) " ကျမ်းတွင် တင်ပြထားပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟီဂျရီ သက္ကရာဇ် မတိုင်ခင်အလျင် ၃ နှစ်အလို လမြတ်ရမ်တွာန် ၁၀ ရက်နေ့ သည် သခင်မကြီး  အွန်မိုလ်မိုအ်မေနီ ဟဇရသ် ခဒီဂျဟ် ဘင်န်သေခိုဝိုင်းလစ်ဒ်( စ.အ) ၏ ဝဖါးသ် နေ့ ဖြစ်ပါတယ်။ သခင်မကြီး သသည် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ မိခင်မွန် ဖြစ်ပါတယ်။

အေမာမ်များ (အ.စ) အနေဖြင့် ဟဇရသ် ခဒီဂျဟ် (စ.အ) အား အကြောင်းပြုပြီး မိမိတို့ အား မိတ်ဆက် ပေးခြင်း အကြောင်း ကို အလမာ မိုဟမ္မဒ်ဒီ အစ်ရှ်သေဟာဒီ မှ မိမိ၏ ကျမ်း "ဆယက်ဒ် ဒဟ် ခဒီဂျသိုလ် ကိုဗ်ရာ (စ.အ) " ကျမ်းတွင် တင်ပြထားပါတယ်။   ကောက်နှုတ် ‌ဖော်ပြ ထားချက် အချို့ မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အေမာမ်ဟိုစိုင်းန် (အ.စ)

အေမာမ်ဟိုစိုင်းန် (အ.စ) မှ အာရှုရာနေ့တွင် ယဇီးဒ်ဒီ (လ.န) တပ် ၏ ရှေ့ တွင် မိမိကိုယ်ကို မိတ်ဆက် သည့်အခါ ဤကဲ့သို့ မိန့်ကြားလေ၏။

" ဘာလဲ ခင်ဗျား တို့ တတွေ ကျွန်ုပ်၏ အဘွားတော်သည် ခဒီဂျဟ် ဘင်န်သေခိုဝိုင်းလစ်ဒ်  (စ.အ) ဆိုတာ ကို မသိကြပါသလော ?

 

အေမာမ် စဂျဒ် (အ.စ)

အေမာမ် စဂျဒ် (အ.စ) အနေဖြင့် လည်း ယဇီးဒ် (လ.န) ၏နန်း တွင် ရှိနေသူများ အရှေ့ တွင် မိမိကိုယ်ကို မိတ်ဆက်သည်အခါ ဤကဲ့သို့ မိန့်ကြားလေ၏။

" ကျွန်ုပ်သည် ခဒီဂျသိုလ်ကိုဗ်ရာ (စ.အ) ၏ သားတော် ဖြစ်ပေသည်။

 

အေမာမ်ဇမာန်း (အ.ဂျ)

ဒိုအာယေ နွဒ်ဘဟ် တွင် အေမာမ် ဇမာန်း (အ.ဂျ) အား ဤကဲ့သို့ တမ်းတ ထားပါတယ် ။

" ဂျနာဗေ ခဒီဂျဟ် (စ.အ) ၊ ကြီးကျယ် မြင့်မြတ်သည့် သခင်မကြီး၏ သားတော် ဘယ်မှာနည်း ? " ဟူ ၍ ဖြစ်ပါတယ်။

ကျမ်းကိုး - سیده خدیجة الکبری - علامه محمدی اشتهادی

****************************************************************

END / 251