အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၈:၂၄:၁၀
1357158

အစ်ဗ်နေမိုလ်ဂျမ် မူရာဒီ(လ.န) အကြောင်း တစေ့ တစ်စောင်း

အစ်ဗ်နေမိုလ်ဂျမ် မူရာဒီ(လ.န) အကြောင်း တစေ့ တစ်စောင်း လေ့လာ မှတ်သားစရာ အနည်းငယ် ကို ဖော်ပြ လိုက် ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အဗ်ဒိုရ်ရဲဟ်မန် ဘင်န် အမ်ရ် ဘင်န် မိုလ်ဂျမ် မူရာဒီ သည် အစ်ဗ်နေ မိုလ်ဂျမ် မူရာဒီ အဖြစ်ကျော်ကြားပြီး ခဝါရောဂျ် နဲဟ်ရဝမ်းန် (ခ) နဲဟ်ရဝမ်းန်စစ်ပွဲ ၏ ခါရေဂျီ များ မှ တစ်ဦး ဖြစ်ပြီး ရှီအဟ်များ ၏ ပထမဆုံးအေမာမ် အလီ ယင်န် အဘီ သွာလစ်ဗ် (အ.စ) ဖြစ်ပါသည်။ အေမာမ်အလီ (အ.စ) ခေလာဖသ် (သမ္မတအရိုက်အရာ ) ကို ရရှိပြီး နောက် ကိုယ်တော် ထံ တွင် အစ်ဗ်နေ မိုလ်ဂျမ် မူရာဒီ သည် သစ္စာခံခဲ့ ပါ သည်။ ဂျမလ်စစ်ပွဲ တွင် ကိုယ်တော် နှင့် အတူ တိုက်ပွဲ ဝင်ခဲ့သူဖြစ်ပါသည်။ ပြီးနောက် စစ်ဖိုင်းန် စစ်ပွဲ ဟို(က)မ်မီယသ်(ခ) အမိန့်နာခံရေးပြဿနာ နှင့်ပတ်သက်ပြီး ခဝါရောဂျ် များ နှင့် ပူးပေါင်းပြီး နဲဟ်ရဝမ်းန်စစ်ပွဲ တွင် မောင်လာအလီ (အ.စ) အားတိုက်ခိုက်ခဲ့သူ ဖြစ်ပါသည်။ ဤစစ်ပွဲ တွင် ထွက်ပြေးသွား၍ အသက်ရှင် ကျန်ခဲ့သူများ မှ တစ်ဦး လည်း ဖြစ်ပါ သည်။ အကျော်အမော် အဆို အရ အစ်ဗ်နေ မိုလ်ဂျမ် သည် အေမာမ် အလီ (အ.စ) အား လမြတ်ရမ်တွာန် ၏ ၁၉ရက်ည၏ မနက်ဖဂျရ် နမာဇ်ဝတ်ပြုနေစဥ် ၊ ကူဖာဗလီ ဝတ်ကျောင်းတော်ရှိ မဲဟ်ရာဗ် (နမာဇ်ရှေ့ ဆောင်ဝတ်ပြုပေးသည့်နေရာ ) တွင် ရှိနေသည့်ချိန် တိုက်ခိုက်ခဲ့ပါသည်။ ဤတိုက်ခိုက်မှုကြောင့် ဟဇရသ်အလီ (အ.စ) သည် ဓား ဒဏ်ရာ ရရှိခဲ့ပြီး လမြတ်ရမ်တွာန် ၂၁ ရက် တွင် ရှဟီးဒ် ဖြစ်ခဲ့ရပါသည်။ အကျော် အမော် ကိုးကားချက်များအရ လမြတ်ရမ်တွာန် ၂၁ရက်နေ့တွင် အေမာမ် ဟစန် (အ.စ) မှ အစ်ဗ်နေ မိုလ်ဂျဓားဖြင့် တစ်ချက်တည်း ခုတ်၍ “ကဆွာဆ်” ရှရီအီအရပြစ်ဒဏ်ပေး ခဲ့ပါ သည်။ ဤ အတွက်ကြောင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရဝါယသ်တော်များ အရ နှင့် ရှီအဟ်များ အကြား (အရဘီ - اَشقَی الاَولّینَ وَ الآخرین ) အဓိပ္ပာယ် မှာ မိုက်မဲ့ သည့်နေရာတွင် ပထမဆုံး နှင့်နောက်ဆုံး အမိုက်မဲ့ဆုံးသူ  နှင့် (အရဘီ - اشقی الاشقیاء) အဓိပ္ပာယ် မှာ  အမိုက်မဲ့ဆုံးသူ အဖြစ် ကျော်ကြားပါသည်။

မွေးဖွားခြင်း နှင့် မျိုးရိုး

အစ်ဗ်နေ မိုလ်ဂျမ် ၏ မွေးနေရက်စွဲနှင့်ပတ်သက်ပြီး သတင်းအချက် အလက်မရှိ သော်    လည်း သူအနေဖြင့် ဂျာဟေလီယသ် ခေတ်ကို မီခဲ့သူဖြစ်ပါသည်။ သူ၏ မျိုးရိုး နှင့်ပတ်သက်ပြီး အစ်ဗ်နေစအ်ဒ် မှပြောကြားသည်မှာ - ၎င်းသည်  ဘနီဟေမ်ရရီ ရှိ မူရာဒီ မျိုးနွယ် မှ ဖြစ်ပါသည်။ ပူဒဟ် သည် ကန်ဒါ အနွယ်   နှင့် မဟာမိတ် ဖြစ်ပါသည်။  အချို့ မှာ ဘနီဟေမ်ရရီ ၏ မျိုးနွယ် ဖြစ်သည့် သာဂျူဗ် မျိုးနွယ် မှ ဖြစ်ကြောင်း ဖော်ပြ ကြပါသည်။ မူရာဒီ မျိုးနွယ် နှင့် မဟာမိတ် ဖြစ်ပါသည်။ ဗလာဖရီ မှ သာဂျုဗ် အစ်ဗ်နေမိုလ်ဂျမ် ၏ အဖိုး(အဖေ၏အဖေ)  ဖြစ်ကြောင်း ဆိုထားပါသည်။

 

အမီးရိုလ်မိုအ်မေနီ (အ.စ)  အားရှဟီးဒ်ပြုရသည့် (သတ်ရသည့်) ရည်ရွယ်ချက်

 

အစ်ဗ်နေမိုလ်ဂျမ် ၏လက်ချက်ဖြင့် အေမာမ် အလီ (အ.စ) ရှဟာဒသ် ဘွဲ့ ကို ခံယူ တော်မူခြင်း ပတ်သက်ပြီး နေက်ကွယ်မှ အစစ်အမှန် လှုံ့ဆော်မှုသည် ကား အဘယ် နည်း ? ဤအတွက် အကြောင်းပြချက် အမျိုးမျိုး ကို ဖော်ပြထားပါသည်။  အစ်ဗ်နေ စအ်ဒ် အနေဖြင့် ဤ ကိစ္စ ၏လုပ်ရပ်အား “ကဆွာဆ်” ရှရီအီအရပြစ်ဒဏ်ပေး မှု ဖြစ်ကြောင်း ဖော်ပြ၍ ရေးသားထားပါသည်။ နဲဟ်ရဝမ်းန်စစ်ပွဲ  တွင် မောင်လာ အလီ (အ.စ) ၏ လက်တော်ဖြင့် ခါရေဂျီများ ရှုံးနိမ့်ပြီးနောက် ထွက်ပြေး၍ အသက်ဘေးမှ လွတ်မြောက်သွားခဲ့သူ ၃ဦး ဖြစ်သည့်  အဗ်ဒိုရ်ရဲဟ်မန် မိုလ်ဂျမ်၊ ဘရတ်က် ဘင်န် အဗ်ဒိုလ္လာဟ် သမီးမီး  နှင့် အမ်ရ်ဘင်န် ဘကီးရ် သမီးမီးတို့သည် မက္ကာဟ်ရွှေ မြို့ တော်တွင် စုမိကြလေသည်။ ပြီးနောက် လုံလောက်သည့်ဆွေး‌နွေး မှုများပြုကြပြီး နောက် ရလာဒ် မှာ တစ်ချိန် တည်း တွင် ဟဇရသ် အလီ (အ.စ) ၊မိုအာဝေယဟ် နှင့် အမ်ရ်အာဆ် တို့အား သတ်ရန်  ဖြစ်ပါသည်။ အဗ်ဒိုရ်ရဲဟ်မန် မိုလ်ဂျမ် မှ ဟဇရသ်အလီ (အ.စ) ကို ရှဟီးဒ် လုပ်ဖို့ တာဝန် ကို ယူခဲ့ပါသည်။ ပြီးနောက် ဤ တာဝန်ကို ပြီးမြောက် အောင်လုပ်ရပ် အတွက် ကူဖာ မြို့သို့ ရောက်ရှိ လာပြီး ခါရဂျီ မိတ်ဆွေများနှင့် တွေ့ဆုံခဲ့ပါ သည်။ဤအချိန် အတွင်း ရှဂျနဟ် ဘင်န်အဒီ ၏သမီး ကိုသွာမ် နှင့် တွေ့ပြီး မြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ရန် တောင်းဆို စကားကို ပို့ခဲ့ပါသည်။ နဲဟ်ရ ဝမ်းန်စစ်ပွဲ အဖေနှင့်အစ်ကို အသတ်ခံခဲ့ရသည့် ကိုသွာမ် အနေဖြင့် အစ်ဗ်နေ မိုလ်ဂျမ် ၏လက်ထပ်ခွင့် ကို လက်ခံခဲ့ပြီး ဟဇရသ် အလီ (အ.စ) သတ်ပေး ရမည်ဆိုသည့် စည်းသတ်မှတ်ချက်ကို ပြုခဲ့ပါသည်။

အစ်ဗ်အအ်စန်မ် ကူဖီ အနေဖြင့် ကိုသွာမ် အား အစ်ဗ်နေမိုလ်ဂျင်းမ် အချစ် သည် သာလျင် ဤ အန္တရာယ်ရှိသည့် ခြေလှမ်းများကို လုပ်ဖို့ အတွက် အဓိက အချက် ဖြစ်ကြောင်း မိတ်ဆက်ပေးပြီး ပြောထားသည်မှာ - နဲဟ်ရဝမ်းန်စစ်ပွဲ အပြီး ဟဇရသ် အလီ (အ.စ) ကူဖာမြို့ သို့မရောက်မီ အလျင် အစ်ဗ်နေမိုလ်ဂျင်းမ် သည့် ကူဖာ မြို့ သို့ဝင်ရောက်ခဲ့ပါသည်။ ပြီးနောက် ခါရေဂျီများ ၏ ရှုံးနိမ့် မှု နှင့် အပေါင်းအဖော်များ တိုက်ပွဲတွင် အသတ်ခံ ရသည့် သတင်းကို ကျန်နေသည့် ခါရေဂျီ အပေါင်း အဖော်များ ကို သတင်းပေးခဲ့ပါသည်။ အစ်ဗ်နေမိုလ်ဂျင်းမ် သည် ကူဖာ မြို့ တွင် နေထိုင်နေစဥ် ကိုသွာမ် အမည်ရှိ ခါရေဂျီ တစ်ဦး၏ သမီးနှင့် တွေ့ဆုံ ခဲ့ပြီး သူမကို ချစ်သည့်သူ ဖြစ်သွားပေ သည်။  လက်ထပ်ဖို့အထိ ခရီးရောက်ခဲ့ပြီး မိန်းကလေးအနေဖြင့် ဟဇရသ် အလီ (အ.စ) အားသတ်ခြင်းကို သတ်မှတ်ချက် အဖြစ် ပြုခဲ့ပါသည်။ ဤဆင့်ပြန်ချက် အရ ထိုညတွင် အစ်ဗ်နေမိုလ်ဂျမ် သည် ကိုသွာမ် ၏ အိမ်တွင် ရှိခဲ့ပါသည်။ ပြီးနောက် ဖဂျရ်နမာဇ် အဇာန်အချိန် တွင် ကိုသွာမ် မှ အစ်ဗ်နေမိုလ်ဂျမ် အား နိုးပြီး ကုဖာ ဗလီ ဝတ်ကျောင်းတော် သို့ စေလွတ်ခဲ့ပါသည်။ ထိုအချိန် အစ်ဗ်နေမိုလ်ဂျင်းမ် သည် အရက် မူးနေပြီး မောင်လာအလီ (အ.စ) မှ ဖဂျရ်နမာဇ် ၏ ဒုတိယ ရကတ်သ် ၏ စဂျ်ဒဟ် ပြုစဥ် အဆိပ်လူးထားသည့် ဓားဖြင့်  မောင်လာအလီ (အ.စ) ၏ ခေါင်းတော် အား ခုတ်ခဲ့လေသည်။

ကျမ်းကိုး အထောက် အထားများအရ  အစ်ဗ်နေမိုလ်ဂျမ်မူရာဒီ (လ.န)  သည် ဟီဂျရီ ၄၀ ခုနှစ် လမြတ် ရမ်တွာန် ၁၉ ရက်နေ့  ဆဟ်ရီ အချိန် တွင် မောင်လာအလီ (အ.စ) အား ကူဖာဗလီ ၏ မဲဟ်ရာဗ် (နမာဇ်ရှေ့ဆောင် ဆရာရပ်သည့်နေရာ) တွင် ရက်ရက်စက်စက် လူမဆန်စွာ ဖြင့် အဆိပ်လူး ဓားဖြင့် ခုတ်ခဲ့ ပါသည်။

ကောင်းကင်တမန်များ ၏လအ်နသ်

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ မှ ဆင့်ပြန် လာရှိသည့် ဟဒီးစ်တော် တစ်ပါး တွင် အေမာမ် (အ.စ)  မှမိန့်တော်မူပါသည်။ အစ်ဗ်နေမိုလ်ဂျမ် မှ အေမာမ်အလီ (အ.စ) ၏ဦးခေါင်းတော် အား ဓား နှင့် ခုတ်ပြီးနောက် ကောင်းကင် တွင် ဓား ထိထားသည့် ဟဇရသ် ၏ ရုပ်ပုံ ပေါ်ထွက်လာပါသည်။ ကောင်းကင်တမန်များ သည် နံနက်တိုင်း ညနေတိုင်း ထိုမျက်နှာတော် အား ဇေယာရသ် ပြုကြပြီး အစ်ဗ်နေမိုလ်ဂျမ် (လ.န)  အပေါ် လအ်နသ် ပို့ကြပါသည်။

ကံကြာမ္မာ

သမိုင်းအထောက်အထား အကိုးအကားများ အရ အစ်ဗ်နေမိုလ်ဂျမ် ကံကြမ္မာ နှင့် ပတ်သက်ပြီးလာရှိပါသည်။ သို့သော် ကျော်ကြားသည်မှာ အေမာမ်အလီ (အ.စ) ၏ မိမိ ဘဝ နောက်ဆုံး ကျန်ရှိနေသည့် နာရီများ တွင် မိမိ၏ သားတော်များကို အစ်ဗ်နေမိုလ်ဂျမ် အားသည်းခံပြီး ဆက်ဆံပေးရန် သေတမ်းမှာခဲ့ပါသည်။ အေမာမ် အလီ (အ.စ) ၏ ရှဟာဒသ် ဘွဲ့ခံယူ တော်ပြီးနောက် အစ်ဗ်နေ မိုလ်ဂျမ်အား “ကဆွာဆ်” ရှရီအီအရပြစ်ဒဏ်ပေးရန် အေမာမ် ဟစန် (အ.စ) ထံ ခေါ်ဆောင်လာခဲ့ပါသည်။ အေမာမ် ဟစန် (အ.စ) မှလည်း ကဆွာဆ်” ရှရီအီအရပြစ်ဒဏ် အဖြစ် ဓား ဖြင့် တစ်ချက် ခုတ်ရန် အမိန့်ပေးတော်မူခဲ့ပါသည်။ ဤဖြစ်ရပ်သည် လမြတ်ရမ်တွာန်၏ ၂၁ရက်နေ့ ဖြစ်ခဲ့ ခြင်း ဖြစ်ပါသည်။ ကျော်ကြားသည်မှာ အက်စ်ဝဒ် နခ်အီ ၏ သမီး အွန်မိုလ်ဟိုင်စန်မ် မှ အစ်ဗ်နေမိုလ်ဂျမ်(လ.န)  ၏ အလောင်းကို ယူပြီး မီးရှို့ လိုက် ကြောင်း သိရှိရပါသည်။

တီဟီရန် နှင့် ဇန်ဂျန် ကဲ့သို့ မြို့ များတွင် လမြတ် ရမ်တွာန် ၂၇ ရက်နေ့ ကို အစ်ဗ်နေမိုလ်ဂျမ် အသတ်ခံရသည့်နေ့ အဖြစ် သတ်မှတ်ကြပြီး ဆိတ်ခေါင်းစွပ် နှင့် အခွံမာသီးများ ( မြေပဲ၊သီဟိုဠ်စေ့ ၊ဗာဒန်စေ့ စသည်ဖြင့်) စားကြ သည့် ဓလေ့ ရှိကြောင်း သိရှိရပါသည်။ အမိမြန်မာ ပြည်တွင် လည်း ဤကဲ့သို့ ဓလေ့ ကောင်းလေး ကို လုပ်သင့်ပါတယ်။

သင်္ချိုင်း

အစ်ဗ်နေဘသွာသွဟ် အနေဖြင့် အစ်ဗ်နေမိုလ်ဂျမ် ၏ သင်္ချိုင်း နှင့်ပတ်သက်ပြီး ရေးသားထားပါသည်။

ကူဖာမြို့ကို ခရီးထွက်သည့် အခါ ကူဖာမြို့ ၏  အနောက်ဘက်ခြမ်းတွင် အဖြူ အကွက် ကွင်းပြင်မှာ အလွန်မည်းနက်တဲ့ မြေကွက်တစ်ခုကို တွေ့လိုက်ရပြီး အကြောင်း ရင်းကို သိချင်စိတ်နဲ့ မေးကြည့် စူးစမ်း လေ့လာသည့် အခါ ထိုနေရာ ရှိ လူများက  ပြောကြပါသည်။  “ ဤနေရာသည် ဟဇရသ် အလီ (အ.စ) ကို သတ်ခဲ့သူ လူသတ် သမား အစ်ဗ်နေ မိုလ်ဂျမ်(လ.န)  ၏ သင်္ချိုင်း ဖြစ်ပါသည်။” ပြီးနောက် ကူဖာ မြို့သားများ ၏ အလေ့အထ တစ်ခုမှာ နှစ်စဥ် နှစ်တိုင်း အစ်ဗ်နေမိုလ်ဂျမ် ၏သင်္ချိုင်း(ခ) ကဗဲရ် ပေါ်တွင် ထင်းအမြောက်အများ ကို စုဆောင်း ပြီး ၇ ရက်ကြာ မီးရှို့ ခြင်းကို ပြုကြ ပါသည်။

 

ကျမ်းကိုးများ

၁။ အစ်ဗ်နေဟဂျ်ရ် ၊အလ်အေဆွာဗဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၅ ၊ အတွဲ ၅ ၊ စာမျက်နှာ ၈၅။

၂။ အစ်ဗ်နေ စအ်ဒ် ၊ အလ်သွဗကာသ် သိုလ်ကိုဗ်ရာ ၊ ခရစ် သက္ကရာဇ် ၁၉၆၈  ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၅။

၃။ ဘဂ္ဂဒက်ဒီ ၊ အစမာအိုလ်မွတ်ဂ်သာလင်းန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ၊ စာမျက်နှာ ၁၁၉။

 

၄။ ဘလာဇရီ ၊ အန်စာဗိုလ်အရှ်ရာဖ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၉၄  ၊ ၊ စာမျက်နှာ ၅၀၈။

 

၅။ အစ်ဗ်နေ စအ်ဒ် ၊ အလ်သွဗကာသ် သိုလ်ကိုဗ်ရာ ၊ ခရစ် သက္ကရာဇ် ၁၉၆၈  ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၅၊၃၆ ။

၆။ အစ်ဗ်နေအအ်စင်မ် ၊ ကေသာဗိုလ်ဖသူဟ် ၊ ဟီဂျရီ က္ကရာဇ် ၁၄၁၁၊ အတွဲ ၄ ၊ စာမျက်နှာ ၂၇၆၊၂၇၈။

၇။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ၊ အတွဲ ၁ ၊ စာမျက်နှာ၂၀။

၈။ မဂျ်လေစီ ၊ ဘေဟာရိုလ်အန်နဝါရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၃ ၊ အတွဲ ၁၈ ၊ စာမျက်နှာ ၃၀၄။

၉။ မိုဖီးဒ် ၊ အလ်အေရ်ရှာဒ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၄ ၊ အတွဲ ၁ ၊ စာမျက်နှာ၂၂။

၁၀ ။သစ်ဗ်ယန်း အင်တာနက် ဆိုက်ဒ် ။

၁၁။ အစ်ဗ်နေဘသွာသွဟ်  ၊ အလ်ရေဟ်လဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၇ ၊ အတွဲ ၁ ၊ စာမျက်နှာ ၁၆၈။

၁၂။ ဝီကီ ရှီအဟ် အွန်လိုင်း စာမျက်နှာ ။

*************************************************************

END / 251

တင်ပြီး