အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁၂ ဧပြီ ၂၀၂၃

၂၀:၁၂:၁၃
1357752

သပိတ်ကျင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြားကျဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၄ မိုင်ရွာနဲ့ ၆ မိုင်ရွာကြားမှာ စစ်ကောင်စီတပ်စစ်ကားနှစ်စီးကို ဧပြီ ၁၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ တ​ကြိမ်၊ နောင်လုံသံတံတားအနီးမှာ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ်ပကဖက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၄ မိုင်ရွာနဲ့ ၆ မိုင်ရွာကြားမှာ စစ်ကောင်စီတပ်စစ်ကားနှစ်စီးကို ဧပြီ ၁၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ တ​ကြိမ်၊ နောင်လုံသံတံတားအနီးမှာ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ်ပကဖက ပြောပါတယ်။

"ပထမတကြိမ်က ကားနောက်ပိုင်းကိုထိတော့ သူတို့ပြန်ပစ်ပြီး ဆက်မောင်းသွားတယ်။ ဒုတိယအဆိုင်းက ဒဲ့ထိပါတယ်၊ ၁၅ ယောက်သေတယ်၊ ၅ ယောက်ကတော့ ခြေပြတ်လက်ပြတ်ပါ” လို့ တကောင်းမြို့နယ်ပကဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ၁၂ ဘီးကားနှစ်စီးကို နှစ်ကြိမ် မိုင်း ၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်သားတွေကို တကောင်းမြို့တွင်းကနေ နာရေးကားသုံးစီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ​ဆိုပါတယ်။

မိုင်းထိမှန်ပျက်စီးသွားတဲ့ကားကို စစ်ကောင်စီတပ်စစ်သားတွေက ညောင်ကုန်းရွာထဲမှာနားပြီးနောက် ကားကိုကြိုးနဲ့ ဆွဲသယ်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တကောင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ မတ် ၂၈ ရက်နေ့ကလည်း စစ်သား ၆၀ ပါ စစ်ကြောင်းကို ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာခဲ့တယ်လို့ တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ ၄၅ မိနစ်​ကြာပြီးနောက် စစ်တပ်က ညောင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပိုက်ဆံ၊ ဖုန်း၊ အချိုရည်ဘူးတွေ၊ ခေါက်‌ဆွဲခြောက်နဲ့ အခြားဖိုးတန်းပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

****************************************************************
END / 251