အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၆ ဧပြီ ၂၀၂၃

၁၉:၃၂:၅၆
1358626

ကျိုးကြောင်းဆီလျော်သော အစီအမံများဖြင့် ရန်သူ၏ ကြံစည်မှုများကို ပျက်ပြားစေနိုင်ပါတယ် / ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ

ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ရန်သူ၏ရေရှည်အစီအမံများကို အာရုံစိုက်ရန် လိုအပ်ကြောင်းနှင့် ရန်သူ၏ အကြံ အစည်များ ကို အချိန်နှင့်တပြေးညီ ကျိုးကြောင်းဆီလျော်စွာ ဆောင်ရွက်မှသာ တားဆီးနိုင် သည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တပ်မတော် အကြီးအကဲများ ကို မိန့်ကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  လက်နက် ကိုင်တပ်မတော် တပ်ဖွဲ့ များ၏ အကြီးအကဲများအား ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ   မှ မိန့်ခွန်း ပြောကြား စဉ်တွင်ဟဇရသ် အေမာမ် အလီ (အ.စ) ၏ သြဝါဒတော် အရ တပ်မတော် လက်နက် ကိုင်တပ်ဖွဲ့များသည် တိုင်းပြည်၏ အခိုင်မာဆုံးသော တံတိုင် များ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ပြီးနောက် ဒီလိုအခြေအနေကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေ၏တာဝန်တွေလည်း တိုးလာကြောင်း  အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးဇူး တော်ကြောင့် ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် လည်း မိမိတို့၏ ရာထူးတာဝန်များကို အလေးထား၍ ထမ်းဆောင်နေကြ ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် မှ ဆက်လက်ပြီး နိုင်ငံတော် ကာကွယ်ရေး အားကောင်းရေးနှင့် ပတ်သက်ပြီး ကန့်သတ်ချက် တစ်စုံတစ်ရာ မထား ဘဲ အရှိန်အဟုန်နဲ့ အစွမ်းကုန် ကြိုးပမ်းကြဖို့ အီရန်တပ်မတော်ကို တိုက်တွန်း မိန့်ကြားပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် တွင် အလ္လာဟ် ဟို အရှင်မြတ်၏ သည်  အမြဲအသင့်ရှိနေရမည် ဖြစ်ကြောင်းမိန့်တော်မူထားတယ်။  ဤအတွက်ကြောင့်  ရန်သူသည် အမြဲ ကြောက်ရွံ့ နေကြောင်း မိန့်ကြားခဲ့ပါတယ်။

ရန်သူ၏ခြိမ်းခြောက်မှုသည် အမြဲရှိနေသောကြောင့် အချိန်တိုင်းတွင် အသင့်ရှိနေရန် အသေအချာ အတည် ပေါက် ဖြစ်နေဖို့ လိုကြောင်း အီရန် လက်နက်ကိုင်  တပ်မတော် ၏ အသင့် ရှိနေသည့် အတွက်ကြောင့် ရန်သူ ဟာ ရန်လို ခြင်း မှာ ရှောင်ကြဥ်နေကြောင်း ပြီးနာက် ရန်သူ ၏ အကြံအစည် များ မအောင်မြင် နေကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် မှ ဆက်လက်ပြီး ရန်သူ  ၏ အခိုင်းစေ များ ကို အာရုံ မထားဘဲ အဓိက လုပ်ခိုင်းနေသူများ နောက်ခံ ကလက်မည်းများ အတွက် မိမိ၏ စွမ်းအား ကို အသုံးချရန် ကမ္ဘာ လုံးဆိုင်ရာ အာဏာ ရှင်များ မိမိတို့ အကျိုး စီးပွား အတွက် စစ်မီးကို  တောက်လောင်း စေကြ ကြောင်း ရန်သူများ ၏ ရေရှည် စီမံကိန်းများ ကို အီရန် တပ်မတော် အနေဖြင့် အထူးသတိပြုရမည် ဖြစ်ကြောင်း တာတို အစီအစဥ် များ ကိုလည်း ရေရှည် စီမံကိန်းများ နှင့် အတူ စောင့်ကြည့်ရန် အရေးကြီး ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဒေသတွင်းမှာ အမေရိကန်၏ ပေါ်လစီနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ အီရန် နိုင်ငံ၏ အရှေ့ဘက် နှင့် အနောက်ဘက်တွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က စစ်ပွဲများ ပြုလုပ်နေကြောင်း မိန့်ကြားပါတယ်။

အမေရိကန်သည် အီရတ် နိုင်ငံ နှင့် အာဖဂန်နစ္စတန် နိုင်ငံ တို့ တွင် မိမိတို့  အကျိုးစီးပွားများ ရှိသော်လည်း အမှန်တကယ်နှင့် အဓိက ရည်ရွယ်ချက်မှာ အီရန်ကို ပစ်မှတ်ထားရန် နေသည် ဖြစ် ကြောင်း အစ္စလာမ့်တော်လှန်ရေးကို ခိုင်မာသောအခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် အတွက် ကြောင့်  အမေရိကန်၏ မသန့်ရှင်း သောအကြံအစည်ကို ဖျက်ဆီးပစ်ခဲ့ နိုင်ကြောင်း မိန့်ကြား ခဲ့ပါ တယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အီရန် အစ္စလာမ်မစ် နိုင်ငံ ၏ ခိုင်မာသော ကာကွယ် ရေးစနစ်ကြောင့် ယနေ့တွင် ရန်သူသည် စစ်ရေးနယ်ပယ်တွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ် ကြောင်း ပြီးနောက် မတရား သိမ်းပိုက်သူ ဇီယွန် ဝါဒီ အစိုး ကြောင့် ရင်ဆိုင်နေရသည့် အကြပ်အတည်း များကို ထောက်ပြ ပြီး အစ္စရေး နိုင်ငံ အတွင်း ဖြစ်ပွား နေသည့် တင်းမာ မှု သည် ရန်သူအပေါ် မိမိတို့  အနိုင်ရ ခြင်း အတွက် လက္ခဏာ နောက်တစ် ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ယမန်နှစ်က ပါလက်စတိုင်းအပေါ် မတရား သိမ်းပိုက်ထားသည့်  ဇီယွန်ဝါဒီ တပ်ဖွဲ့များ၏ ရက်စက် မှုများ အပေါ် တုံ့ပြန်မှု များများစားစား မရှိခဲ့သော်လည်း ယခုနှစ်တွင် အစ္စရေး၏ ရက်စက်မှု များ ကို  အမေရိကန် နှင့် ဗြိတိန်တို့တွင် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရကြောင်း ဆက်လက် မိန့်ကြားခဲ့ပါတယ်။

ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရန်သူအပေါ်  အနိုင်ရ မည်ဆိုတာကို ယုံကြည် ချက်ထား ရှိမှု နှင့်အတူ ၎င်းတို့ ၏ အန္တရာယ်များ ကို မမေ့လျော့ နေဖို့ အလွန်အရေး ကြီးကြောင်း မည်သည့် အနေအထားအခြေအနေ တွင် ဖြစ်စေ ရန်သူ ၏ ကောက်ကျစ်မှု လှည့်စားမှု များ ကို မမေ့လျော့ ဖို့ လိုကြောင်း မိန့်ကြားခဲ့ ပါတယ်။

ပြီးနောက် အီရန် တပ်မတော် ၏ တွေးခေါ် ရေး ဗဟို ဌာန များ ကို ခိုင်မာ ပြီး သင့်လျော် သည့် မူဝါဒ များ ကို မြှင့်တင်ရန် ဆန်းသစ်သည့် နည်းလမ်း များ ချမှတ် နိုင်ရန်ဆောင်ရွက် ဖို့ မိန့်ကြားခဲ့ပါတယ်။

ရဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ခွန်းများ မမိန့်ကြားမည် အလျင် အီရန် အစ္စလာမ်မစ် တပ်မတော် ၏ ပူးတွဲ စစ် ဦးစီးချုပ်  ဗိုလ်ချုပ်ကြီး ဘာကဲရ်ရီ မှ အီရန် အစ္စလာမ်မစ် တပ်မတော် ၏ ဆောင်ရွက် ချက်များ နှင့် အစီအစဥ် များ အကြောင်း ကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251