အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၆ ဧပြီ ၂၀၂၃

၂၂:၁၅:၂၁
1358719

အတာပန်းကို ရေဖြင့်မဆေး၊ သွေးဖြင့်ဆေးသော သင်္ကြန်အဖြစ် လုပ်ရှားမှုပြုလုပ်

အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့တနေရာမှာ တော်လှန်လူ ငယ်ရဲဘော်တွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကြမ်းဖက်စစ်ကောင်စီရဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရန်ကုန်မြို့တနေရာမှာ တော်လှန်လူ ငယ်ရဲဘော်တွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ သင်္ကြန်အတက်နေ့မှာ လတ်တလော အခြေအနေကို ထင်ဟပ်စေတဲ့ “အတာပန်းကို ရေဖြင့်မဆေး၊ သွေးဖြင့်ဆေးသော သင်္ကြန်” ပုံရိပ်အနေနဲ့ စမ်းချောင်း ပင် မ သပိတ်စစ်ကြောင်း (Sc Strike) နဲ့ Owl Community တို့က ပူးပေါင်းလှုပ်ရှားခဲ့ကြတာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ တဖက်မှာ တော်လှန်‌ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည်အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ သင်္ကြန်ပွဲတော်ကိုလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တော်လှန်ပြည်သူတွေကတော့ တနိုင်ငံလုံး စစ်မီးမငြိမ်းပဲ နာမကျန်းဖြစ်နေချိန်မှာ ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲခြင်းနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပဇီကြီးပြည်သူ ၁၀၀ ကျော်အတွက်လည်း မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အမျှဝေ၊ စစ်မိစ္ဆာနှင်၊ သံပုံးတီးဆန့်ကျင်ကြဖို့လည်း တော်လှန်ရေးသပိတ်အင်အားစုတွေက တိုက် တွန်းနှိုးဆော်ထားပါတယ်။

****************************************************************
END / 251