အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၆ ဧပြီ ၂၀၂၃

၂၂:၅၀:၅၀
1358725

မော်လမြိုင်ကျွန်းမြို့ ဈေးမီးလောင်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံး

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ ဧပြီလ ၁၅ ရက် ညပိုင်းက အောင်သာယာဈေး မီးလောင်ခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ဆိုင်ခန်း ၅၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ ဧပြီလ ၁၅ ရက် ညပိုင်းက အောင်သာယာဈေး မီးလောင်ခဲ့လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ဆိုင်ခန်း ၅၀ ကျော်ပျက် စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၁၅ ရက် ၇ နာရီ မိနစ် ၅၀ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်အားကောင်းတာကြောင့် ၉ နာရီလောက်မှ မီးထိန်းနိုင်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

"ကော်ပစ္စည်းတွေဆိုင်တွေပါတော့ လောင်အားအရမ်းကောင်းတာ၊ ဈေးပတ်ပတ်လည်က ဆိုင်ခန်းတွေအကုန်ကုန်တယ်၊ ညဘက်ဈေးစောင့်အိပ်တဲ့ သူတစ်ယောက် သေသွားတယ် "လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

စျေးမီးလောင်ကျွမ်းမှုဟာ ညအစောပိုင်းမှာဖြစ်ပွား ခဲ့ပေမဲ့ သိုလှောင်ထားတဲ့ပစ္စည်းတွေများပြားတာ ကြောင့် မီးလောင်အားကောင်းပြီး မီးသတ် အင်အား မလုံလောက်လို့  ဆုံးရှုံးမှုများခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားဟာ ကုန်စိမ်းဆိုင်မှာ ညစောင့်အဖြစ်လုပ်ကိုင်သူ ဦးမိုးကျော်ဖြစ်ပြီး ဈေးဆိုင်တွေက ပစ္စည်းတွေ မီးလွတ်ရာ ကူညီရွှေ့ပေးနေရင်း ခန္ဓာကိုယ်ကို မီးစွဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

****************************************************************
END / 251