အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၁၇ ဧပြီ ၂၀၂၃

၁၇:၅၂:၄၅
1358950

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု တောင်ကိုရီးယားတွင် ကန့်ကွက်ဆန္ဒပြ

ပဇီကြီးကျေးရွာကို စစ်ကောင်စီလေတပ်က အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချ တဲ့ ဆန္ဒပြပွဲကို ဧပြီ ၁၆ ရက်က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ စစ်သံရုံးနဲ့ အရပ်ဘက်သံရုံးတို့ ရှေ့မှာပြု လုပ်ခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပဇီကြီးကျေးရွာကို စစ်ကောင်စီလေတပ်က အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဧပြီ ၁၆ ရက်က တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ စစ်သံရုံးနဲ့ အရပ်ဘက်သံရုံးတို့ ရှေ့မှာပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲသို့ ကိုရီးယားအခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းတွေ၊  မြန်မာနိုင်ငံသားတွေနဲ့ ကိုရီးယားအဖွဲ့အစည်းတွေကအဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၃ဝဝ လောက် ပါဝင် ဆန္ဒပြကြပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ကိုရီးယား မြန်မာ နှစ်ဘာသာနဲ့ ပြုလုပ်ခဲ့ပါတယ်။

အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်ဟာ ထိတ်လန့် ခြောက်ခြားဖွယ် ဆိုးရွားလွန်းလှကြောင်း၊ အကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေလို့ နိုင်ငံတကာက ထိရောက်စွာ အရေးယူဖို့နဲ့ အရေးယူရာမှာ ကိုရီးယားအစိုးရလည်း ပါဝင်ရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက် တာ၊ အစုလိုက် သတ်ဖြတ်တာတွေအတွက် အကြမ်းဖက်စစ်တပ်ကို အရေးယူရေး NUG ရဲ့ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားသည်။

ဒီဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က စီစဉ်ခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံ ချောင်ဂျူးမြို့မှာလည်း  တော်လှန်သင်္ကြန်နဲ့ ဆန္ဒပြပွဲ တွေပြု လုပ်သွားပါတယ်။

****************************************************************
END / 251