အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၁၈ ဧပြီ ၂၀၂၃

၁၄:၃၂:၀၁
1359189

‘ဝ’ ခေါင်းဆောင်တို့၏ ဦးဆောင်မှုကိုခံယူပြီး အမြဲလက်တွဲ ပူးပေါင်းမည်ဟု TNLA ကြေညာ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ အမျိုးသားနိုင်ငံရေးဦးတည်ချက်ကိုရောက်ရှိ အောင်မြင်စေဖို့အတွက် ‘ဝ’ ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်မှုကို ခံယူပြီး အမြဲလက်တွဲ ပူးပေါင်းသွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကြေညာလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ အမျိုးသားနိုင်ငံရေးဦးတည်ချက်ကိုရောက်ရှိ အောင်မြင်စေဖို့အတွက် ‘ဝ’ ခေါင်းဆောင်တို့ရဲ့ နိုင်ငံရေး စစ်ရေးဦးဆောင်မှုကို ခံယူပြီး အမြဲလက်တွဲ ပူးပေါင်းသွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကြေညာလိုက်ပါတယ်။

‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်တာ ၃၄ နှစ်ပြည့်တဲ့ပွဲတော်ကို ဧပြီ ၁၇ ရက်နေ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

၂၀၂၂ ခုနှစ်မှာ မြန်မာပြည်တွင်းအခြေအနေအပေါ် ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ သဘောထားဖြစ်တဲ့ ပြည်တွင်းပဋိပက္ခကို အင်အားသုံးမဖြေရှင်းဖို့၊ နိုင်ငံရေးနည်းလမ်းတွေနဲ့ပဲ အဖြေရှာဖို့တိုက်တွန်းချက်တွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ ကိုင်စွဲထားရမယ့် အခြေခံမူဝါဒ ဖြစ်တယ်၊ ဒီရပ်တည်ချက်မူဝါဒတို့ဟာလည်း မှန်ကန်သင့်မြတ်ပြီး ‘ဝ’ ပြည်နယ်ရဲ့ ပကတိတရားနဲ့ လျော်ညီသလို PSLF/TNLA ကလည်း လိုလားထောက်ခံတယ်လို့ ဆိုပါတယ်။

‘ဝ’  ပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဦးဆောင်ပြီး ပြည်နယ်နဲ့ လူမျိုးတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာစေဖို့ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ‘ဝ’ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်တွေနဲ့ ‘ဝ’  ပြည်နယ်အစိုးရကို အမြဲလေးစားဂုဏ်ယူပြီး  ‘ဝ’ လူမျိုးနဲ့  ‘ဝ’ ပြည်နယ်က ပြည်သူတွေရဲ့ သွေးစည်းညီညွတ်မှုကိုလည်း အလေးဂရုပြုတယ်လို့ PSLF က ထုတ်ပြန်ထားပါတယ်။

‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားနဲ့ စစ်ရေးပြပွဲတွေကို ဧပြီ ၁၇ ရက် ဒီမနက်ပိုင်းက ‘ဝ’ပြည်မြောက်ပိုင်း၊ မိုင်းပေါက်မြို့ရှိ ၄၆၈  တပ်နဲ့ ‘ဝ’ ပြည်တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ၊ မုံးကျွတ်မြို့မှာ ကျင်းပသွားပါတယ်။

****************************************************************
END / 251