အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၈ ဧပြီ ၂၀၂၃

၁၈:၃၂:၁၄
1359200

အီရန် ၊ ဆော်ဒီ ၊ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံ တို့ တွင် တစ်ရက်တည်း အီးဒ် ဖြစ်နိုင်ပါသလား ?

အီရန် ၊ ဆော်ဒီ ၊ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံ တို့ တွင် တစ်ရက်တည်း အီးဒ် ဒိုလ်‌ဖေသ်ရ် ဖြစ်နိုင်ရန် များပြား သည့် အလားအလာ ရှိနေပါတယ်။ အကယ်၍ တစ်ရက်တည်း ဖြစ်ခဲ့မည်ဆိုလျင် အချိန် အတော် ကြာ ပြီးမှ တိုက်ဆိုင်လာသည့် ရှားပါးသည့် တိုက်ဆိုက်မှု ဖြစ်ပေမည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံစာ အရ အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ နှင့် အခြား အာရှ အရှေ့အလယ်ပိုင်း နိုင်ငံများသည် အီးဒ် ဒိုလ်‌ဖေသ်ရ် သည် ဧပြီလ ၂၂ ရက်နေ့ စနေနေ့ တွင် ဖြစ်နိုင်ဖွယ် ရှိပြီး အိန္ဒိယ နိုင်ငံ တွင် ဧပြီလ ၂၃ ရက် တနင်္ဂနွေ နေ့ ကို ကျင်းပဖွယ် ရှိပါတယ်။ မြန်မာ နိုင်ငံသည် လည်း  အိန္ဒိယ နောက်လိုက်များပြားသည့် အတွက် ဧပြီလ ၂၃ ရက် တနင်္ဂနွေ ဖြစ်နိုင် ပါတယ် ။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ တွင်  လကြည့်ရေး ကော်မတီများ  မှ ဧပြီလ ၂၀ ရက် နေ့ ကြာသပတေးနေ့ တွင် နိုင်ငံ အဝှမ်း လ စောင့်ကြည့် ကြရန် ဖိတ်ခေါ် မေတ္တာ ရပ်ခံ ထားပါတယ်။

အီရန် နက္ခတ္တဗေဒပညာရှင်များ အဆိုအရ လ၏ သက်တမ်းသည် ကြာသပတေးနေ့ တွင် မပြည့် သေးသည့် အတွက်ကြောင့် သောကြာည မှ လမြင်ပြီး စနေနေ့ကို အီးဒ် ဖြစ်ဖို့ အလားအလာ များကြောင်း ဆို ထားပါ တယ်။

ဆော်ဒီ နက္ခတ္တဗေဒပညာရှင်များ က လည်း ရှောသ်ဝါလ် လ ကို ကြာသပတေးနေ့ တွင် မြင်နိုင်ဖွယ် မရှိသော်လည်း သောကြာနေ့ တွင် ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည် ဟုဆိုထားပါတယ်။

ပါကစ္စတန် နိုင်ငံသည် အီရန် ဆော်ဒီ နှင့် အတူ ရမ်တွာန် လမြတ် ၏ လ စခဲ့သည် ဖြစ်ပြီး အီရန် ၊ ဆော်ဒီတို့ နှင့် အတူ အီးဒ် ဒိုလ်‌ဖေသ်ရ် ကျင်းပ နိုင်ခြေ ရှိကြောင်း သိရှိရပါတယ်။

ပါကစ္စတန် လ ကြည့်ရေး ကော်စီ မှ လမြတ် ရမ်တွာန် သည် ရက် ၃၀ ပြည့် ဖြစ်မည် ဖြစ်ပြီး အီးဒ် ဒိုလ်ဖေသ်ရ် သည် ဧပြီလ ၂၂ ရက် စနေနေ့ တွင် ဖြစ်မည် ဟု အစောပိုင်းကတည်းက ပြောကြားထား ပါတယ်။

အီးဒ်ဒိုလ်‌ဖေသ်ရ် သည် လမြတ် ရမ်တွာန် အဆုံးသတ်သည့် လက္ခဏာ ဖြစ်ပါတယ်။ အီရန် ၊ ဆော်ဒီ ၊ ပါကစ္စတန် ၊ အိန္ဒိယ တို့အပါအဝင် ကမ္ဘာတစ်ဝှမ်း လုံး တွင် အီးဒ် ဒိုလ်‌ဖေသ်ရ် အား စိတ်အား ထက်သန် စွာ ၊ ကြီးကျယ် ခမ်းနားစွာ ဂုဏ်ပြု ကျင်းပ ကြပါတယ်။

****************************************************************

END / 251