အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၉ ဧပြီ ၂၀၂၃

၂၀:၂၈:၂၄
1359366

လမြတ်ရမ်တွာန် နှင့်ပတ်သက် သည့် အေမာမ် ဟစန် (အ.စ) သြဝါဒတော်

ဟဇရသ် အေမာမ် ဟစန် မွတ်ဂျ်သဘာ (အလိုင်းဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လမြတ်ရမ်တွာန် နှင့်ပတ်သက် ပြီး ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့်  သိုဟ်ဖိုလ်အူကူလ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام المجتبیٰ علیه السلام:

إنَّ اللّه َجَعَلَ شَهرَ رَمضانَ مِضمارا لِخَلقِهِ فَیستَبِقونَ فیهِ بِطاعَتِهِ إلى مَرضاتِهِ.

 

ဟဇရသ် အေမာမ် ဟစန် မွတ်ဂျ်သဘာ (အလိုင်းဟစ်စလာမ်)  မိန့်တော် မူ၏။

“ အလ္လာဟ်ဟို အရှင်မြတ်သည် လမြတ် ရမ်တွာန် အား မိမိ၏ အဖန်ဆင်းခံများ အတွက်  (ကောင်းမှုကုသိုလ်များ ပြုလိုက်နိုင်ရန် အတွက်) ယှဥ်ပြိုင်ရန် ကွင်းပြင် အဖြစ် သတ်မှတ် ပေးတော်မူ သည် ။ အကြောင်းသည်ကား အလ္လာဟ် ဟို အရှင်မြတ် နှစ်မြို့ ရန်အတွက် ၊အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်များကို လိုက်နာ ကျင့်သုံး ရာတွင် သူထက်ငါ အလျင် ပြု နိုင်ရန် အတွက် ဖြစ်ပါသည်။  

ကျမ်းကိုး ။ ။ သိုဟ်ဖိုလ်အူကူလ် ကျမ်း ၊ စာမျက်နှာ ၂၃၅

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် အရ ကျွန်တော် တို့ အနေဖြင့် လမြတ် ရမ်တွာန် တွင် အခြား မိုအ်မင်၊မိုအ်မေနသ်များထက် ပိုမို၍ အေဗါဒသ် ပြုနိုင်ရန် ၊ လှူနိုင်၊ဒါန်း နိုင်ရန် ၊သေလာဝသ် ပြုမှု၍ ပြုနိုင်ရန် စသည် ဖြင့် ကောင်းမှု ကုသိုလ်များ ပြုရာတွင် သူထက်ငါ အလျင် ပြု နိုင်ရန် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251