အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၆ ဧပြီ ၂၀၂၃

၂၀:၁၃:၄၄
1360806

အီရန် လေပိုင်နက်တွင် သူလျှိုလုပ်ထားသော ရန်သူ လေယာဉ်နှစ်စင်း ကို ဖျက်ချနိုင်ခဲ့ / အီရန် ကာကွယ် ရေးဝန်ကြီး ဌာန

အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ကာကွယ် ရေးဝန်ကြီး ဌာန ၏ ထိပ်တန်းအရာရှိတစ်ဦး မှ အီရန်နိုင်ငံ၏ လေပိုင်နက်အနီးတွင် ကင်းလှည့်နေသော ရန်သူသူလျှိုလေယာဉ်နှစ်စင်းကို ဖျက်စီး ရာတွင် အောင်မြင်ခဲ့ကြောင်း ပထမ ဆုံး အကြိမ် ကြေညာလိုက် ကြောင်း သိရှိရပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အ‌ထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိ ရေတပ် ဗိုလ်ချုပ်ကြီး အမီးရ် ရော့စ်ကာရီ မှ ဤစစ်ဆင်ရေး ကို ကို အီရန်တွင်တီထွင်ထားသည့် အီလက်ထရွန်နစ်စစ်ပွဲဆိုင်ရာ အရင်းအမြစ်များ နှင့် နည်းပညာများဖြင့် လုပ်ဆောင် ခဲ့ကြောင်း ကျွမ်းကျင်သူ အီရန်လူငယ် များမှ လုပ်ဆောင်ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး အမီးရ် ရော့စ်ကာရီ မှ အီရန်သည် အီလက်ထရွန်းနစ်စစ်ပွဲကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပြီး ရန်သူများသည် ဤနယ်ပယ်တွင် ကျွန်ုပ်တို့အား နည်းဗျူဟာတိုင်းကို ကြိုးစား ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ ကြောင်း ၎င်းတို့သည် ဆက်လက်၍  ကြိုးစားနေ ကြ ကြောင်း ပြောကြား ခဲ့ပါတယ်။

ယနေ့ အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏ လက်နက်ကိုင် တပ်မတော် သည် နယ်စပ် မှ ကီလိုမီတာရာနှင့်ချီဝေးသော ခြိမ်းခြောက်မှုများကို ထောက်လှမ်းပြီး ချေမှုန်းနိုင်စွမ်း အပြည့် အဝရှိကြောင်း အီရန် ရေတပ် ဗိုလ်ချုပ်ကြီး အမီးရ် ရော့စ်ကာရီ မှ ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251