အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၆ ဧပြီ ၂၀၂၃

၂၀:၂၆:၄၇
1360811

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ဆော်ဒီ တို့ကြား ကုန်သွယ်မှု စတင်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ဆော်ဒီအာရေဗျတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ရေး နှင့် အတူ အပြန်အလှန် ကုန်သွယ်မှုကို စတင်ရန်လည်း သဘောတူညီခဲ့ ကြကြောင်း ဝမ်းမြောက်ဖွယ် သတင်း သိရှိရပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အ‌ထောက်အထားများအရ အီရန်ကုန်သွယ်ရေး၊ သတ္တုနှင့်စက်မှုဝန်ကြီး ဆယက်ဒ် ရေဇာဖွာတွေမီ က နှစ်နိုင်ငံစလုံး သည် ကုန်သွယ်မှုစတင်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ အီရန်ထုတ်ကုန်ပစ္စည်းများ တင်ပို့မှုသည် ဦးစားပေး လုပ်ငန်း တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

တီဟီရန်နှင့် ရီယာ့ဒ်တို့ကြား ကုန်သွယ်မှု စတင်ချိန်တွင် ကုန်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းစဉ်ကို စတင်ခဲ့ ကြောင်း အီရန်ကုန်သွယ်ရေး၊ သတ္တုနှင့် စက်မှုဝန်ကြီးက ဆယက်ဒ် ရေဇာဖွာတွေမီ ပြောကြားခဲ့ ပါတယ်။

အီရန်နှင့် ဆော်ဒီအာရေဗျတို့သည် ပေကျင်း၌ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို မတ်လ ၁၀ ရက်က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အီရန်နှင့် ဆော်ဒီ အာရေးဗီးယားတို့ကြား ဆက်ဆံရေး ပြန်လည်ထူထောင်မှုကို ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်တွင် ကြိုဆိုခဲ့ သော်လည်း ကိုလိုနီ ဇီယွန်ဝါဒီအစိုးရ (ခ)အစ္စရေး နှင့် နိုင်ငံတကာ အရေးပါဝင်ရှုပ်သည့် အမေရိကန် တို့ က တော့ မကျေနပ် ဘဲ မိမိ တို့  အတွက် အန္တရာယ် ရှိသည့် အတွက် စိုးရိမ်နေကြ ကြောင်း သိရှိ ရပါတယ်။

တီဟီရန်နှင့် ရီယာ့ဒ်တို့ကြား ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းသည် ဒေသတွင်း၌ အပြု သဘော ဆောင်သော အပြောင်းအလဲများကို ဆောင်ကြဉ်းလာမည်ဟု လေ့လာသူများက ဆိုပါတယ် ။ ဆော်ဒီ အာရေဗျနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းသည် အီရန်၏ မျှတသော နိုင်ငံခြားရေး မူဝါဒ ၏ ရလဒ်အဖြစ် ယူဆလျက်ရှိပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် မိမိတို့ ၏ပြဿနာများကို အပြန် အလှန် ဆွေးနွေးအဖြေရှာခြင်းဖြင့် ဒေသအတွင်းငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုအငွေ့အသက်ကို ထူထောင် နိုင် သည်ဟု အမြဲတမ်းအလေးပေးပြောကြားခဲ့ပါတယ်။

****************************************************************

END / 251