အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၈ ဧပြီ ၂၀၂၃

၁၅:၂၃:၂၅
1361082

အီးဒ်ဒေဖေသ်ရ် အချိန်အခါတွင် အေမာမ် အလီ (အ.စ) ဆုံးမ သြဝါဒတော်

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်းဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အီးဒ်ဒေ ဖေသ်ရ် အချိန်အခါ နှင့်စပ်နွယ်ပြီး ဆုံးမထားသည့် သြဝါဒ တော် တစ်ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မန်လာယဟ်ဇိုရိုဟိုလ်ဖကီးဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمومنین علیه السلام:

ألا وَإنَّ هذا اليَومَ يَومٌ جَعَلَهُ اللّهُ لَكُم عِيدا و جَعَلَكُم لَهُ أهلاً، فَاذكُرُوا اللّهَ يَذكُركُم وَ ادْعُوهُ يَستَجِب لَكُم.

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်းဟစ်စလာမ်) မိန့်တော် မူ၏။

“ ယနေ့အား အလ္လာဟ်ဟို အရှင်မြတ် မှ အသင်တို့အတွက် အီးဒ် နေ့ အဖြစ် သတ်မှတ်ပေးထားပါသည်။ အသင်တို့အား လည်း ထိုနေ့နှင့် ထိုက်တန် အောင် ပြုထားပါသည်။ ဤအတွက်ကြောင့် အလ္လာဟ် ဟို အရှင်မြတ် သည်လည်း အသင်တို့ အားသတိရ အောင် အသင်တို့ သည် လည်း အလ္လာဟ် ဟို အရှင်မြတ် အား တမ်းတ အောက်မေ့ သတိရကြ ပါလေ။ အသင်တို့ ၏ (ရှရီအီ) လိုအင်ဆန္ဒများ ကို သဘောတူ ဖြည့်ဝ ပေးရန်အတွက် လည်း အလ္လာဟ်ဟိုအရှင်မြတ် ထံ တောင်းဆို လျှောက်ထားပါလေ။  

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးဟ် ကျမ်း ၊ အတွဲ ၁ ၊  စာမျက်နှာ ၅၁၇

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး အီးဒ် ေန့ တွင် ကျွ်န်ုပ်တို့ ပါလုပ်ရမည်ဆိုတာ ကို ေသေသချာချာ သိရှိ ရမည် ဖြစ်ပါသည်။

****************************************************************

END / 251