အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၉ ဧပြီ ၂၀၂၃

၁၇:၃၂:၅၅
1361401

အီရတ် သမ္မတ ၏ အီရန် ခရီးစဥ်အား တီဟီရန် တွင် ကြီးကျယ်ခမ်းနား စွာ ကြိုဆို

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ H.I ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ မိမိ နှင့် ရာထူးတူ အီရတ် သမ္မတ အဗ်ဒိုလ်လသီးဖ်ရရှီးဒ် အား တီဟီရန် တွင် ကြီးကျယ်ခမ်းနား စွာ တရားဝင် ကြိုဆို ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန အရ  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ H.I ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ မိမိ နှင့် ရာထူးတူ  အီရတ် သမ္မတ အဗ်ဒိုလ်လသီးဖ်ရရှီးဒ် အား တီဟီရန် တွင် ကြီးကျယ်ခမ်းနား စွာ တရားဝင် ကြိုဆို ခဲ့ပါတယ်။

အီရတ်သမ္မတ အဗ်ဒိုလ်လသီးဖ်ရရှီးဒ် သည် ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် အီရန် အစ္စလာမ်မစ် ပြည်သူ သမ္မတ နိုင်ငံသို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စနေနေ့ နံနက်ပိုင်းက တီဟီရန်မြို့သို့ ရောက်ရှိခဲ့ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ H.I ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ စအ်ဒ် အာပါဒ် ၌ တရားဝင် လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဧည့်ခံပွဲ အခမ်းအနားတွင် သမ္မတနှစ်ဦးက တပ်မတော် တပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  ထို့နောက် နှစ်နိုင်ငံ သမ္မတများသည် နှစ်ဖက် တွေ့ဆုံ ဆွေးနွေး ကြပါတယ်။

တွေ့ဆုံပွဲအပြီးတွင် အီရန်သမ္မတ H.I ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီသည် အီရတ်သမ္မတ အဗ်ဒိုလ်လသီးဖ်ရရှီးဒ် နှင့် အတူ တွဲ ပူးသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းစာ ရှင်းလင်း ပွဲ တွင် ဘုံနိုင်ငံရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေး မှုဆိုင်ရာကိစ္စရပ်များနှင့် လက်ရှိ ဆက်ဆံ ရေးနှင့် အဆက်အသွယ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည် သုံးသပ်ခဲ့ကြ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေး ရန် ပြောကြား ခဲ့ပါတယ်။

အီရန် နဲ့  အီရတ်ကြား ဆက်ဆံရေးဟာ ဗျူဟာမြောက် သဘောသဘာဝ ဖြစ်တယ်လို့ နိုင်ငံ H.I ‌ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီသည် က ပြောပါတယ်။ လက်ရှိတွင် တီဟီရန် နှင့် ဘဂ္ဂဒတ် ကြား ကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ဆယ်ဘီလီယံကျော် ရှိပြီး ယင်းကို ထပ်မံတိုးမြှင့်ရန် လိုအပ်ကြောင်း အီရန် သမ္မတ မှ ပြောကြားခဲ့ပါတယ်။

အနောက်အာရှတွင် ဒေသတွင်းမဟုတ်သော အင်အားကြီးနိုင်ငံများ၏ တည်ရှိနေခြင်းကို အီရန်သမ္မတက အသုံးမဝင်ကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်များသည် ဤဒေသ၏ ငြိမ်းချမ်းရေးနှင့် စည်းမျဥ်းစည်းမျဥ်းကို ဖျက်ဆီးခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

အီရန်သည် ဘုံအကျိုးစီးပွားကိုအခြေခံ၍ ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းလိုသော်လည်း အမေရိကန်သည် ဒေသတွင်းရှိ မိမိ၏အကျိုးစီးပွား အတွက်သာ လုပ်ဆောင် နေကြောင်း အီရန် သမ္မတမှ ပြောကြားခဲ့ပါတယ်။

အီရန်နှင့် အီရတ်တို့ကြား ပြီးခဲ့သောနှစ်တွင် ချုပ်ဆိုခဲ့သော လုံခြုံရေး သဘောတူညီချက်သည် နှစ်နိုင်ငံနှင့် ဒေသတွင်း လုံခြုံရေးအတွက် အလွန်အရေးကြီးကြောင်း ဖော်ပြခဲ့ပြီး တီဟီရန်နှင့် ဘဂ္ဂဒတ် ၏ လုံခြုံရေးသည် အပြန်အလှန် ချိတ်ဆက်နေကြောင်းအီရန် သမ္မတ မှ  ပြောကြားခဲ့ပါတယ်။

ဒီအခါသမယမှာ အီရတ်သမ္မတ အဗ်ဒိုလ်လသီးဖ်ရရှီးဒ် က နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ အလွန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ စွမ်းအင် အပါအဝင် နယ်ပယ် အသီးသီး မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးထား ပြောကြားခဲ့ပါတယ်

****************************************************************

END / 251