အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၃ မေ ၂၀၂၃

၁၄:၁၂:၅၀
1362404

တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် တရုတ်က အဆင်သင့်ရှိနေ

မြန်မာစစ်ကောင်စီနဲ့ ပြည့်၀တဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်သွားဖို့ သဘောတူညီမှု ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ကျင်ဂန်းက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်ကောင်စီနဲ့ ပြည့်၀တဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်သွားဖို့ သဘောတူညီမှု ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ကျင်ဂန်းက ပြောပါတယ်။

ကျင်ဂန်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အလေးထားပြီး တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ကျင်ဂန်း က ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တရုတ်က စိတ်ရင်းမှန်နဲ့ မျှော်လင့်ပြီး၊ မြန်မာ့အမျိုးသားရေးလက္ခဏာနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းတစ်ခု ရှာဖွေဖို့ ထောက်ခံအားပေးတယ်လို့လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုလုပ်ငန်း၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို တရုတ်က ထောက်ခံကြောင်း ကျင်ဂန်းက ထည့်သွင်း ပြောကြားခဲ့ပါတဘ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလေးထားဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမျိုးကနေ ပါ၀င်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို သူက တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်လာကာ ဆက်စပ်ကိစ္စတွေကို ညှိနှိုင်းမှုကနေတစ်ဆင့် ဖြေရှင်းတာကို တရုတ်က ထောက်ခံပြီး၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တည်လာရေးအတွက် တိုးချဲ့ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ကျင်ဂန်းက မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251