အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၆ မေ ၂၀၂၃

၀၈:၁၀:၅၅
1368779

ဟဇရသ် ခတီးဂျသိုလ်ကိုဘ်ရာ (စ.အ) ၏အရိုက် အရာ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ် တော် တစ်ခု တွင် ဟဇရသ် ခတီးဂျသိုလ်ကိုဘ်ရာ (စ.အ) ၏အရိုက် အရာ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဘေဟာရိုလ်အန်နဝါရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی ‏الله ‏علیه ‏و ‏آله وسلم:
إنَّ جَبْرَئيلَ أتاني لَيْلَةً اُسري بي فَحينَ رَجَعْتُ قُلْتُ: يا جَبْرَئيلُ هَلْ لَكَ مِنْ حاجَةِ؟ قالَ: حاجَتي أنْ تَقْرَءَ عَلي خَديجَةَ مِنَ اللهِ وَ مِنِّي السّلامَ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ကျွန်ုပ်မေအ်ရာဂျ ည ကိုသွားပြီး အပြန် တွင် ဂျီဗရာအီးလ် (အ.စ) မှကျွန်ုပ် ထံလာရောက်လ၏။ ကျွန်ုပ်မှ ၎င်းအား ပြောလေ၏။ အိုဂျဗရာအီးလ်(အ.စ) ! အသင်တစ်ခုခု လိုအင်ဆန္ဒရှိပါသလား? ၎င်းမှ အဖြေပေး လျှောက်ထားလေ၏။(ဟုတ်ကဲ့) ကျနော် အလို ဆန္ဒ က‌တော့ အလ္လာဟ် ဟို အရှင်မြတ်  နှင့် ကျနော်ဘက်မှ ဟဇရသ် ခတီးဂျဟ် (စ.အ) အပေါ်စလာမ် ပို့သပေးရန် ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း၊ အတွဲ ၁၈ ၊ စာမျက်နှာ ၃၈၅ ၊ ဟဒီးစ်တော် ၉၀

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး သခင်မကြီး ဟဇရသ် ခတီးဂျဟ် (စ.အ) အဆင့် ၊ အရိုက်အရာ ကို ထင်ရှား စွာသိမြင်နိုင်ပါတယ်။သခင်မကြီး ၏ ကျေးဇူးသည် အစ္စလာမ် ဘာသာနာ နှင့် မွတ်စလင်မ်များ အပေါ် ရှိပါတယ်။ သို့သော် ယနေ့ စွန်နီ မွတ်စလင်မ်များကော် ရှီအဟ်မွတ်စလင်မ်များ ပါ သခင်မကြီး ကိုမေ့နေကြပါတယ်။ သခင်မကြီး အကြောင်း အထူးတင်ပြရမည် ဖြစ်ပါတယ်။ သခင်မ ကြီး မွေးနေ့ ပွဲနှင့်ဝဖါသ်နေ့ တွင် အဇါဒါရီ ကို စီစဥ် ပြီးပြုလုပ်သင့်ပါတယ်။

****************************************************************
END / 251