အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၈ မေ ၂၀၂၃

၂၀:၂၃:၅၃
1369446

အကျင့်စာရိတ္တကောင်းတစ်ခု

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ)မှ ရီဝါယသ် တော် တစ်ခု တွင် အကျင့်စာရိတ္တကောင်း တစ်ခု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဂိုရရိုလ်ဟေကမ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။
ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمومنین علیه السلام:
مِن أحسَنِ المَكارِمِ بَثُّ المَعْروفِ.

 အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

“ကောင်းမြတ်သည့် အလုပ်များကို တိုးပွားအောင် တိုးတက်အောင် ပြုခြင်းသည် အမွန်မြတ်ဆုံး နှင့် အကောင်းတကာ အကောင်းဆုံး  စာရိတ္တများ မှ (ကိုယ်ကျင့်တရားများမှ) တစ်ခု ဖြစ်ပါသည်။ ”

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ၊ ဟဒီးစ်တော် အမှတ် ၉၃၇၃

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော် တို့ သည် ကောင်းမြတ်သည့် အလုပ်များ ကို တိုးတက် အောင် တိုးပွားအောင် ဆရာစွဲ ပုဂ္ဂိုလ်စွဲ ဟို အစွဲ ဒီအစွဲ မရှိဘဲ အလ္လာဟ် နှစ်မြို့ရန်ဆိုသည့် အစွဲဖြင့် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

****************************************************************
END / 251