အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဇွန် ၂၀၂၃

၂၀:၅၉:၃၃
1371907

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ

အေမာမ်ခိုမေနီ (ရ.ဟ) အနေဖြင့် အီရန် ၊ မွတ်စလင်မ်အွန်မသ် ကြီး နှင့် ကမ္ဘာကြီး အား အဆင့် သုံးဆင့်ဖြင့် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အီမာန်နှင့် အလ္လာဟ့်ထံ မျှော်လင့် ခြင်း သည် အေမာမ် (ရ.ဟ) ၏ အရေးကြီးလက်နက်များ ဖြစ်ပါတယ်

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ကွယ်လွန်ခြင်း (၃၄) နှစ် မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွင် တန်ဖိုးသိ ပြီး ဂုဏ်သိက္ခာ ရှိသည့် အီရန် နိုင်ငံသား များ ကြီးကျယ်ခမ်းနားပြီး အလွန်ကြီးမားသည့် လူစု လူဝေး ကြီးကို မိန့်ခွန်း ပြောကြားရင်း အေမာမ် ခိုမေနီ (ရ.ဟ) အား အီရန်သမိုင်းတွင် အပြောင်မြောက်ဆုံး ပုဂ္ဂိုလ်များ မှ တစ်ဦး ဖြစ်ကြောင်း မိန့်ကြား ခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ  ခါမေ နာအီ မှ ဇွန်လ ၄ရက်နေ့ တွင်ပြုလုပ်သည့် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ကွယ်လွန်ခြင်း (၃၄) နှစ် မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွင်  တန်ဖိုးသိ ပြီး ဂုဏ်သိက္ခာ ရှိသည့် အီရန် နိုင်ငံသား များ ကြီးကျယ် ခမ်းနားပြီး အလွန်ကြီးမားသည့် လူစု လူဝေး ကြီးကို မိန့်ခွန်း ပြောကြားရင်း အေမာမ် ခိုမေနီ (ရ.ဟ) အား အီရန်သမိုင်းတွင် အပြောင်မြောက်ဆုံး ပုဂ္ဂိုလ်များ မှ တစ်ဦး ဖြစ်ကြောင်း မိန့်ကြား ခဲ့ ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ အေမာမ် ခိုမေနီ (ရ.ဟ)ကြောင့်  နိုင်ငံ ၊ မွတ်စလင်မ် အွန်မသ်နှင့် ကမ္ဘာကြီး အား အဆင့် သုံးဆင့်ဖြင့် ပြုပြင်ပြောင်းလည်မှုကြီးကိုရှင်း ပြပြီး အေမာမ် (ရ.ဟ)၏ အီမာန်နှင့် အလ္လာဟ့်ထံ မျှော်လင့် ခြင်း သည် ကြီးမားသောသမိုင်းဝင်ပြောင်းလဲမှုများကို ဖန်တီးပေးသည့် ပျော့ပျောင်း သော စွမ်းအားများ ဖြစ်ပြီး အီရန်နိုင်ငံ၊ အမျိုးသားအကျိုးစီးပွားကို လိုလားခြင်း၊ စီးပွားရေး အခြေအနေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အာဏာသည် ပြည်သူများနှင့် လူ့အဖွဲ့ အစည်း၏ ယုံကြည် မှုနှင့် မျှော်လင့်ချက်တို့ကို ခိုင်မာစေရန် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သင့် ကြောင်း ကို မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဘာသာရေးလေ့လာမှု၊ ယုံကြည်မှု၊ ဘာသာတရား၊ ခွန်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ အလ္လာဟ်အရှင်မြတ်အတွက် ရပ်တည်မှု၊ တော်လှန်နိုင်ငံရေးနှင့် လူ့စနစ်ပြောင်း လဲမှုစသည့် ကိစ္စရပ်များတွင် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အံ့သြဖွယ်ကောင်းသော အသွင်အပြင်များကို ထောက်ပြခဲ့ ပြီးအီရန် ခေါင်းဆောင်များ၊ အရေးပါအရာရောက်ပုဂ္ဂိုလ်များ သမိုင်းတွင် ဤအရည် အချင်းများ အားလုံးတစ်နေရာတည်းတွင် စုစည်းနေတာကို မတွေ့မြင်ရသေးကြောင်း  ဤ အတွက်ကြောင့် ကျွန်ုပ်တို့၏ ထူးခြားသည့် အေမာမ် ခိုမေနီ  (ရ.ဟ) ထာဝရရှင်သန် နေမည်ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီးအီရန်၊ မွတ်စ်လင်မ် အွန်မသ် နှင့် အေမာမ် ခိုမေနီ (ရ.ဟ)တို့၏ ကမ္ဘာတွင် မကြုံစဖူးသော အပြောင်းအလဲများကို ထောက်ပြခဲ့ပြီး အစ္စလာမ်မစ်  တော်လှန်ရေးကို ပေါ်ပေါက်လာစေရန်နှင့် ပြည်သူတို့လက်ထဲ၌ အောင်မြင်အောင် ပြုလုပ်ခြင်းဖြင့် ဘုရင် စနစ် အင်ပါယာ နိုင်ငံရေး ဖွဲ့စည်းပုံကို ပြည်သူ့ အဖြစ်သို့ ပြောင်းလဲစေခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

(အင်အားကြီးနိုင်ငံများ) ခိုင်းတာလုပ် ၊ သေးငယ် သည့် အစိုးရကို ကိုယ်‌ခြေပေါ် ကို ရပ်တည် နိုင်သည့် အမျိုးသားအာဏာပေါ် အ‌ခြေခံသည့်စနစ် ကိုကျင့်သုံးသည့် အစိုးရ သာသနာကိုဆန့်ကျင်သည့် အစိုးရ ကို အစ္စလာမ်မစ် အစိုးရ ၊အာဏာရှင် စနစ်အား လွတ်လပ်မှုဖြင့် အထောက်အထား မရှိမှုကို အမျိုးသား လက္ခဏာ အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ပစ္စုပ္ပန် နှင့် အနာဂတ် ပြဿနာများအားလုံး ကို ဖြေရှင်း နိုင်ရန် အံ့ဖွယ်အင်အား နှင့် တန်ခိုးကို တိုင်းတစ်ပါးကိုအားမကိုးသည် လူမျိုး (အီရန်)ကို ‌ အေမာမ် ခိုမေနီ (ရ.ဟ) မှ ပေးအပ်ခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မွတ်စလင် အွန်မသ် အဆင့်မှာ အေမာမ် ခိုမေနီ (ရ.ဟ) က ယူဆောင်လာတဲ့ အပြောင်းအလဲရဲ့ သွင်ပြင်လက္ခဏာတွေ၊ အစ္စလာမ့်အသိအမြင်ရဲ့အစ၊ မွတ်စလင်မ် ၏ တက်ကြွမှုနဲ့ ဆန္ဒရှိမှုနဲ့ ပါလက်စတိုင်းကိစ္စကို အရေးအကြီးဆုံး ပြဿနာအဖြစ် အဓိပ္ပာယ် ဖွင့်ဆို ခဲ့ပါတယ်။ အစ္စလာမ့်ကမ္ဘာကြီး မှ ပါလက်စတိုင်းနိုင်ငံ ၏ ဝမ်းနည်းကြေကွဲဖွယ်ရာ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်အသစ် မှုတ်သွင်းခဲ့ပြီး ယခု ကမ္ဘာကွဒ်စ်နေ့ ကို အီရန်တွင်သာမက မွတ်ဆလင်မဟုတ်သော နိုင်ငံများ၏ မြို့တော်များတွင်ပါ အဖိနှိပ်ခံ ပါလက်စတိုင်း ကို ကူညီ ထောက်ခဲ့သည့်  ပလက်ဖောင်း အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဆက်လက်ပြီး ရဲဟ်ဗရ်အင်န်ကေလာဗ်မှ အေမာမ် ခိုမေနီ (ရ.ဟ)သည် ရုပ်ဝါဒ ယှဥ်၍ မလှုပ်ရှားမှု  မှ ရုန်းထွက် စေပြီး လူထုအား  ဘာသာရေးခေါင်းဆောင် ၊ခေါင်းဆောင် သည့် စနစ် ဘက်သို့ အာရုံရောက်အောင် ဆွဲဆောင်နိုင်ခဲ့ပြီးကမ္ဘာအဆင့်အထိ အပြောင်းအလဲများ ၏ အဓိက ဝင်ရိုး ဖြစ်ကြောင်း ဤကြီးကျယ်သည့် ပုဂ္ဂိုလ် (အေမာမ် ခိုမေနီ (ရ.ဟ)) ကမ္ဘာပေါ်တွင် ဘာသာရေး ခေါင်းဆောင် ဦးဆောင် သည့် စနစ် ကို အရောင် ကို ထွန်းတောက်စေခဲ့ကြောင်း နာမ် ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပြဿနာ များ နှင့်  အကြောင်း အရာများအပေါ်  နယ်ချဲ့သမားများ၏ နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မီဒီယာစင်တာများမှ ပြင်းထန်သောတိုက်ခိုက်မှု နှင့် ရုပ်ဝါဒကို မြှင့်တင်ရန် ၎င်းတို့၏ စက်ဆုပ်ရွံ့ရှာဖွယ်ကြိုးပမ်းမှုများသည် ဤလေးနက်သောပြောင်းလဲမှုအပေါ် ၎င်းတို့၏ တုံ့ပြန်မှု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဆက်လက်ပြီး စာရွက်နှင့် တိပ်ခွေ ကက်ဆက်များ စာမျက်နှာများကို အေမာမ် ခိုမေနီ (ရ.ဟ)မှ အသုံး ပြု၍  မိမိ၏ သတင်း စကား များကို လူအများထံ ပေးပို့ခဲ့ကြောင်း ဤကိစ္စ အား ခဲယဉ်းသော စွမ်းအားများအဖြစ် ဖော်ပြခဲ့ပြီး ယင်းတို့သည် အံ့ဖွယ် ကောင်းသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်စေခဲ့ကြောင်း အေမာမ် ခိုမေနီ (ရ.ဟ)  ၏ နူးညံ့ သိမ်မွေ့သည့် အဓိက အား နှစ်ခု မှာ အီမာန် နှင့် အလ္လာဟ့် ထံမှ မျှော်လင့် ခြင်း ဖြစ်ကြောင်း မိန့် ကြား ခဲ့ပါတယ်။

အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် ကြီးမှ ဆက်လက်ပြီး အီရန်ပြည်သူတွေအပေါ် ကမ္ဘာက နယ်ချဲ့ ဝါဒရဲ့ ရန်လိုမှုဟာ အီရန်ရဲ့ သဘောထားပျော့ပြောင်းမှုကို အတိုင်းအတာတစ်ခုအထိ ပြသခဲ့မယ်ဆိုရင် လျော့နည်း သွားမှာ မဟုတ်ကြောင်းနဲ့ ရန်သူကို လိုက်လျောညီထွေရှိတဲ့အခါတိုင်း လိုက်လျောညီထွေရှိကြောင်း အတိတ်က သက်သေပြခဲ့ပြီးပြီ၊ ရန်သူများက ကျွန်ုပ်တို့၏ ပျော့ပျောင်းမှုနှင့် ပျော့ပျောင်းသော အနေအထားကို ကျေနပ် လိမ့်မည်မဟုတ်ပေ၊ ၎င်းတို့သည် အီရန်ကို အစ္စလာမ့်တော်လှန်ရေးမတိုင်မီခေတ်သို့ ယူဆောင် သွားလို ကြောင်း မိန့်ကြားခဲ့ ပါတယ်။

ဆက်လက်ပြီး ရန်သူများ ဟာ အစ္စလာမ့်တော်လှန်ရေးနှင့် အစ္စလာမ်မစ် ပြည်သူ့ စနစ် ကို အားနည်းသွားအောင် အများကြီး ကြိုးပမ်းခဲ့ပြီး တစ်ခါတစ်ရံ ရှေ့ကိုရောက်လာပေမယ့် အမြဲတမ်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ရဲဟ်ဗရ် မှ မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ရန်သူများ၏ နောက်ဆုံးကြိုးပမ်းမှုသည် ယမန်နှစ်နှောင်းပိုင်းတွင် အီရန်နိုင်ငံရှိ မြို့အသီးသီးတွင် ဆူပူအုံကြွမှု ပုံစံဖြစ်အောင်ပြုပြီး  အနောက်အုပ်စုအေဂျင်စီများသည် ဤလုပ်ငန်း တွင် အပြည့်အဝ ပါဝင်ခဲ့ ကြကြောင်း ရန်သူများ အနေဖြင့် အစ္စလာမ်မစ် ပြည်သူ့ စနစ် သည် အဆုံး သတ်သွားပြီးဟု ထင်နေကြကြောင်း ဤလူမိုက် များသည်နောက်တစ်ကြိမ် ထပ်၍ အမှားပြုခဲ့ ကြကြောင်း အီရန် လူထု ကို နားမည် နိုင် သေးကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ ခါမေနာအီ မှ အီရန်ပြည်သူများနှင့် အထူးသဖြင့် လူငယ်များသည် ရန်သူများ၏ အကြံအစည်များကို ဖျောက်ဖျက်ကာ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အီရန်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုးတက်မှုကို ဖော်ပြခဲ့ပြီး အီရန်၏ အနာဂတ်သည် တောက်ပထွန်းလင်းစေသည်ဟု မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251