အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၁၅ ဇွန် ၂၀၂၃

၁၉:၂၃:၀၈
1373377

အစွန်းရောက်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် အိန္ဒိယ မွတ်စလင်များ

အိန္ဒိယမြောက်ပိုင်းက ရွာငယ်လေးတစ်ရွာမှာ ဒေသခံမွတ်စလင်တွေဟာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယမြောက်ပိုင်းက ရွာငယ်လေးတစ်ရွာမှာ ဒေသခံမွတ်စလင်တွေဟာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အူတာရက်ဟန်းပြည်နယ်က ပူရိုလာဆိုတဲ့ရွာမှာ ဖြစ်ပါတယ်။ မွတ်စလင်လူငယ်နှစ်ယောက်က ဟိန္ဒူအမျိုးသမီးငယ်တစ်ဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ မေလအတွင်းက စွပ်စွဲချက်တစ်ခုကို ဟိန္ဒူအစွန်းရောက်အဖွဲ့နှစ်ခုဖြစ်တဲ့ Vishwa Hindu Parishad နဲ့ Bajrang Dal တို့က အမြတ်ထုတ်လာတာပါ။

ဇွန်လ ၁၅ ရက်နေ့မတိုင်ခင် ရွာကနေ အပြီးပြောင်းရွှေ့ဖို့ မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေမှာ အစွန်းရောက်တွေက စာလိုက်ကပ် ခြိမ်းခြောက်ခဲ့ကြပါ တယ်။

ပြန်ပေးဆွဲဖို့ ကြိုးစားတယ်ဆိုတဲ့ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။ ဟိန္ဒူအဖွဲ့တွေက ပြန်ပေးဆွဲမှုဟာ “အချစ်ဂျီဟတ်” ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

မွတ်စလင်တွေဟာ ဟိန္ဒူအမျိုးသမီးတွေကို လက်ထပ်ကာ ဘာသာပြောင်းခိုင်းပြီး ဟိန္ဒူဘာသာကွယ်ပျောက်အောင် လုပ်ဆောင်နေတယ်လို့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက စွပ်စွဲပြီး ဒါကို “အချစ်ဂျီဟတ်” လို့ သူတို့ကိုယ်တိုင် အမည်ပေးထားတာ ဖြစ်ပါတယ်။

အိန္ဒိယကိုအုပ်စိုးနေတဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရ ကိုယ်တိုင်က နိုင်ငံအတွင်း မွတ်စလင်တွေထံမှာ “အချစ်ဂျီဟတ်” လို စီမံကိန်းမျိုး မရှိဘူးလို့ ၀န်ခံထားပါတယ်။

ပူရိုလာမှာတော့ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေက “အချစ်ဂျီဟတ်” ခေါင်းစဥ်ကို တွင်တွင်ကျယ်ကျယ်သုံးကာ မွတ်စလင်တွေကို မောင်းထုတ်ဖို့ ကြိုးပမ်းနေကြပါတယ်။

မေလ ၂၉ ရက်နေ့မှာ ဒီအဖွဲ့တွေက ဆန္ဒပြမှု ပြုလုပ်ကာ မွတ်စလင်တွေကို ရွာကနေ နှင်ထုတ်ဖို့ အစိုးရကို လူသိရှင်ကြား တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်ဟာ မွတ်စလင်တွေကို စော်ကားပြောဆိုမှုတွေလုပ်ကာ အိမ်တွေ၊ ဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

“ကောင်လေးတွေကိုလည်း ဖမ်းထားပြီ။ ရဲကလည်း စုံစမ်းစစ်ဆေးနေပြီ။ ဒီလူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ။ အိမ်တွေ၊ ဆိုင်တွေကနေ ကျွန်တော်တို့ကို ထွက်သွားစေချင်ကြတာလား။ ကျွန်တော်တို့ ဘယ်သွားရမှာလဲ။ ဒီမှာ မျိုးဆက်ပေါင်းများစွာ ကျွန်တော်တို့ နေခဲ့ကြတာပါ” လို့ အမည်မဖော်လိုတဲ့ မွတ်စလင်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ဟိန္ဒူအစွန်းရောက်အဖွဲ့တွေ အစည်းအ၀ေးတစ်ခု ကျင်းပဖို့ရှိနေပြီး ပူရိုလာရွာက မွတ်စလင်တစ်ချို့ကတော့ ရွာကနေ တိမ်းရှောင်နေကြပါတယ်။

ပူရိုလာနဲ့ မ၀ေးတဲ့ ဘာရ်ကော့ရွာမှာလည်း ဒီလှုပ်ရှားမှု ကူးစက်သွားပြီး မွတ်စလင်တွေပိုင်တဲ့ ဆိုင်တစ်ချို့မှာ အလိုမရှိဆိုတဲ့ စာရွက်တွေ ကပ်ကာ ခြိမ်းခြောက်လာကြပါတယ်။

အူတာရက်ဟန်းကို ဟိန္ဒူသီးသန့်ပြည်နယ်ဖြစ်လာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ အရင်ကတည်းက ရှိခဲ့ပြီး မွတ်စလင်တွေနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေကို အမြဲမပြတ် အမြတ်ထုတ်နေကြတာ ဖြစ်ပါတယ်။


****************************************************************
END / 251