အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ ဇွန် ၂၀၂၃

၂၀:၀၈:၅၃
1373697

ဆီးရီးယား ရှိ တူရကီထိန်းချုပ်ထားသော အကျဉ်းထောင်မှ ISIS အကြမ်းဖက် သမားများ ထွက်ပြေး လွတ်မြောက်

ယနေ့တွင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တူရကီစစ်တပ် ထိန်းချုပ်ထားသော အကျဉ်း ထောင်တစ်ခုမှ ISIS အကြမ်းဖက်သမား ၂၅ ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ယနေ့ ဇွန်လ ၁၇ရက် စနေနေ့တွင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ "ရာစ်စိုလ်အိုင်းန် " ရှိ တူရကီစစ်တပ် သိမ်းပိုက်ထားသော အကျဉ်းထောင်တစ်ခုမှ ဒါအေရှ် (ခ) ISIS အကျဉ်းသား အများအပြား ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားအရှေ့မြောက်ပိုင်း အလ်ဟစကဟ် ပြည်နယ်ရှိ ဒေသခံသတင်းရင်းမြစ်များက Sputnik သတင်းဌာနသို့ ယနေ့ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အကြမ်းဖက်သမားဒါအေရှ် (ခ) အိုင်းအက်စ် ၂၅ ဦးရှိ ပြီး ယင်းအကြမ်းဖက်သမားများ သည် အီရတ်၊ ဆီးရီးယား၊ ဆော်ဒီနှင့် ကူဝိတ် နိုင်ငံသားများ ရှိသည်ဟု သိရှိရပါတယ်။
လွတ်မြောက်လာသူအကြမ်းဖက်သမား  ၁၀ ဦးတွင် အီရတ်နိုင်ငံသား၊ ၂ ဦးမှာ ဆော်ဒီနိုင်ငံသားဖြစ်ပြီး ၁၃ ဦးမှာ ဆီးရီးယား နိုင်ငံသားများဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များအရ သိရပါတယ်။
ဆီးရီးယားမှ IS အကြမ်းဖက် သမား များသည် နိုင်ငံအရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး ယမန် နှစ်အစပိုင်း နှင့် နှစ်ကုန်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရပါတယ်။
IS အကြမ်းဖက် သမား များသည် "ရာစ်စိုလ်အိုင်းန် “အနီးတစ်ဝိုက်တွင်ရှိသော တူရကီမြေပေါ်တွင် မကြာခဏ ခိုလှုံလေ့ရှိကြောင်း Sputnik က ထောက်ပြ ထားပါတယ်။
****************************************************************
END / 251