အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၈ ဇွန် ၂၀၂၃

၁၅:၁၂:၂၀
1373871

တာလီဘန် မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် တောင်းဆို

အာဖဂန် နစ္စတန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချက်ချင်းပေး ရန် အာဖဂန် နစ္စတန် တာလီဘန်တို့က တောင်းဆိုထားကြောင်းသိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အဖွဲ့၏ စီးပွားရေးဝန်ကြီး ဒီးန်မိုဟမ္မဒ် ဟနီးဖ် သည် ကဘူးလ် မြို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံ ရာတွင် အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ချက်ချင်း တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

အာဖဂန်နစ္စတန်အတွက် သိသာထင်ရှားတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးခဲ့ပေမယ့် ဒီအကူအညီက မလုံလောက်ဘဲ ကုလသမဂ္ဂအနေနဲ့ အာဖဂန်နစ္စတန်မှာ အပြုသဘောနဲ့ သိသိသာသာ လုပ်ဆောင်ရမယ်လို့ တာလီဘန်အဖွဲ့၏ စီးပွားရေးဝန်ကြီး ဒီးန်မိုဟမ္မဒ် ဟနီးဖ်က  ပြောပါ တယ်။

ကဘူးလ်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံးက ပြီးခဲ့သော ငါးလ တာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံသား သန်း ၁၇၀ ကျော်သည် ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျန်းမာရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အတွက် လှူဒါန်း ကြောင်း ဇွန် ၉ ရက်တွင် ကြေညာခဲ့ပါတယ်။

အငတ်ဘေးနှင့် မိုးခေါင်မှုနှင့် ကျိုင်းကောင်တိုက်ခိုက်မှုများအပါအဝင် အာဖဂန်နစ္စတန်ရှိ သဘာဝ ဘေးအန္တရာယ်အချို့ကြောင့် စီးပွားရေးအကျပ်အတည်းသည် ပိုမိုရှုပ်ထွေးလာကြောင်း သတိပြုသင့်ပါတယ်။

အမေရိကန်စစ်သားများ၏ အနှစ်နှစ်ဆယ်ကြာ မတရား ၊ တရားမဝင် သိမ်းပိုက်မှုရလဒ်ကြောင့် ဤနိုင်ငံ၏အဆိုးရွားဆုံးသော ပြဿနာများနှင့် အခက်အခဲများ၊ အထူးသဖြင့် စီးပွားရေး ပြဿနာ များကို ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့များ တိုးမြင့်လာခြင်းကြောင့် ဤနိုင်ငံအတွက် လူသား ချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မှုလည်း တိုးလာနေကြောင်း သိရှိရပါတယ်

****************************************************************

END / 251