အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၈ ဇွန် ၂၀၂၃

၁၆:၂၁:၄၃
1373894

NLD လွှတ်တော် အမတ်၏ အစ်ကို ဖြစ်သူ စစ်ကြောရေး တွင် နှိပ်စက် ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ့ အစ်ကိုဖြစ်သူ ဦးတင်သန်းဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် ဇွန် ၁၆ ရက်က စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ့ အစ်ကိုဖြစ်သူ ဦးတင်သန်းဦးဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် ဇွန် ၁၆ ရက်က စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။

ဇွန် ၆ ရက်က အသက် ၅၂ အရွယ် ဦးတင်သန်းဦးကို မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ နောက်လမ်း ၁၁ လမ်း သူ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ ၁၆ ရက်ညက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက  “မိသားစုကို ဇွန် ၁၆ ရက် မနက်ပိုင်းမှာ ဦးတင်သန်းဦးသေဆုံးကြောင်း အကြောင်းကြားလာတယ်။ ၃ နာရီလောက်မှာ မိသားစုတွေကို မျက်နှာလောက်ပဲပြပြီး မီးသင်္ဂြိုဟ် လိုက်တယ်”လို့ ပြောပါတယ်။

ဦးတင်သန်းဦးကို ဖမ်းဆီးရာမှာ ဒုရဲအုပ် မောင်ကိုကို၊ နယ်ထိန်း ရဲဒုတပ်ကြပ် စိုင်းမြသူ၊ ရဲဒုတပ်ကြပ် ရဲမင်းဖြိုး၊ ရဲဒုတပ်ကြပ် အောင်မျိုးသွင်၊ ရဲတပ်သား ထက်မြတ်အောင်၊ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပုငယ်နဲ့ ကြောင်ငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်ပါဝင်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ရဲ့ အထက်အစီရင်ခံစာအရ သိရပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူ တဦးက “ကိုတင်သန်းဦးဟာ အနေအထိုင်အေးတယ်။ သူဖမ်းဆီးခံရပြီးတဲ့ နောက် သူ့ကို စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တဲ့ပုံရတယ်။ ခန္ဓာကိုယ် တခုလုံး သံပူထိုးပြီး လက်တွေ ကျိုးနေတယ်။ ပါးစောင်တွေ ရွဲ့နေတယ်” လို့  ဆိုပါတယ်။

သေဆုံးသူ ကိုတင်သန်းဦးရဲ့ ညီဖြစ်သူ ကိုမင်းဇော်တင့်ဟာ ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်အထိ ဖမ်းဆီးထားစဉ်အတွင်းနဲ့ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၃၈၁၈ ဦးရာ လွှတ်တော်ကိုယ်စား ၂ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။

****************************************************************
END / 251