အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၂၀ ဇွန် ၂၀၂၃

၂၀:၃၅:၁၁
1374381

မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံတွင် နေရာပြန်ပေးရန် ထိုင်းအစိုးရ ကြိုးစားလာ

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မှာ ပြန်လာပါ၀င်လာနိုင်ရေး ရည်ရွယ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ် ဦးဆောင်ကျင်းပပေးမယ်လို့ ထိုင်း အိမ်စောင့်အစိုးရက ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံအဆင့်မှာ ပြန်လာပါ၀င်လာနိုင်ရေး ရည်ရွယ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ် ဦးဆောင်ကျင်းပပေးမယ်လို့ ထိုင်း အိမ်စောင့်အစိုးရက ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်သူတွေအပေါ် အကြမ်းဖက်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက ဖယ်ကျဥ်ထားတာပါ။

စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းအိမ်စောင့်အစိုးရရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို အထောက်အကူဖြစ်စေဖို့အတွက် ဒီဆွေးနွေးပွဲကို စီစဥ်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲကို လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးတို့ တက်ရောက်လိမ့်မယ်လို့ ထိုင်းက ပြောပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က စစ်ကောင်စီကို အာဆီယံအဆင့်မှာ နေရာပြန်ပေးရေး ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားက ဒီဆွေးနွေးပွဲကို တက်မှာ မဟုတ်ပါဘူး။ မလေးရှားက အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဆွေးနွေးပွဲဟာ အာဆီယံအဖွဲ့ရဲ့ ညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

****************************************************************
END / 251