အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၂၀ ဇွန် ၂၀၂၃

၂၀:၃၇:၅၉
1374382

ကျုံဒိုးမြို့ လျှပ်စစ်ရုံးအတွင်း တပ်စွဲထားသည့် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ခုနစ်တိုင် လျှပ်စစ်စ်ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဂဠုန်စစ်ကြောင်း Fixed -Wing Drone တပ်ဖွဲ့ ( SpringUAV Force-G3) က ဇွန် ၁၉ ရက် ညနေ ၅ နာရီက ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းဘက်က တာဝန်ရှိသူက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ခုနစ်တိုင် လျှပ်စစ်စ်ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  ဂဠုန်စစ်ကြောင်း Fixed -Wing Drone တပ်ဖွဲ့ ( SpringUAV Force-G3) က ဇွန် ၁၉ ရက် ညနေ ၅ နာရီက  ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းဘက်က တာဝန်ရှိသူက ပြောပါတယ်။

နည်းပညာအဆင့်မြှင်တင်မှု ကိုယ်တိုင် တီထွင်ဆန်းသစ်မှုနဲ့ ထုတ်လုပ်ထားတဲ့ 010 အမည်ရှိ Fixed -Wing  ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကြာ တိုက်ခိုက်ခဲ့မှုဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီး  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂဠုန်စစ်ကြောင်း တာဝန်ရှိသူတဦးက “စစ်ကောင်စီတပ်က တပ်စွဲထားတာကြာပြီ၊ အင်အားက ၃၀ လောက် ရှိတယ်၊ ဒီစခန်းက ဒေသခံပြည်သူလူထုနဲ့ ခရီးသွားပြည်သူလူထုအပေါ် ရိုင်းစိုင်း မောက်မာပြီး ဖိနှိပ်အနိုင်ကျင့်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာ”လို့ ပြောပါတယ်။

လက်ရှိမှာ မြေပြင်မှာ ဘာတိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီတပ်ဘက်က ညဘက်ဆို လက်နက်ကြီး လက်နက်ငယ်နဲ့ ကျုံဒိုးအနီးအနားက ရွာတွေဘက်ကို မကြာခဏ ပစ်ခတ်လေ့ရှိပြီး ရွာသားတချို့ကတော့ ပြောင်းရွှေ့သွားတာရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ကလည်း စစ်ကောင်စီဘက်က တောင်ကြာအင်းရွာထဲ မိုင်းလိုက်ထောင်ရင်း ပေါက်ကွဲမှုဖြစ်လို့  ရွာသားရဲ့ နေအိမ် မီးလောင်သွားခဲ့ပါတယ်။

****************************************************************
END / 251