အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၁ ဇွန် ၂၀၂၃

၁၆:၄၃:၃၄
1374570

ရောင်ဇာတော်များကို ကာကွယ်သူ ရှဟီးဒ် မဂျီးဒ် ကုရ်ဘာန်ခါနီ ၏ ညီမ နေကာဟ် ရဲဟ် ဗရ် ဖတ်ပေး

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ၈ နှစ် ခန့်က ဆီးရီးယားနိုင်ငံ ခန်းသူဖန် ဒေသ တွင် သခင်မကြီး ဇိုင်နဗ် (စ.အ) နှင့် သခင်မလေး စကီနာ (စ.အ) စသည် အဖိုးတန် သာသနာ့ အမွေအနှစ်များ ကို ကာကွယ်ရင်း ရှဟီးဒ် ဖြစ်သွားသည့် ရှဟီးဒ် မဂျီးဒ် ကုရ်ဘာန်ခါနီ ၏ ညီမ နေကာဟ် ရဲဟ် ဗရ် ဖတ်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ လွန်ခဲ့သည့်  ၈ နှစ် ခန့်က ဆီးရီးယားနိုင်ငံ  ခန်းသူဖန် ဒေသ တွင် သခင်မကြီး ဇိုင်နဗ် (စ.အ) နှင့် သခင်မလေး စကီနာ (စ.အ) စသည် အဖိုးတန် သာသနာ့ အမွေအနှစ်များ ကို ကာကွယ်ရင်း  ရှဟီးဒ် ဖြစ်သွားသည့် ရှဟီးဒ် မဂျီးဒ် ကုရ်ဘာန် ခါနာ၏ ညီမ နေကာဟ် ရဲဟ် ဗရ် ဖတ်ပေးခဲ့ပါတယ်။

ဤတွေ့ဆုံမှုတွင် ရှဟီးဒ် မဂျီးဒ် ကုရ်ဘာန်ခါနီ ၏မိသားစု ဝင်များ မှ ၎င်းတို့၏သမီး ဇိုင်နဗ် ကုရ်ဘာန်ခါနီ  ၏နေကာဟ် အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဖတ်ပေးရန် တောင်းခံခဲ့ကြပါတယ်။ ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှလည်း အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ်ဘာရာ တွင် သတို့သမီး ဇိုင်နဗ် ကုရ်ဘာန်ခါနီ   နှင့် သတို့သား အဲဟ်စာန် အသွာ အီ တို့၏ နေကာဟ် ကို ဖတ်ပေးခဲ့ပါတယ်။ ရဲဟ်ဗရ် မှ အိမ်ထောင် သည်ဘဝ အစ အတွက် ဆုံးမစကားများ မိန့်ကြားခဲ့ပါတယ်။ မဟာငွေ မှာ ရွှေဒင်္ဂါးပြား ၁၄ ပြား ဖြစ်ကြောင်း သိရှိရပါတယ်။

နေကာဟ် ဖတ်ပြီးနောက် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ နှစ်ဦးစလုံး၏  ချိုမြိန်သည့် ဘဝ၊ တည်ဆောက်  နိုင်ရန် ချစ်ခြင်းမေတ္တာ၊ ဖြူစင်ရိုးသားမှု တို့ဖြင့်  ချိုမြိန်သောဘဝရရှိကြပြီး ပြည့်စုံကြပါစေကြောင်း  ဒိုအာ တောင်းပေး ခဲ့ပါတယ်။

နေကာဟ် ဖတ်ပြီးနောက် ရှဟီးဒ် ကုရ်ဘာန် ခါနီ ၏ ဖခင် မှ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ထံ မိမိ၏ ဇနီး အား ဝမ်းနည်း ခြင်း အဝတ်အစားဝတ်နေခြင်းကို အခု အချိန်မှ ပြောင်းပေးဖို့ မိန့်ကြားပေးရန် တောင်းဆိုခဲ့ ပါတယ်။ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှလည်း ရှဟီးဒ် ကုရ်ဘာန် ခါနီ ၏ မိခင်အား အဝတ်ပြောင်း ဝတ်ပေးရန် မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ကျွန်ုပ်တို့ ဆီမှာ အဖြစ်မှန် ကို ကြည့်နိုင်သည့် မျက်လုံး မရှိကြောင်း ကန့်သတ်ချက်ရှိသည့် မျက်လုံး သာ ရှိကြောင်း မဟုတ်ရင် ကျွန်ုပ်တို့၏ မျက်လုံး များသည် ရှဟီးဒ် တို့ ၏ အဆင့်အတန်း အစစ်အမှန် ကို အမှန်တကယ် တွေ့မြင်ရမည် ဖြစ်ပြီး၎င်းတို့ ၏ အခြေအနေအပေါ် ကျေနပ်ပျော်ရွှင် မည်ဖြစ်ပြီး ဝမ်းနည်း မည် မဟုတ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

ရှဟီးဒ် မဂျီးဒ် ကိုဘာန် ခါနီ သည် သခင်မကြီး ဇိုင်နဗ် (စ.အ) နှင့် သခင်မလေး စကီနာ (စ.အ) စသည် အဖိုးတန် သာသနာ့ အမွေအနှစ်များ ကို ၂၀၁၅ ခုနှစ် တွင် ကာကွယ်ရင်း ၂၅ နှစ် အရွယ် တွင် ဆီးရီးယားနိုင်ငံ  ခန်းသူဖန် ဒေသ တွင် ရှဟီးဒ် ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်း၏ သန့်ရှင်းသည့် ရုပ်အလောင်း သည် သုံး နှစ်ကြာပြီး မှ နေရပ်သို့ ပြန်ရောက်လာ ပါတယ်။ ၎င်း သည် တီဟီရန် မြို့တော် ၏ တောင်ပိုင်း ယာဖသ် အာဗါဒ် ဒေသတွင် နေထိုင်သူ ဖြစ်ပါတယ်။ ကရ်ဗလာ နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) သို့ ဇေယာရသ် ခရီး သွားပြီးနောက် ၎င်း အတွင်း နာမ်ပိုင်းဆိုင်ရာ ပြောင်းသွားပြီး နောက် ဆုံး မြင့်မား သည့် ရှဟီးဒ် ဘွဲ့ကို ခံယူခဲ့ခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251