အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၁ ဇွန် ၂၀၂၃

၁၆:၅၄:၀၁
1374573

ကျိုက်မရော NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် ၃၊ ဗညားဒလမ်းမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် နေအိမ်ကို ဇွန် ၂၀ ရက် ညနေက စစ်ကောင်စီတပ်နဲ့ ရဲတွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် ၃၊ ဗညားဒလမ်းမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် နေအိမ်ကို ဇွန် ၂၀ ရက် ညနေက စစ်ကောင်စီတပ်နဲ့ ရဲတွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်

ဒေါ်ခင်မျိုးမြင့်နေအိမ်ကို မနေ့ညနေ သုံးနာရီခွဲက စစ်ကောင်စီတပ်၊ ရဲနဲ့ ထွေအုပ်ရုံးက လူအင်အားအများအပြားနဲ့ လာရောက်ချိပ်ပိတ်သွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်က လူမနေတာကြာပြီ။ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ရဲစခန်းက အမှုဖွင့်ထားတော့ ရှောင်နေတာ။”

ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ ကျိုက်မရောမြို့မရဲစခန်းက ပြီးခဲ့တဲ့နှစ်မှာ အမှုဖွင့်ထားတာပါ။

ဒေါ်ခင်မျိုးမြင့်ဟာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် ၁ ကနေ NLD ကိုယ်စားပြုပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ နှစ်ကြိမ်တိုင် အနိုင်ရရှိထားသူလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ သံဖြူဇရပ်၊ ပေါင်၊ မုဒုံ၊ သထုံနဲ့ ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဇွန် ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ် ၆၂၅ လုံးကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

****************************************************************
END / 251