အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၂ ဇွန် ၂၀၂၃

၂၀:၃၄:၁၆
1374781

နယ်စပ်ရှိ တပ်စခန်းများဆုတ်ခွာရန် ထိုင်းတောင်းဆိုချက် UWSA ပယ်ချ

မြန်မာ-ထိုင်း နယ်နိမိတ်စည်းမျဉ်းအနားရှိ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းအစိုးရရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက တုံ့ပြန်ပါတယ်။

အဲဟ့်ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာ-ထိုင်း နယ်နိမိတ်စည်းမျဉ်းအနားရှိ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းအစိုးရရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့  UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီက တုံ့ပြန်ပါတယ်။

ဇွန်လ ၁၉ ရက်က တာချီလိတ်မြို့မှာကျင်းပခဲ့တဲ့ မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် TBC အစည်းအဝေးမှာ ထိုင်းဘက်က မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်တာပါ။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး UWSA တာဝန်ရှိသူက  “တပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်းမှာ တည်ရှိနေတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာပဲ ရှိနေပြီး မိမိဒေသ မိမိကာကွယ်တာဖြစ်တယ်”လို့ ‘ဝ’ မီဒီယာWa Channel ကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ TBC အစည်းအဝေးမှာ နှစ်နိုင်ငံလုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာကိစ္စတွေ၊ တရားမဝင် မော်တော်ယာဉ်၊ လက်နက်၊ မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူတဲ့ကိစ္စတွေ အပါအဝင် ထိုင်းနိုင်ငံဘက်က အချက် ၁၈ ချက် မြန်မာနိုင်ငံဘက်က အချက် ၃၈ ချက်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက ဖော်ပြပါတယ်။


****************************************************************
END / 251