အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၅ ဇွန် ၂၀၂၃

၀၄:၀၈:၂၅
1375154

ဆော်ဒီအာရေးဗီးယားသို့ ဟဂျ်ပြုရန် ၁၅ သိန်းရောက်ရှိလာပြီး မတ်စ်ဂျစ်ဒိုဟရာမ် ဝတ်ကျောင်းတော်တွင် သောကြာ နမာဇ် ဝတ်ပြုကြ

ဆော်ဒီအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း လေကြောင်းနှင့် ကုန်းကြောင်းဖြင့် ဟဂျ်ပြုရန် လာရောက်သူ အရေအတွက်မှာ ၁၅ သိန်းအထိ ရှိလာပြီဖြစ်ကြောင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အလ် ဂျဇီးရဟ် သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ ဆော်ဒီအာရေးဗီးယား၏ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ အဆိုအရ အလ္လာဟ့် အိမ်တော် သို့ ဟဂျ်ပြုရန် လေကြောင်းနှင့် ကုန်းကြောင်းဖြင့် ရောက်ရှိလာကြပြီး ဖြစ်ကြောင်း ယခုအချိန် အထိ ရောက်ရှိ လာသူ ၏ အရေအတွက် မှာ ၁၅ သိန်း ကျော် နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

ဆော်ဒီဟဂ်ျနှင့် အုမရဟ် ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ နိုင်ငံပေါင်း ၁၆၀ ကျော်မှ ဘုရားဖူး ၂.၃ သန်းသည် ယခုနှစ် ဟဂျ် ၏ တာဝန်များကို ထမ်းဆောင် ကြမည်ဖြစ်ပါတယ်။ ဟဂျ်ပြုလုပ်သူများ ၏ အရေအတွက်ကို ထည့်သွင်းစဉ်းစားကာ လုံခြုံရေးအတွက် အာဏာပိုင်များက ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းသိရှိ ရပါတယ်။

ပြီးခဲ့သည့်နှစ်တွင် ကိုရိုနာ၏ စည်းမျဉ်းများနှင့် ကြိုတင်ကာကွယ်မှုများကြောင့် လူကိုးသိန်းသည် ဟဂျ် ၏ တာဝန်များကို ထမ်းဆောင် နိုင်ခဲ့ပါတယ်။

သောကြာနေ့ တွင်သောကြာနမာဇ်အား သန်းပေါင်းများစွာသော ဟဂျ်ပြုသူများ မှ  မတ်စ်ဂျစ်ဒိုဟရာမ် ဝတ်ကျောင်း တော်တွင် စုပေါင်း ဝတ်ပြုခဲ့ကြပါတယ်။ မတ်စ်ဂျစ်ဒိုဟရာမ် ဝတ်ကျောင်းတော် ဝင်းအတွင်းရှိ ဟဂျ်ပြု သူများ ၏ ဝတ်ပြုခြင်း နှင့် သဝါဖ် ပြုခြင်း မြင်ကွင်းများသည် အံ့မခန်းပင် ဖြစ်ပါတယ်။

ဆော်ဒီအာဏာပိုင်များသည် မတ်စ်ဂျစ်ဒိုဟရာမ် ဝတ်ကျောင်း တော် အစိတ်အပိုင်း အသီးသီးတွင်  သောကြာ ခွသ်ဗာ အား အင်္ဂလိပ်၊ ပါရှန်း၊ ပါရှ်တို၊ တူရကီ၊ ပြင်သစ်နှင့် အခြားဘာသာစကားများသို့ ဘာသာပြန်ဆိုနေ သည့် စက်ရုပ်များ ကို စီစဥ် ပေးထားကြောင်း သိရှိ ရပါတယ်။

ဟရမိုင်းနေရှရီဖိုင်း အုပ်ချုပ်ရေးရေးရာအကြီးအကဲ ဖြစ်သူ ရှိက်ခ် အဗ်ဒိုရ်ရဟ်မန် အလ်စဒီးစ် မှ သောကြာနေ့ တွင်သောကြာနမာဇ် ဝတ်ပြုသူ မှာ ၁၂ သိန်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကိုရိုနာ ဖြစ်ပွား ပြီးနောက်  ယခု အချိန် အထိ လူဦးရေ အများဆုံး  ဝတ်ပြု မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251